နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ စရဖ တပ်ဆွယ်မှူး ထွန်းထွန်းလင်းမှ ဒေသခံများ အပေါ် လူမဆန်စွာ ယုတ်မာနေ

RB News
23.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ အခြေစိုက် စရဖ တပ်ဆွယ်မှ တပ်ဆွယ်မှူး ထွန်းထွန်းလင်းသည် ဒေသခံ ရိုဟင်ဂျာ များအပေါ် လူမဆန်စွာ ယုတ်မာ၍ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မုဒိန်းမှုများ ကျူးလွန်ခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

စရဖ တပ်ဆွယ်မှူး ထွန်းထွန်းလင်းသည် အပြစ်မဲ့ ဒေသခံ များကို ဖမ်းဆီး၍ စရဖ တပ်ဆွယ်ရုံး သို့ခေါ်၍ လူမဆန်စွာ ရိုက်နှက်ခြင်း၊ ခြောက်ပေါက် ထိပ်တုံးထဲသို့ခြေထောက် များထည့် ထား၍ နှိပ်စက် ခြင်း၊ ခေါင်း မှ အ၀တ်စွတ်၍ အသက်ရှု မ၀အောင်ပြုလုပ်ပြီး ရိုက်နှက်ခြင်း၊ စရဖရုံးသို့ ခေါ်သွားသည့် အချိန်တွင် လည်း မော်တော် ဆိုင် ကယ် စီးသည့် ပုံစံ ပြုလုပ် ခိုင်း၍ ခေါ်ဆောင် သွားခြင်း၊ စသည်ဖြင့် တိရစ္ဆာန် သ ဖွယ် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

၎င်းသည် တောင်ပြို လက်ဝဲ မြို့နယ်ခွဲသို့ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဒုတိယ အကြိမ် ရောက်ရှိ လာ ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ပထမ အကြိမ် တာဝန် ထမ်းဆောင်စဉ် ကာလ အတွင်း တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ဒေးပိုင်ညှာ ရာမျိုး ကာရာ ရွာနေ အိမ်အမှတ် (--) မှ အမည် မဖော် လိုသူ၏ နေအိမ်သို့ ၎င်း ၏ မွေးစား တပည့် ဖြစ်သူ တစ်ဦးနှင့် သွားရောက်၍ မလေးရှားမှ ရိုဟင်ဂျာ အမျိုးသား တစ်ဦးနှင့် စေ့ စပ် ထားသော မိန်းကလေးကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး တစ်ညလုံး စိတ်တိုင်း ကျ ပြုလုပ်၍ နံနက် မိုး လင်း ခါနီးတွင် ပြန်လည် လွှတ်ပေး ခဲ့သည်။ ထိုကဲ့သို့ လူမဆန်သည့် လုပ်ရပ်ကြောင့် မိသားစု တစ်ခုလုံး အရှက် ရပြီး တစ်ဖက် နိုင်ငံသို့ ထိုနေ့ နေ့လည်ပိုင်းတွင် ထွက်ပြေး သွားခဲ့ ကြသည်။ ဤသို့ လုပ်ရပ်ပေါင်း များ စွာ ပြုလုပ် ခဲ့သော်လည်း အနိုင်ကျင့် ခံရသည့် မိသားစု များမှ ၎င်းတို့၏ အရှက် သိက္ခာကြောင့် ပြင်ပသို့ မဖွင့်ဟဘဲ တြိတ်မှိတ် ခံနေသည့် မိသားစု များစွာ တောင်ပြို လက်ဝဲတွင် ရှိကြောင်း သိရှိ ရပါသည်။ 

ယခု ဒုတိယ အကြိမ်တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ရောက်ရှိလာပြီး၊ တပည့်တစ်ဦးနှင့် ယခင်အတိုင်း ညှဉ်း ပန်း နှိပ် စက်ခြင်း၊ ငွေညှစ်ခြင်း များဆက်လက် ပြုလုပ် လျက်ရှိသည်။ စက်တင်ဘာလ (၁၆) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် တောင်ပြို လက်ဝဲ မြို့မ ဈေးတွင်း၌ ဆန်ရောင်းသူ ဦးကမာလ် အဟမတ် (ဘ) ဦးအဒူ အဇီဇ် ကို ထွန်းထွန်းလင်းနှင့် ၎င်း၏တပည့် တို့က ရုံးသို့ ခဏ လိုက်ခဲ့ပါ၊ ဆွေးနွေး စရာ ရှိသည်ဟု ဆိုကာ ခေါ်ဆောင် သွားပြီး၊ ရုံးသို့ ရောက်သည့် အခါ ဆိုင်ကယ် စီးသည့် ပုံစံ လုပ်ခိုင်းခြင်း၊ ခြောက်ပေါက် ထိပ်တုံး ထဲသို့ ခြေထောက် ထည့်၍ အပြစ်ပေးခြင်း၊ ခေါင်းတွင် အ၀တ်စွတ်၍ အသက်ရှု မ၀အောင် လုပ်၍ ရိုက်နှက်ခြင်း၊ တိရစ္ဆာန် ကဲ့သို့ ရိုက်နှက်၍ မဟုတ်မမှန် သည်များကို အတင်း အဓမ္မ ၀န်ခံ ခိုင်းခဲ့သည်။ ဦးကမာလ် အဟမတ် အား လူကုန်ကူးမှု တွင်ပါဝင်သည် ဟု အတင်း ၀န်ခံ ခိုင်းပြီး၊ ၎င်းနှင့် အတူ အခြား ၁၀ ဦး ပါဝင်ကြောင်း လည်း ၀န်ခံ ခိုင်းခဲ့သည်။ ထို့အပြင် စက်တင်ဘာလ (၁၇) ရက်နေ့ နေ့လည်ပိုင်း တွင် ဦးကမာလ် အဟမတ် ထံမှ ငွေကျပ် ၃ သိန်း ယူ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။ ဦးကမာလ် အဟမတ် အား ၀န်ခံ ခိုင်းခဲ့သည့် ၁၀ ဦးကိုလည်း စရဖ ရုံးသို့ လာရန် ဆင့်ခေါ် လိုက်ပြီး၊ ထွန်းထွန်းလင်းက မလာချင် သူများ ၎င်း၏ တပည့် ဖြစ်သူထံ ငွေကျပ် ၅ သိန်းစီ ပေးရန် သတင်းပို့ ထားကြောင်း သိရှိ ရပါသည်။ 

တောင်ပြို လက်ဝဲရှိ ဈေးဆိုင်ခန်း များမှလည်း နေ့စဉ် ဆက်ကြေး သဖွယ် ကောက်ခံ လျက်ရှိသည်။ စရဖ ၏ အဓိက တာဝန်မှာ ပြည်ပမှ သတင်း များကို စုဆောင်း၍ အထက်သို့ တင်ပြ ရခြင်းသာ ဖြစ်သော်လည်း၊ စစ်ဝတ်စုံကို အသုံးချ၍ အာဏာ အလွှဲသုံးစား ပြုလုပ်ပြီး ဒေသခံ များအား လူမဆန်စွာ အနိုင်ကျင့် လျက်ရှိသည်။


Comment ရေးရန်

Rohingya Exodus