နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော စရဖ တပ်ကြပ် သန်းဝင်းမှ အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်နေ

RB News
23.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်ရှိ စစ်ဘက် ရေးရာ လုံခြုံရေး (စရဖ) မှ တပ်ကြပ် သန်းဝင်းသည် အပြစ်မဲ့ ဒေသခံ များအား ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၂၂) ရက်နေ့ နေ့လည် ၃ နာရီ ခန့်တွင် မောင်တော မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ဗိုလ်မှူးရွာ နေ ဦးရှမ်ရှု အာလမ် (အသက် ၄၁ နှစ်) ကို ဘင်္ဘောဆိပ် လမ်းရှိ ၎င်း၏ ဆိုင်သို့ စရဖ တပ်ကြပ် သန်းဝင်း၏ တပည့် တစ်ဦး ရောက်ရှိ လာပြီး၊ မေးမြန်း စရာ ရှိသည်ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့သည်။ စရဖ စခန်းသို့ ရောက်သော အခါ တပ်ကြပ် သန်းဝင်းမှ လူမဆန်စွာ ရိုက်နှက် နှိပ်စက်၍ ငွေကျပ် ၁ သိန်း ညှစ်ယူ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဦးရှမ်ရှု အာလမ်သည် ဘင်္ဘောဆိပ်လမ်းတွင် ဆိုင်ဖွင့်၍ ကောင်းရောင်း ကောင်းဝယ် လုပ်၍ စီးပွား ရှာ နေ သည့် ကုန်သည် တစ်ဦး ဖြစ်သည်။ တပ်ကြပ် သန်းဝင်းသည် ၎င်းအား မည်သည့် အကြောင်း ပြချက် မှ မပြ ဘဲ အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်ခြင်း သာဖြစ်သည်။ 

မောင်တော မြို့ရှိ အခြားသော ကုန်သည် များကို လည်း စရဖနှင့် အခြားသော ဌာန ဆိုင် ရာ များမှ မကြာ ခဏ လူ ကုန်း ကူမှု တွင် ပါဝင်သည်၊ ဘင်္ဂလား ဒေ့ရှ်မှ လက်ကိုင်ဖုန်း သုံးနေသည် ဟူ၍ မဟုတ် မမှန် စွပ် စွဲ ပြီးငွေ ညှစ်ခြင်း၊ ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ခြင်း များပြု လုပ်လျက်ရှိ သည်။ ထိုကဲ့သို့ ပြုလုပ် ခြင်း ကြောင့် ကျေး ရွာ များတွင် စီးပွားရေး လုပ်ကိုင် နေသော ကုန်သည်များ မြို့ပေါ်တက်ရန် ပင်ကြောက် လန့် နေကြသည် ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

လူ မဆန် သည့် တပ်ကြပ် သန်းဝင်းနှင့် ပတ်သက်၍ ဒေသခံ ရိုဟင်ဂျာ များက စရဖ တာဝန်ခံ ဗိုလ်ကြီးကို တိုင်ကြားခဲ့ သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက် ငွေညှစ်ရန် လွှတ်ပေး ထားကြောင်း ဒေသခံ များမှ ဆိုသည်။ ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်း များကို အမြန်ဆုံး ရပ်တန့် ပေးရန် ပြည်ထောင်စု အစိုးရနှင့် ပြည်ထဲရေး ၀န်ကြီး ဌာနတွင် တာဝန် ရှိသည့် အ တွက် ဒေသခံ များမှ နိုင်ငံတော် အစိုးရအား အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးပါ ရန် တောင်း ဆိုကြောင်း RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus