နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့တွင် မွတ်စလင် အိမ်နှစ်လုံး မီးရှို့ခံရ၊ ထပ်မံ အကြမ်းဖက် နိုင်ရန် ဆိုက်ကား နှစ်စီး မီးရှို့၍ လုပ်ကြံ

အပုချေ (မာန်အောင်ကျွန်း)
RB News
1.9.2013

သံတွဲ ။ ။ သံတွဲမြို့ ငန်းကျွန်းရွာရှိ ဦးစောထွန်းနှင့် ကိုကုလား (ခ) ကိုစိုးမင်းအောင် တို့၏ နေအိမ် များကို ယနေ့ နံနက် ၁း၁၅ အချိန်တွင် အကြမ်းဖက် သမား ၃၀ ဦးခန့် လာရောက်၍ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ထိုသို့ မီးရှို့ ဖျက်ဆီးမှုကို ရဲစခန်းသို့ အချိန်မှီ အကြောင်းကြား ခဲ့သော်လည်း မိုးလင်းသည့် အချိန်ထိ ရဲ များ ရောက်ရှိ မလာခဲ့ ကြောင်း သိရှိရသည်။ မီးရှို့ခံ ရသည့်အိမ် များမှာ နံနက် မိုးလင်းသည့် အချိန်ထိ မီးလောင် နေခဲ့သည်။

ယနေ့ ည ၈ နာရီ ၀န်းကျင် ခန့်တွင် ဗောဓိကုန်း၊ အမှတ် (၅) ရပ်ကွက်ရှိ ကိုသက်ခိုင် ၏ အရက်ဆိုင် (ဗော ဓိကုန်း အရက်ဆိုင်) ရှေ့တွင် ဆိုက်ကား ၂ စီးကို သံတွဲမြို့ခံ မဟုတ်သည့် စစ်တွေ ဘက်မှ ရခိုင် လူမျိုး ဆိုက်ကား သမား များမှ မိမိတို့ ဆိုက်ကား များကို မိမိတို့ ဘာသာ မီးရှို့ခဲ့ ကြသည်။ ၎င်းမီးရှို့မှုကို ရဲများမှ လာရောက် မီးငြိမ်းသတ် ပေးခဲ့သည်။ ဆိုက်ကား ၂ စီးကို မီးရှို့ရန် စီစဉ်သူ များဖြစ်သည့် ကိုသက်ခိုင် (ဗောဓိကုန်း အရက်ဆိုင်) နှင့် ငမိုက် (ဗောဓိကုန်း) တို့အဖွဲ့သား များကို ရဲများက ဖမ်းဆီးသွား သော်လည်း၊ စစ်ဆေးပြီး ချက်ချင်း ပြန်လွှတ် ပေးလိုက်ကြောင်း သိရှိ ရပါသည်။ 

သြဂုတ်လ (၂၆) ရက်နေ့က အကြမ်းဖက်မှု မပြုလုပ် နိုင်ခဲ့သည်ကို မကျေနပ်၍ ယနေ့ည အကြမ်းဖက်မှု များဖြစ်ပေါ် လာရန် ဆိုက်ကားများ မီးရှို့၍ မွတ်စလင် များအား ပြုလုပ်သည်ဟု ၀ါဒဖြန့် နိုင်ရန် စီစဉ် ခဲ့ခြင်း သာ ဖြစ်ကြောင်း သံတွဲမြို့ ဒေသခံ တစ်ဦးမှ ပြောပါသည်။ 

သံတွဲမြို့မှ စက်ဆရာ တစ်ဦးဖြစ်သည့် ကိုကျော်နိုင်သည် ရန်ကုန်မြို့သို့ ခရီးသွား လျက်ရှိရာ ယမန်နေ့ ညနေ ၆း၅၀ အချိန်တွင် ၎င်း၏ သံတွဲမြို့ နေအိမ်သို့ ပြန်လည် ရောက်ရှိ ခဲ့သည်။ သံတွဲမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ည ၇ နာရီမှ မနက် ၅ နာရီ ထိ ထုတ်ပြန် ထားသည့် အတွက် ရဲအောင် လံ ကျော်ကျော်၊ ၀င်းကိုလေး (RNDP) နှင့် ထွန်းထွန်းနိုင် (RNDP) တို့မှ စက်ဆရာ ကိုကျော်နိုင်မှာ ည ၇ နာရီ ကျော်မှ နေအိမ်သို့ ပြန်ရောက် သည်ဟု လုပ်ကြံ၍ ရဲစခန်းသို့ တိုင်ကြား အမှုဖွင့် ထားကြောင်း သိရှိ ရပါသည်။ 

ညမထွက်ရ အချိန်တွင် မွတ်စလင်များ ၅ မိနစ်စွန်း၍ အပြင်တွင် ရှိနေလျှင် အာဏာပိုင် များမှ မပျက် မကွက် အရေး ယူခဲ့သော်လည်း ရဲအောင်လံ ကျော်ကျော်နှင့် RNDP အဖွဲ့သားများ ညမထွက်ရ အချိန်တွင် အကြမ်းဖက် မှုများ ပြုလုပ်ရန် ညအချိန် မတော် သွားလာမှု များရှိခဲ့သော်လည်း သံတွဲမြို့ အာဏာပိုင် များမှ အရေးယူ ဆောင်ရွက် ခြင်း မရှိခဲ့ကြောင်း ဒေသခံ များက ဆိုသည်။ 

ယခု စက်တင်ဘာလ မှစ၍ ညမထွက်ရ အမိန့်ကို ည ၉ နာရီမှ မနက် ၅ နာရီထိ ပြင်ဆင် သတ်မှတ် လိုက်ကြောင်း သိရှိ ရသည်။ 

သံတွဲမြို့တွင် မွတ်စလင် များကို အကြမ်းဖက် လုပ်ငန်းများ ဦးဆောင် နေသူနှင့် တောင်ကုတ် မြို့တွင် ယ မန်နှစ်က မွတ်စလင် ခရီးသွားများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အမှုတွင် ဦးဆောင်ခဲ့သူ ရဲအောင် လံကျော်ကျော် သည် ယနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ လေကြောင်းဖြင့် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

သံတွဲ ဒေသခံများက အကြမ်းဖက် မှုများတွင် ဦးဆောင် လှုပ်ရှား နေသည်ကို အာဏာပိုင် များမှ သိရှိလျက် ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင် နိုင်ရန် အစိုးရမှ ခွင့်ပြုခြင်းသည် သွေးရိုး သားရိုး မဖြစ်နိုင်ကြောင်း သံ သယ ဖြစ်နေ ကြသည်။ 


Comment ရေးရန်

Rohingya Exodus