နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်မရှိ ဗမာသာရှိ၊ ရိုဟင်ဂျာမရှိ ဘင်္ဂလီသာရှိ

မောင်အာသာ (arakan@email.com)
RB News
3.12.2013

ရိုဟင်ဂျာ မရှိ၊ ဘင်္ဂလီ သာရှိသည်ဟု ဆိုလျှင် ရခိုင် မရှိ၊ ဗမာသာ ရှိသည်ဟု ဆိုရ ပေလိမ့်မည်။ 

ဟုတ်ပါတယ်။ ရိုဟင်ဂျာ ကုလား၊ ဘန်ဂေါလီ (ဗမာ အခေါ်- ဘင်္ဂလီ) ကုလား၊ အိန္ဒိယ ကုလားတွေ ဆင်တူ ကြသည် ဆိုသည်မှာ ငြင်းပယ်လို့ မရတဲ့ အချက်ပါ။ သူတို့ အားလုံးဟာ တူညီတဲ့ အင်ဒို- အာရီယာန် အနွယ်က ဆင်းသက် လာတာကြောင့် မို့လို့ပါ။ သမိုင်းကြောင်း အရ အာရ်ကာန် (ယခုခေါ်- ရခိုင်) ဒေသရဲ့ မူရင်း ဒေသခံ တွေဟာ အရင်ခေတ် တုန်းက ဘယ်သာသနာ ဘာသာကို ကိုးကွယ် ကျင့်သုံးခဲ့ ပါစေ အင် ဒို-အာရီယာန် လူမျိုးများသာ ဖြစ်တယ် ဆိုတာကို စိတ်မမှန်၊ မူမမှန်တဲ့ သမိုင်း ဆရာများက လွှဲပြီး အခြား မည်သူ တစ်ဦး တစ်ယောက် ကမှ ငြင်းပယ် ကြမှာ မဟုတ်ဘူး။ အဲဒါ အပြင် အာရ်ကာန် ဒေသရဲ့ အစော ဆုံး လူမျိုး တွေဟာ ဘင်္ဂလားနဲ့ ဆင်တူတဲ့ လူမျိုးများ ဖြစ်ကြောင်းကို ကမ္ဘာကျော် သမိုင်းဆရာ များက အ ခိုင် အမာ ဆိုကြတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာနဲ့ ဘန်ဂေါလီ တို့ဟာ ကမ္ဘာ့ အခြား အခြား နှစ်နိုင်ငံ နယ်နိမိတ် ကြားနေ လူမျိုးများ ကဲ့သို့ သမိုင်းကြောင်း အရ ဆက်နွယ် နေတာကြောင့် သော်လည်းကောင်း၊ နယ်နိမိတ် အားဖြင့် ထိစပ် နေသောကြောင့် သော်လည်းကောင်း၊ ဆင်တူနေ ကြတာက အထူး အဆန်း တစ်ခု မ ဟုတ်ဘူး။ အကယ်၍ တစ်မျိုးနဲ့ တစ်မျိုး မတူညီ ခြားနား နေမှသာလျှင် မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။

အလားတူ ရခိုင်နဲ့ ဗမာ တို့ဟာ သွေးချင်း လည်းတူ၊ လူမျိုး လည်းတူ၊ ယဉ်ကျေးမှု လည်းတူ၊ ပြောဆို သုံးနှုံးတဲ့ စကားလည်း ဆင်တူ၊ ကိုးကွယ်တဲ့ ဘာသာ အားဖြင့်လည်း တူကြတာက ဘယ်လိုမှ သံသယ ပွား စရာ မရှိဘူး။ သို့သော် ...... သို့သော် ..... သို့သော် ရခိုင်က ဗမာ လူမျိုးလို့ မခံ ယူချင်ဘဲ ရခိုင် လို့သာ ခံ ယူ ချင်ကြတယ်။ ရခိုင် ဆိုတဲ့ ဝေါဟာရ ဘယ်ကနေ ဘယ်လို ဆင်းသက် လာတယ်၊ ဘယ်လို ဖြစ်တည် လာတယ်လို့ မေးရင်လည်း ဘယ်လိုမှ အခြေ အမြစ် မရှိတဲ့ သတ္တ၀ါ (သမင်) တစ်ပိုင်း လူတစ်ပိုင်း “မာရယု မင်း” ဒဏ္ဍာရီ ပုံပြင်လို ပေါက်ကရ ပြောလေ့ ရှိတာကို တွေ့နေ ရတယ်။ 

အဲဒီလို သမိုင်း အရ သက်သေ မပြ နိုင်တဲ့ ဝေါဟာရ အမည်နာမ တစ်ခုကို အစွဲပြုပြီး ရခိုင် တွေက သီးသန့် လူမျိုး၊ သီးသန့် နယ်မြေ၊ သီးသန့် နိုင်ငံ တစ်ခုကို တောင်းဆို နေကြ တာလည်း များသော အားဖြင့် သိနေ ကြတယ်။ မိမိနဲ့ အများ အားဖြင့် တူညီ နေပြီး ပင်မ လူမျိုးစု ဗမာထဲက ဖြစ်သော် ငြားလည်း ဗမာ အဖြစ် မခံယူဘဲ သီးသန့် ခွဲထွက်ရေး မူဝါဒကို ရခိုင်တွေ ကျင့်သုံး နေကြတယ်။ အမှန် တရားကို လက်ခံပြီး ဗမာ လို့သာ ခံယူ လိုက်ရင်လည်း ရခိုင်တွေ အတွက် အကျိုးရှိရုံ မှအပ အကျိုးယုတ် စရာ ဘာတစ်ခုမှ မရှိဘူး။ အကယ်၍ ရခိုင် လူမျိုး တွေက သီးသန့် ခွဲထွက်ရေး မူဝါဒကိုသာ လက်ကိုင် မထားဘူး ဆိုရင် ဗမာ အဖြစ် မခံယူ နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ 

ရခိုင် လူမျိုးများ သမိုင်းနှင့် ပတ်သက် လာလျှင် ဟိုမရောက်၊ ဒီမရောက် ဖြစ်နေ တာကတော့ သိသာ ထင် ရှား လှပါတယ်။ သူတို့ရဲ့ ပင်မ လူမျိုးစု ဗမာ လူမျိုး တွေရဲ့ ထောက်ခံမှု ရအောင် ဆိုပြီး ရခိုင်များက ဗမာ များနဲ့ အနွယ်တူ Tibeto-Burman (Mongoloid) အနွယ်ဝင်များ လို့ပြောကြတယ်။ သို့ပေမယ့် အဲဒီလို မှန်ကန်တဲ့ အချက် ပေါ်မှာသာ ရပ်တည် မနေကြဘဲ၊ အာရ်ကာန် ဒေသရဲ့ မူလ ဘူတ လူမျိုး တစ်မျိုး အဖြစ် အခိုင် အမာ ပြောဆို နိုင်ဖို့ ရည်ရွယ်ပြီး အင်ဒို- အာရီယာန် (အိန္ဒိယ ကုလား) အနွယ်ဝင် များလို့ အရှက် ကင်းမဲ့စွာ ကြံစည် ပြောဆို ကြပြန်တယ်။ ရခိုင်တွေက အင်ဒို- အာရီယာန် ဟုတ်/ မဟုတ် ဆိုတာကို DNA တောင် စစ်စရာ မလိုဘဲ သူတို့ရဲ့ အပြင်ပိုင်း သဏ္ဍန်ကို ကြည့်ပြီး ခွဲခြား ပြောနိုင် ပါတယ်။ အဲဒီလို မ ဟုတ် တာတွေကို ကြံစည် တာကြောင့် နောက်ဆုံးမှာ ဇတ်သိမ်း မလှ ဖြစ်ကြမယ် ဆိုတာလည်း အမှန် ဘဲ ဖြစ်ပါတယ်။ 

အဲဒါတွေ အပြင် သမိုင်း အထောက် အထား တွေမှာ ရခိုင် လူမျိုးများကို "Magh- မောဂ့်" လို့ သုံးနှုံး ခေါ်ဆို ထားတာ ကိုလည်း တွေရမှာ ဖြစ်ပါတယ်။ အဲဒါက ရခိုင် လူမျိုး နာမည်များ ထဲက တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ယခုခေတ် ရခိုင်များ ကတော့ "မောဂ့်" လို့ လုံးဝ အခေါ်မခံ တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ၁၆ ရာစုနှစ် များမှာ မောဂ့် လူမျိုး တွေက ပေါ်တူဂီ တွေနဲ့ ပူးပေါင်းပြီး ၎င်းတို့နဲ့ အတူ နေထိုင်တဲ့ အာရ်ကာန် ဒေသခံ မွတ်စလင် များကို လုယက်၊ ပင်လယ်မှာ ဓါးပြတိုက်၊ အိမ်နီးနားချင်း ဘင်္ဂလားကို ၀င်ရောက် တိုက်ခိုက် ဖျက်ဆီး၊ အပြစ်မဲ့ လူများကို ဖမ်းဆီး ပြန်ပေးဆွဲ စတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ် ရပ် တွေကြောင့် "မောဂ့်" ဆိုတဲ့ နာမည်ဟာ "ပင်လယ် ဓါးပြ" လိုအသုံး အနှုံးနဲ့ ဆင်တူ ယိုး မှား ဖြစ်လာ ခဲ့ ပါတယ်။ အဲဒါလို ရက်စက် ကြမ်းကြုတ်တဲ့ အပြုအမှု တွေကြောင့် မောဂ့် လူမျိုးတွေ အတွက် ကိုယ့် နာမည် ကိုယ်သုံးရာ မှာတောင်မှ ဂုဏ်သိက္ခာ ညိုးနွမ်း စရာ၊ ရှက်စရာ ဖြစ်လာ ခဲ့တယ်။ 

အခု နောက်ပိုင်းမှာ ရခိုင် လူမျိုး သမိုင်း ပညာရှင် တွေက လုပ်ကြံ ဖန်တီး ထားတဲ့ ဒဏ္ဍာရီ ဇတ် လမ်း တွေ ကို သမိုင်းမှန် အဖြစ် အများ လက်ခံ လာအောင် ကြံစည်ရင်း ဆောက်တည်ရာ မရ ဖြစ်နေကြပြီး ကိုယ့် ကိုကိုယ် အမည် နာမ အမျိုးမျိုး ခေါ်ဝေါ် နေကြတာ ကလည်း အားလုံး အသိဘဲ ဖြစ်ပါ တယ်။ မြန် မာလို ဆိုရင် ရခိုင်၊ အင်္ဂလိပ် ဆိုရင် အာရ်ကာန် (အာရ်ကာန် - Arakan - နေရာ ဒေသ အခေါ် အဝေါ်)၊ အာရ် ကာန် နိစ် (အာရ်ကာ နီစ်- Arakanese- အာရ်ကာန် ဒေသတွင် နေထိုင်သော လူမျိုးစုများ အားလုံးကို ကိုယ်စား ပြုသော အမည်) စသည်ဖြင့် အမျိုးမျိုး အမြီးမရှိ ခေါင်းမရှိ ပေါက်ကရ ခေါ်ဝေါ် နေကြ ပြန်တယ်။ လူမျိုး တစ်မျိုးရဲ့ အမည် နာမ တစ်ခုဟာ အဲဒီ လူမျိုးနဲ့ သာဆိုင်တဲ့ ကိုယ်ပိုင် နာမ် တစ်ခု ဖြစ်ပြီး အင်္ဂလိပ် ဘာသာ (သို့မဟုတ်) တစ်ခြား ဘာသာ တစ်ခုမှာ ကြိုက်သလို ဘာသာပြန် ရေးသားလို့ မရဘူး။ ဗမာကို အင်္ဂလိပ်လို “Bama” လို့သာ ရေးရမယ်၊ မြန်မာကို “Myanmar” လို့ရေးရမှာပါ။ အိန္ဒိယကို အင်္ဂလိပ်လို (India)၊မြန်မာ လိုပါ “အိန္ဒိယ” လို့သာ ရေးရမှာ ဖြစ်ပြီး “American” ကို မြန်မာလို အမေရိကန်လို့ သာ ရေး ရမှာ ဖြစ်ပါတယ်။ 

အဆိုးဆုံး ကတော့ "အာရ်ကာန်" ဆိုတဲ့ ဝေါဟာရက အင်္ဂလိပ် အသုံး အနှုံး တစ်ခု မဟုတ်ဘူး။ အဲဒါ ဆိုရင် ရခိုင်တွေက ဘာကြောင့် သူတို့ရဲ့ လူမျိုး နာမည်ကို မြန်မာလို တစ်မျိုး၊ အင်္ဂလိပ် တစ်မျိုး သုံးနေရ သလဲ? စဉ်းစား ကြည့်ကြပါ။ 

အဲဒီလို လူမျိုးနာမည် အမျိုးမျိုး သုံးနေတဲ့ ရခိုင်တွေကို ခင်ဗျားတို့ အဲဒီလို လုပ်ခွင့် မရှိဘူးလို့ အာရ် ကာန် ဒေသရဲ့ မွတ်စလင် တွေက ဘယ်တုန်းကမှ စောဒကတက်၊ ကန့်ကွက် တာမျိုး လုံးဝ မရှိ ခဲ့ဘူး။ အဲဒီ မွတ်စလင်တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ၎င်းတို့ရဲ့ သမိုင်းဝင် လူမျိုး နာ မည် ဖြစ်တဲ့ “ရိုအင်ဂါး (သို့မဟုတ်) ရိုဟင်ဂျာ (ယခုခေါ်)” ကိုပြန်လည် အသုံးပြု လာခဲ့တယ်။ အဲဒီလို သုံးစွဲ လာခြင်းကို အထူးသဖြင့် ၂၀၁၀ ခုနှစ် နောက်ပိုင်းက စပြီး ရခိုင် အစွန်းရောက် ခွဲထွက်ရေး ၀ါဒီ တွေက လူမျိုး တုန်း စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကန့်ကွက် နေတာ အခုထိ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လက စ ပြီး နိုင် ငံရေး အကျိုး အမြတ် အတွက် ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ဖွတ် အစိုးရနဲ့ ပူးပေါင်းပြီး ရိုဟင် ဂျာတွေ ကို ရက်ရက် စက်စက် လူမဆန်စွာ လူမျိုးတုန်း သတ်ဖြတ်နေတာဟာ တိရစ္ဆာန်ဆရာဝန် ဦးအေးမောင် ဦးဆောင် တဲ့ RNDP အစွန်းရောက် ခွဲထွက်ရေး ၀ါဒီများပင် ဖြစ်ပါတယ်။ နိုင်ငံရေး အကျိုး အမြတ် အတွက် ပြည်မမှာ ရှိတဲ့ ရိုးသား ဖြောင့်မတ်တဲ့ ဗုဒ္ဓ ဘာသာဝင် တွေကို လူမျိုးရေး၊ ဘာသာရေး၊ အချုပ် အခြာ အာဏာကို ထိခိုက် အန္တရာယ်ပြုနေတယ် ဆိုတဲ့ခေါင်းစဉ်နဲ့ လိမ်လည် ၀ါဒဖြန့်ပြီးရိုဟင် ဂျာ တွေကို၊ မွတ်စလင် တွေကို ရန်သူ အဖြစ် မြင်လာအောင် ပရိယာယ် အကွက်ဆင် အ ဆိပ် မွှေးပေး သူ တွေ ကလည်း အဲဒီ လူ တွေ ဘဲ ဖြစ်ပါတယ်။ 

ယခု အခါ အာရ်ကာန် (ရခိုင်) ဒေသ မှာရှိတဲ့ (မူရင်း လူမျိုး အင်ဒို- အာရီယာန် များ၏ မျိုးနွယ်) ရိုဟင် ဂျာ တွေကို (၎င်းတို့၏ သမိုင်းဝင် နာမည်) “ရိုဟင်ဂျာ” နာမည်နဲ့ လက်မခံနိုင်၊ နိုင်ငံသား မပေးနိုင်၊ (၎င်းတို့နှင့်မဆိုင်သော)“ဘင်္ဂလီ”နဲ့သာ နိုင်ငံသားပေးနိုင်မယ်လို့ဦးသိန်းစိန်အစိုးရနဲ့ရခိုင်အ စွန်းရောက် တွေ က ကန့်ကွက် ပြောဆို ပြုမှု နေတာတွေက အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး၊ အားနည်း တဲ့ လူမျိုးစု ကို နိုင်လို မင်းထက် ဗိုလ်ကျ နေခြင်းသာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် နိဂုံး အားဖြင့် ပြောချင်တာက - ရိုဟင်ဂျာနဲ့ တစ်ဖက် နိုင်ငံက ဘင်္ဂလီတို့ တူညီတာထက် အ ဆပေါင်း များစွာ ဗမာ လူမျိုး များနဲ့ ပိုပြီး တူညီ နေတဲ့ ရခိုင် တွေက “ရခိုင် မရှိ၊ ဗမာသာ ရှိ၏” လို့ဆို နိုင် မယ် ဆိုရင် ရိုဟင်ဂျာ တွေကလည်း “ရိုဟင်ဂျာ မရှိ၊ ဘင်္ဂလီသာ ရှိ၏” လို့ ပြောဆို ရေးမှာ ၀န်လေးမှာ မဟုတ်ဘူး။ အလားတူ ရခိုင်များက “ရခိုင်သည် သီးသန့် လူမျိုးစု မဟုတ်၊ ဗမာနှင့် တစ်မျိုး တည်း ဖြစ် သည်” လို့ ခံယူ နိုင်ရင် ရိုဟင်ဂျာ တွေကလည်း “ရိုဟင်ဂျာသည် သီးသန့် လူမျိုးစု မဟုတ်၊ ဘင်္ဂလီနှင့် တစ် မျိုးတည်း ဖြစ်သည်” လို့ ခံယူနိုင် လိမ့်မယ်လို့ သုံးသပ်အပ် ပါကြောင်း။ ။


Comment ရေးရန်

Rohingya Exodus