နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP နှင့် မ.က.ဖ တို့၏ စစ်ဆေးမှုကို ငြင်းဆန်သည့် ကြိမ်ကျောင်း ရွာသားများ ဖမ်းဆီးခံရ



MYARF
RB News
28.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ရောက်ရှိပြီး ၎င်းတို့၏ စစ်ဆေးမှုကို ငြင်းဆန်သူ များကို ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ အဖွဲ့ဝင်များ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စုရှိ ကားဂိတ်သို့ ရောက်ရှိလာပြီး၊ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ စစ်ဆေးခံသူ များကို ချက်ချင်း ပြန်လည် လွှတ်ပေးခဲ့သော်လည်း စစ်ဆေးခံရန် ငြင်းဆန်သူများကို ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်း ဖမ်းဆီးခံရပြီး ကြိမ်ချောင်း ရဲစခန်းတွင် ချုပ်နှောင်ခံထား ရသူများမှာ --

(၁) ဦးအာယုဘ် (ဘ) ဦးဒူဒူမျာ
(၂) ဦးဆောဒါမ် (ဘ) ဦးဇူဘိုင်ရ်
(၃) ဦးရှော်ဖီအုလ္လာ (ဘ) ဦးမာမတ်ဆီဒိတ်
(၄) ဦးအဲခ်ဘာလ် (ဘ) ဦးအာလ်တာဟူစိန်း
(၅) ဦးအာဘူလ်ဟူစိန်း (ဘ) ဦးလေဒူးမျာ
(၆) ဦးဟာဆူမျာ (ဘ) ဦးရှိုက်ရ်မိုဟာမတ် -- တို့ဖြစ်သည်။

ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင်ခံထား ရသူများ ထဲမှ ဦးဟာဆူမျာ၏ နေအိမ်သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ အဖွဲ့ဝင်များ ၀င်ရောက်၍ ဦးဟာဆူမျာ၏ သမီး ဦးခေါင်းကို သေနတ်ဖြင့် ထုရိုက်ခဲ့ရာ ခေါင်းကွဲ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က လူဦးရေ စာရင်းဟု ခေါင်းစဉ်တပ် အမည်ခံကာ စစ်ဆေးလျက် ရှိသော်လည်း အမှန်တကယ်တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင် လျက်ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန် နေခြင်း ဖြစ်ပြီး၊ ယခု တလောတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အင်အားသုံး၍ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အိမ်ထောင်စု စာရင်းများကို လိမ်လည်၍ သိမ်းဆည်းခြင်းများ နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus