နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်၊ ဖရုံချောင်း မူလွန်ကျောင်းမှ ကျောင်းသားများ ပညာရေး နစ်နာလျက်ရှိ




MYARF
RB News
21.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ရခိုင်ရွာရှိ မူလတန်း လွန်ကျောင်းရှိ ကျောင်းသား/သူ များကို ဆရာ/မ များက ပညာသင်ကြား ပေးခြင်း မရှိသည့် အတွက် ပညာရေး နစ်နာလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်စု၊ ရခိုင်ရွာရှိ မူလတန်း လွန်ကျောင်းတွင် ဆရာ/မ (၇) ဦး ရှိပြီး၊ ကျောင်းသား/သူ ၆၀၀ နီးပါး ရှိသည့်အနက် ရခိုင်လူမျိုး ကျောင်းသား/သူ ၅၀ ကျော်သာ ဖြစ်ပြီး၊ ကျန်သည့် ၅၀၀ ကျော်မှာ ရိုဟင်ဂျာ လူမျိုး ကျောင်းသား/သူ များ ဖြစ်ကြသည်။ ကျောင်းအုပ်ကြီး ဖြစ်သူမှာ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၏ ဇနီး ဒေါ်ဦးမြသိန်း ဖြစ်ကြောင်း သိရှိရပါသည်။

ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ/မ (၇) ဦး စလုံးသည် ကျောင်းသို့ ပုံမှန် လာရောက်ခြင်း မရှိသည့် အပြင် ကျောင်းစတင် ဖွင့်လှစ်သည့် နေ့မှစ၍ ကျောင်းတွင် စာသင်ကြားခြင်း မရှိဘဲ ၀ိုင်း၍ စကားပြောခြင်းဖြင့် စာသင်ချိန်များ ပျက်ကွက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် ယခုနှစ် စာသင်နှစ် အတွက် အစိုးရမှ ထောက်ပံ့ ပေးခဲ့သည့် ပုံနှိပ်စာအုပ်များနှင့် ဗလာ စာအုပ်များကို ကျောင်းအုပ်ကြီး ဒေါ်ဦးမြသိန်းက ကျောင်းသား/သူ များကို အပြည့်အစုံ မပေးဘဲ အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ UNICEF မှ မူလတန်း ကျောင်းသား/သူ များအတွက် ထောက်ပံ့သည့် ငွေကျပ် ၁၀၀၀ စီကိုလည်း ကျောင်းသား/သူ များအား ပေးအပ်ခြင်း မရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus