November 10, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လိပ်ရ အခြေစိုက် BGP တပ်ဖွဲ့ဝင်များက မတရား ဖမ်းဆီး ငွေညှစ်၊ လုယက်



Rohingya Eye
RB News
21.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်တောင်း ကျေးရွာ အုပ်စု၊ ရွာသစ်ရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်၍ ဒေသခံ ရွာသား များကို မတရား ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာ အခြေစိုက် နယ်မြေ (၄) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦးတို့သည် ကျောက်တောင်း (ရှိတ်ခါလီ) ကျေးရွာ အုပ်စု၊ ရွာသစ်ရွာသို့ ရောက်ရှိလာပြီး၊ ကိုဟာရှိမ်း (ဘ) ဦးဆော်ယာဒ်ဆာလမ် (အသက် ၂၈ နှစ်) နှင့် ကိုဆော်လမ် (ဘ) ဦးဘာဆာမျာ (အသက် ၂၅ နှစ်) တို့ကို တဖက်နိုင်ငံမှ ငွေများ ကိုင်ဆောင်သည်ဟု မဟုတ်မမှန် စွပ်စွဲပြီး မတရား သဖြင့် ဖမ်းဆီး၍ လိပ်ရကျေးရွာရှိ နယ်မြေ စခန်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ကျောက်တောင်း ကျေးရွာ အုပ်စု၊ အလယ်ရွာရှိ ကိုအဘူဆော်ယာဒ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၅ နှစ်) ၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေပြီး၊ တဖက်နိုင်ငံမှ ငွေများ တွေ့ရှိသည်ဟု ဆိုကာ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီးနောက် ထိုအိမ်ထဲတွင်ပင် ငွေကျပ် ၈၁၀၀၀/- ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရွာသစ်ရွာရှိ ဇိုတ်ဟူဆောင်း (ဘ) ဦးရှာဟဲမျာ (အသက် ၁၈ နှစ်) ၏ ကွမ်းယာဆိုင်သို့ ၀င်ရောက်၍ ငွေကျပ် ၇၀၀၀/- တန်ဖိုးရှိ ဆေးလိပ်နှင့် ကွမ်းများကို လုယက် ယူဆောင် သွားခဲ့သည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကို ဦးဆောင်သူမှာ ဒု-ရဲအုပ် တစ်ဦး ဖြစ်ပြီး၊ နယ်မြေ (၄) သို့ လွန်ခဲ့သည့် တစ်လခန့်က ရောက်ရှိလာသူ ဖြစ်သည်။ ရောက်ရှိလာသည့် နေ့မှစ၍ ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် လုယက်ခြင်း များကို နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိသည်ကို နယ်မြေမှူးနှင့် အထက် အရာရှိ များက သိရှိသော်လည်း တားဆီး အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus