March 17, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လူကုန်ကူးမှု တားဆီးရေးမှ အပြစ်မဲ့ နှစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်




MYARF
RB News
20.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ဦးဆန်းဝင်းက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၆) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာမှ ဦးအာဇီရာမန် (ဘ) ဦးရှုကူရ်နှင့် ဦးရှောမ်ရှုအာလာမ် (ဘ) ဦးဆယာဒ်ကရီးမ် တို့ကို လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ဦးဆန်းဝင်းက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသည့် အပြစ်မဲ့ နှစ်ဦးသည် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်နေသည့် အဖွားအို တစ်ဦးကို လိုက်လံ ပို့ဆောင်ပေး ခဲ့သူများ ဖြစ်ပြီး၊ အပြန်လမ်းတွင် ပြည်သူ့ ဆေးရုံးအနီး၌ လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဦးဆန်းဝင်း ဆိုသူက ၎င်းတို့ နှစ်ဦးကို လူကုန်ကူးမှု တားဆီးရေး ရုံးသို့ ခေါ်ဆောင် သွားပြီး ၂၀၁၂ ခုနှစ် မီးရှို့မှုတွင် ပါဝင်သည်ဟု ဆိုကာ ချုပ်နှောင် ထားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အပြစ်မဲ့ ဖမ်းဆီးခံရသူ နှစ်ဦးက ၎င်းတို့ အနေဖြင့် မီးရှို့မှုတွင် ပါဝင်ခြင်း ရှိ/မရှိကို ကျေးရွာ အုပ်ချုပ်ရေးမှူးကို မေးမြန်း နိုင်ကြောင်း ပြောဆိုရာ၊ ဦးဆန်းဝင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူကို ဖုန်းဆက်၍ ဆင့်ခေါ်ခဲ့သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ဖမ်းဆီးခံရသူ နှစ်ဦးမှာ အပြစ်မဲ့များ ဖြစ်ကြောင်း၊ အကျင့် စာရိတ္တ ကောင်းမွန်သူများ ဖြစ်သည့် အပြင် မီးရှို့မှုတွင် ပါဝင်သူများ မဟုတ်ကြောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး အနေနှင့် အာမခံ နိုင်ကြောင်း၊ ဖမ်းဆီးခံရသူ နှစ်ဦးမှ ဦးရှော်မ်ရှုအာလမ်သည် ရာအိမ်မှူး တစ်ဦး ဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြ ပြောဆိုခဲ့သော်လည်း၊ ဦးဆန်းဝင်းက ကုလားဟူသမျှ မွေးကတည်းက အပြစ်ရှိသူများ ဖြစ်ကြောင်း၊ လူကုန်ကူးမှု တားဆီးရေး ရုံးသို့ ယခုကဲ့သို့ လာရောက်၍ အာမခံရုံနှင့် လွှတ်ပေးမည် မဟုတ်ကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

လူကုန်ကူးမှု တားဆီးရေး အဖွဲ့၏ လုပ်ပိုင်ခွင့်မှာ လူကုန်ကူးမှုနှင့် ပတ်သက်သည် များကို တားဆီး အရေးယူရန်သာ ဖြစ်ပြီး၊ ၎င်းတို့၏ လုပ်ငန်းနှင့် မဆိုင်သည်များတွင် ၀င်ရောက် စွက်ဖက်ခွင့် မရှိသော်လည်း၊ ရရှိထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်၍ ဖမ်းဆီး ငွေညှစ်ခြင်းသည် ဥပဒေမဲ့ ပြုလုပ်ခြင်းသာ ဖြစ်သည်။ ဒေသတွင်းရှိ အာဏာပိုင် အကြီးအကဲများက ဌာနဆိုင်ရာများမှ ယခုကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ်ခြင်းများကို သိရှိသော်လည်း မည်သည့် အခါမှ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus