နောက်ဆုံးသတင်း/ဆောင်းပါးများ

မေယု ဂေါက်ကွင်းမှ စစ်သားများက ကလေးငယ်များထံမှ လုယက်၍ လူမဆန်စွာ ရိုက်နှက်



MYARF
RB News
29.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီ (ရခိုင်ရွာ)၊ မေယုဂေါက်ကွင်းရှိ စစ်စခန်းမှ စစ်သားများက ကလေးငယ်များထံမှ အစားအစာများ လုယက်ယူသည့် အပြင် လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၆) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလ္လာ ကျေးရွာသို့ ကင်းလှည့်ရန် ရောက်ရှိလာသည့် ဝေသာလီ (ရခိုင်ရွာ)၊ မေယုဂေါက်ကွင်းမှ ဗိုလ်ကြီး တစ်ဦး ဦးဆောင်သည့် စစ်ကြောင်း အဖွဲ့သည် ဘဂုံးနားဈေးမှ အမဲသား တစ်ပိဿာ ၀ယ်ယူ၍ စက်ဘီးဖြင့် အိမ်ပြန်နေသည့် ရိုဟင်ဂျာ ကလေးငယ် တစ်ဦးထံမှ အမဲသားနှင့် စက်ဘီးကို လုယူ၍ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် အဆိုပါရွာမှ ဒညင်းသီးပြုတ် အလုံး ၂၀၀ ကို ပလတ်စတစ် အိတ်ဖြင့် ထည့်၍ လှည့်လည် ရောင်းချ နေသည့် ဆင်းရဲသား ကလေးငယ် တစ်ဦးထံမှ ဒညင်းသီးပြုတ် များကို လုယက် ခဲ့သည်။ ဆင်းရဲသည့် ကလေးငယ်မှာ ဒညင်းသီး ပြုတ်ရောင်း၍ ဆန်ဝယ်ရမည် ဖြစ်ရာ၊ ၎င်း၏ ဒညင်းသီးပြုတ်များ မတရား လုယက်ခံရသည့် အတွက် ဆန်ဝယ်ရန် အခက်ကြုံခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ရွာထဲမှ လမ်းလျှောက် သွားနေသည့် မော်လ၀ီ တစ်းပါးကိုလည်း အကြောင်းမဲ့ ရိုက်နှက်ခဲ့ပြီး၊ ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ အနောက်ရွာသို့ သွားရောက်၍ လူငယ်တစ်ဦးကိုလည်း အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus