နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ၀ါးချ ကျေးရွာမှ ရိုဟင်ဂျာများ ထံမှ လုယက်၊ ရိုက်နှက်



MYARF
RB News
29.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာသို့ စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စ.ရ.ဖ၊ အထူး သတင်းတပ်ဖွဲ့နှင့် မ.က.ဖ တို့ဝင်ရောက်ပြီး လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာများ ထံမှ ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၈) ရက်နေ့ နေ့လည် ၁း၀၅ နာရီ အချိန်တွင် အင်အား ၁၀၀ ကျော်ရှိသည့် စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စ.ရ.ဖ၊ အထူး သတင်းတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာသို့ ရောက်ရှိလာပြီး အမည်ခံ လူဦးရေ စာရင်း ကောက်ခံရာ ၎င်းတို့ မျက်စိရှေ့တွင် တွေ့ရှိသမျှ အမျိုးသားများ အားလုံးကို ရိုက်နှက်ခဲ့သည်။ လူမဆန်စွာ ရိုက်နှက် နေခြင်းကြောင့် စစ်ဆေးခံမည်ဟု ပြောကြသော်လည်း ပထမ အကြိမ်နှင့် ဒုတိယ အကြိမ်များတွင် အစစ်ဆေး မခံခဲ့ဟု ဆိုကာ ဆက်လက် ရိုက်နှက် သဖြင့် အမျိုးသားများ ထွက်ပြေးကြရာ၊ လိုက်လံ ဖမ်းဆီးပြီး လူမဆန်စွာ ထပ်မံ ရိုက်နှက်သဖြင့် အများအပြား ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရသူများ ထဲတွင် (၅) ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒဏ်ရာ ပြင်းထန်စွာ ရရှိသူများမှာ ---

(၁) ဦးနူရ်အစ္စလာမ် (ဘ) ဦးနာဇိရ်ဟူစိန်း
(၂) ဦးဟာဆောင် (ဘ) ဦးလာလ်မျာ
(၃) ဦးနူရ်အာလမ် (ဘ) ဦးအိုမောရ်ဒါရာစ်
(၄) ဦးအဘုလ်ကာဆိမ် (ဘ) ဦးလာလ်မျာ
(၅) ဦးအဒူဘာဆဲရ် (ဘ) ဦးဆော်လာမတ် -- တို့ဖြစ်သည်။

လက်နက်ကိုင် အာဏာပိုင်များသည် ဒေသခံ ရိုဟင်ဂျာများ၏ အိမ်များသို့ ၀င်ရောက်၍ အမည်ခံ လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြ၍ နေအိမ်များ အတွင်းရှိ အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခဲ့သည့် အပြင် အဖိုးတန် ပစ္စည်းများ လုယက် ယူဆောင် သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ၀ါးချ အောက်ရွာရှိ မော်လ၀ီ ဦးနူရ်အာမီးန် (ဘ) ဦးရှောရိအာမတ်၏ နေအိမ်သို့ ၀င်ရောက်ပြီး ဘီဒို ၂ လုံးကို ဖျက်ဆီး၍ အဖိုးတန် လက်ပတ် နာရီ (၄) လုံးနှင့် ဘီဒိုထဲရှိ ရွှေဘူးထဲမှ ဆွဲကြိုးများ၊ ဓါတ်ဘူး (၁) လုံးနှင့် ကော်ဖီထုပ်ကြီး (၃) ထုပ်တို့ လုယက် ယူဆောင် သွားကြောင်း သိရှိရပါသည်။ ဦးကေဖာယတ်အုလ္လာ (ဘ) ဦးနူရ်အာမတ်၏ သေတ္တာ နှစ်လုံးနှင့် ဘီဒို နှစ်လုံးတို့ကို ဖျက်ဆီးပြီး လက်ဆွဲ သေတ္တာ တစ်လုံးနှင့် အမျိုးသမီး အလှကုန် ပစ္စည်းများ လုယက် ယူဆောင် သွားခဲ့ကြသည်။

ထို့အပြင် အဆိုပါ လက်နက်ကိုင် အာဏာပိုင် အဖွဲ့သည် ၀ါးချ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ၏ နွား (၁၂) ကောင်ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။ နွား (၁၂) ကောင် လုယက်ခံရသည့် ပိုင်ရှင်များမှာ ---

(၁) ဦးဖော်ယာစ်အာမတ် (ဘ) ဦးဇော်ကော်ရီယာ (နွား ၄ ကောင်)
(၂) ဦးဖော်ယာစ် (ဘ) ဦးဇော်ဖောရ်ဟူစိန်း (နွား ၂ ကောင်)
(၃) ဦးအဒူမာလဲခ် (ဘ) ဦးဖော်ဇော်လ်အာမတ် (နွား ၁ ကောင်)
(၄) ဦးဂျူဟာရ် (ဘ) ဦးအစ္စမိုင်လ် (နွား ၂ ကောင်)
(၅) ဦးဘောဆာမျာ (ဘ) ဦးဟာလူမျာ (နွား ၂ ကောင်)
(၆) ဦးမိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးဖော်ဇော်လ်ကော်ရိမ် (နွား ၁ ကောင်) --- တို့ဖြစ်သည်။

သြဂုတ်လ (၂၉) ရက်နေ့တွင် ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူးက အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးထံ သွားရောက် တိုင်ကြားခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးက ၎င်းနှင့် မဆိုင်ကြောင်း၊ စစ်တပ်မှ တပ်ရင်းမှူးကို တိုင်ရန် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus