နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိမ်းနုရောင်ကဒ် အတွက် ရဲမှူး ငြိမ်းချမ်းအေး၏ ခြိမ်းခြောက်မှုကို ဒေသခံများ မမှု



Rohingya Eye
RB News
14.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၁၈) မှ ရဲမှူးငြိမ်းချမ်းအေးသည် လွန်ခဲ့သည့် အပတ်က ဒေသခံ ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား အတွက် ဓါတ်ပုံရိုက်ရန် အမျိုးမျိုး ခြိမ်းခြောက် ခဲ့သော်လည် ဒေသခံ ရိုဟင်ဂျာများက ဓါတ်ပုံ ရိုက်ရန် လက်မခံ ခဲ့သောကြောင့် သြဂုတ်လ (၁၁) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ရဲမှူး ငြိမ်းချမ်းအေးသည် နယ်ခြားစောင့်ရဲ (၃၀) ဦးနှင့် အတူ အင်းဒင် ကျေးရွာသို့ ၀င်ရောက်ပြီး အစိမ်းနုရောင်ကဒ် လက်ခံယူရန် အတွက် လက်နက် အင်အားဖြင့် ခြိမ်းခြောက် ခဲ့သော်လည်း ဒေသခံ ရိုဟင်ဂျာများက ဓါတ်ပုံ ရိုက်ခံခြင်း မပြုလုပ်ဘဲ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အလားတူ ယင်းနေ့တွင်ပင် မောင်တော မြို့နယ် မြောက်ပိုင်း ကျေးရွာများမှ ခရီးသည်တင် ကားများဖြင့် မြို့ထဲသို့ သွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေး ဌာနချုပ်မှ နယ်ခြားစောင့် ရဲများက စစ်ဆေးပြီး ရွာထွက် လက်မှတ်နှင့် ယာယီ သက်သေခံ ကဒ်ပြား (၀ှိုက်ကဒ်) အပ်နှံ ထားသည့် ပြေစာများကို ပြသော်လည်း သွားလာခွင့် မပေးဘဲ အစိမ်းနုရောင် ကဒ်ပြား ရှိမှသာ သွားလာခွင့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ အချို့သော ခရီးသည်များကို အစိမ်းနုရောင်ကဒ် မရှိလျှင် ရိုက်နှက်ခံရမည် ဖမ်းဆီး ခံရမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 
မောင်တော ခရိုင်တွင် ဒေသခံ ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား ကိုင်ဆောင်ရန် ဖိအားပေး ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်လျက် ရှိသော်လည်း ဒေသခံများက လုံးဝ ကိုင်ဆောင်ခြင်း ပြုမည်မဟုတ်ဟု ပြောဆိုလျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus