MYARF
RB News
19.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ကြိမ်ချောင်း - တောင်ပြိုင် လမ်းမရှိ သူရိုင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက်၍ သူရိုင်း ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်းကာ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အမျိုးမျိုး လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
အောက်တိုဘာလ (၆) ရက်နေ့တွင် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ဇော်ဇော်နှင့် ကျော်မင်းနိုင် တို့သည် သူရိုင်း ကင်းစခန်းသို့ သွားရောက်ပြီး တောင်ပြိုသို့ အလည်အပတ် သွားနေသည့် လောင်းဒုံ ကျေးရွာအုပ်စု၊ သစေတီပြင်အောက် ရွာမှ နူရ်ဘော်ရှော်ရ် (ဘ) ဦးဟာရွန်ရော်ရှိတ် (အသက် ၁၆ နှစ်) ကို ဖမ်းဆီးပြီး BD ပြေးဟု ဆိုကာ သူရိုင်း ကင်းစခန်းတွင် တစ်ည ချုပ်နှောင် ထားကာ အောက်တိုဘာလ (၇) ရက်နေ့တွင် နူရ်ဘော်ရှော်ရ်၏ နေအိမ်သို့ သတင်းပို့ခဲ့သည်။
ထို့နောက် လောင်းဒုံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော်နှင့် ရာအိမ်မှူး တစ်ဦးတို့က သူရိုင်း ကင်းစခန်းသို့ လိုက်လာပြီး အဆိုပါ လူငယ်မှာ BD ပြေးမဟုတ်ကြောင်း၊ အကျင့် စာရိတ္တ ကောင်းမွန်သည့် ကလေး တစ်ဦး ဖြစ်ကြောင်း ပြောပြသော်လည်း နယ်ခြားစောင့်ရဲ ဇော်ဇော်နှင့် ကျော်မင်းနိုင်တို့က လက်မခံဘဲ ဆက်လက် ချုပ်နှောင် ထားခဲ့သည်။
နယ်ခြားစောင့်ရဲ များက အောက်တိုဘာလ (၈) ရက်နေ့တွင် အဆိုပါ လူငယ် ထံမှ ငွေကျပ် တစ်သိန်း လေးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့နောက် လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ရဲကျော် နှင့် ရာအိမ်မှူး တစ်ယောက် သွားပြီး ၄င်းကလေးမှာ BD ပြေးမဟုတ်ကြောင့်၊ အကျင်းစာရိတ္တာ ကော င်းမွန်ေသာကလေးဖြစ်ကြောင့် ပြောပြခဲ့ သော်လည်း BGP ဇော်ဇော် နှင့် ကျော်မင်း နိုင် တို့ အုပ်ချုပ်ရေးမှူး စကားကို လက်မခံ ဘဲ ဆက်လက်ချုပ်ထားသည်။ ထို့နောက် ၈၊၁၀၊ ၁၅ ရက်နေ့တွင် ငွေ ၁၄၀၀၀၀ ကျပ် ညှစ်ယူပြီးလွတ်ပေးခဲ့သည်။