နောက်ဆုံးသတင်း/ဆောင်းပါးများ

အောင်မင်္ဂလာရှိ ကမန်ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်ကို ရခိုင်အစွန်းရောက် များက ဖြုတ်ချ





RB News
21.10.2015

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ ကမန် အမျိုးသား တိုးတက်ရေး ပါတီ၏ အောင်နိုင်ရေး ဆိုင်းဘုတ်ကို ရခိုင်အစွန်းရောက် များက ဖြုတ်ချ၍ ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၁) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ရခိုင်အစွန်းရောက် (၃) ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်သို့ ရောက်ရှိလာပြီး၊ ကမန် အမျိုးသား တိုးတက်ရေး ပါတီမှ စစ်တွေ မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ငြိမ်း၏ အောင်နိုင်ရေး ဆိုင်းဘုတ်ကို ဖြုတ်ချပြီး ဗီနိုင်းကို စုတ်ဖြဲ၍ လွှင့်ပစ်ကာ ထွက်ခွာ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus