နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့က မုဆိုးမ တစ်ဦးကို ခြိမ်းခြောက် သားမယား ပြုကျင့်နေ



MYARF
RB News
4.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာနှင့် ၎င်း၏ တပည့်ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာ (ဘ) ဦးဆော်ယာဒ်ကာဆိမ်း တို့သည် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အာယူချားရွာမှ ဂျော်မိလ် (ဘ) ဦးမာမတ်နူရ် (အသက် ၂၃ နှစ်) ကို ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် (၅) သောင်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ယင်းနေ့တွင်ပင် အကွက် (၇) မှ ဦးယာစီးန် (ဘ) ဦးရှောမ်ရှု (အသက် ၄၂ နှစ်) ကို အမျိုးသမီးများနှင့် တရားမ၀င် ပေါင်းသင်းနေသည်ဟု စွပ်စွဲ၍ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာနှင့် တပည့် ဦးမူဟိဖ်ဘူလ္လာ တို့သည် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၁) မှ မုဆိုးမ ဖြစ်သူ ဒေါ်တောယိုဖာ (အသက် ၃၈ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ သြဇာ အာဏာပြ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ သားမယား ပြုကျင့်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ အဆိုပါ မုဆိုးမသည် ရက်စက်ယုတ်မာသည့် အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့၏ ညှဉ်းပန်း နှိပ်စက်မှုမှ လွတ်ကင်းနိုင်ရန် အတွက် ရွာသားများထံမှ အကူအညီ တောင်းခံသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ ကူညီမည့်သူ မရှိ ဖြစ်လျက် ရှိနေသည်။ မကူညီနိုင်ခြင်းမှာလည်း အုပ်ချုပ်ရေးမှူးက ကူညီမည့်သူအား ဒုက္ခပေးမည်ကို ကြောက်ရွံ၍ ဖြစ်သည်ဟု ဆိုသည်။ အကူအညီမဲ့ ဖြစ်နေသည့် မုဆိုးမမှာ အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့၏ လူမဆန်မှုကို ကြိတ်မှိတ် သည်းခံနေရသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus