March 25, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ထမင်းထုပ်တစ်ဖက် ဓါးတစ်ဖက်ပြထားတဲ့ ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး

ယာယီစခန်း အမည်တပ်ထားသည့် အကျဉ်းစခန်း

ရိုနေဆန်းလွင်
RB News
16.1.2018

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခု ကို အာဆာ ဟု ခေါ်သည့် အာရ်ကာန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်မှ တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာများ နေထိုင်သည့် ရွာ ဒါဇင်ချီ၍ မီးရှို့ဖျက်ဆီးခဲ့သည်။ အပြစ်မဲ့ အရပ်သား တစ်ထောင်ကျော် သတ်ဖြတ်ခဲ့သည့် အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။

မြန်မာစစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၉ သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ယင်းရိုဟင်ဂျာများမှာ ယခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိနေကြသည်။

တစ်ဖန် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်၏ တပ်ရင်းတစ်ခု အပါအ၀င် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃၀ ခန့်ကို အာဆာ က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့၌ နေရာ ၃၀ ခန့်တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဓါတ်ပုံ အထောက်အထားများဖြင့် ဖော်ပြခြင်း မရှိခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ အာဆာ က ၎င်းတို့၏ တွစ်တာမှ တိုက်ခိုက်ခဲ့သည်ဟု ၀န်ခံထားသည့် အတွက် စာရေးသူ အနေဖြင့် စောဒက တက်မည် မဟုတ်သော်လည်း သံသယ တစ်ခုတော့ ရှိသည်ဟု ရိုးသားစွာ ၀န်ခံပါသည်။

သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ထုံးစံအတိုင်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အပြစ်မဲ့ အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ရွာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖြစ်သည့် Human Rights Watch နှင့် Amnesty International တို့က မီးရှို့ခံရသည့် ရွာများကို ဂြိုဟ်ထုမှ ကြည့်ရှု၍ ရေတွက်ရာတွင် ၃၅၄ ရွာရှိမည်ဟု ထုတ်ဖော်ရေးသားခဲ့သည်။

အသတ်ခံရသည့် ရိုဟင်ဂျာ အရပ်သား အရေအတွက် တစ်သောင်းထက် မနည်းရှိမည်ဟု စာရေးသူ ယုံကြည်သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး၊ မိန်းကလေး အရေအတွက် ထောင်ဂဏန်းရှိသည်။

စာရေးသူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့သည်။ လက်နက်ကြီး လောင်ချာများ သုံး၍ ပစ်ခတ်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်သွားသည့် ကလေးငယ်များ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ သေနတ်ဒဏ်ရာရရှိထားသူများ၊ လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခံရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ မိမိ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ခြင်းများ၊ နှစ်ပေါင်း ၄၀ ခန့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် သက်သေအထောက်အထားများ၊ လူမျိုးတုန်းသတ်ဖြတ်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုခြင်းတို့ ပေါင်းစပ်လျှင် မြန်မာစစ်တပ်က ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေခြင်း ဖြစ်သည်ဟုသာ ယုံကြည်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ ယနေ့ထိ ရိုဟင်ဂျာ ၇ သိန်းခွဲကျော်နှင့် ယခင်က ထွက်ပြေးခိုလှုံနေသူ ၃ သိန်းခွဲ ခန့် ပေါင်းလိုက်လျှင် ရိုဟင်ဂျာ ၁၁ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။

၁၉၇၈ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိ လေးကြိမ်တိတိ ရိုဟင်ဂျာများ ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။

အချိန်တိုအတွင်း ရိုဟင်ဂျာ သိန်းချီ၍ ထွက်ပြေးခိုလှုံရသောကြောင့် မြန်မာအစိုးရနှင့် စစ်တပ် အပေါ် နိုင်ငံတကာမှ ဖိအားပေါင်းစုံ ပေးခြင်းခံရသည်။ ထိုဖိအားများ လျော့နည်းသွားရန် အတွက် ထွက်ပြေးခိုလှုံနေသည့် ရိုဟင်ဂျာများအား ပြန်လည်လက်ခံပါမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် အလျင်စလို လိုအပ်ခဲ့ပေသည်။ အလျင်စလို လက်မှတ်မထိုးပါက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ မဟုတ်ဘဲ နိုင်ငံများစွာပါဝင်သည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရမည်ကို မြန်မာအစိုးရနှင့် စစ်တပ်က နားလည်သဘောပေါက်ထားသည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ထွက်ပြေးသွားသည့် ရိုဟင်ဂျာများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်နေ့မှစပြီး ပြန်လည် စီစစ်၍ လက်ခံမည်ဟု ကတိပေးခဲ့သည်။ 

၁၉၇၈ ခုနှစ်မှစပြီး နိုင်ငံတော်မှ မူဝါဒတစ်ခု ချမှတ်၍ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် နိုင်ငံတွင်းမှ မောင်းထုတ်ရန် ကြိုးစားနေခဲ့သော်လည်း ယခု လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ အနည်းဆုံး ရိုဟင်ဂျာ ၇ သိန်းခွဲကို ပြန်လည် လက်ခံရမည် ဖြစ်သည်။ ကျန်သည့် ရိုဟင်ဂျာ ၃ သိန်းခွဲ ပြန်လာနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဖိအားများများ ပေးမှသာ ဖြစ်နိုင်မည်။

ရိုဟင်ဂျာများသည် အာရ်ကာန်ဒေသ၏ မူလဘူတ တိုင်းရင်းသားဖြစ်သည်ကို မြန်မာအစိုးရ၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာဝင် အများစုက လက်မခံသော်လည်း သမိုင်းတွင် ရှိသည့် အချက်များကို ဖျက်ပစ်၍ ရမည်မဟုတ်သည်မှာ အမှန်တရားပင်တည်း။ အာရ်ကာန်ဒေသသည် ရိုဟင်ဂျာများ၏ ဌာနေ ဖြစ်သော်လည်း အာရ်ကာန်ဒေသကို ၁၇၈၄ မှစ၍ အုပ်စိုးထားသည့် ဗမာများနှင့် ဗမာအုပ်စိုးမှုအောက်တွင် ဗမာဘက်လိုက် ဖြစ်နေသည့် ရခိုင်အချို့က ဤဒေသကို မွတ်စလင် ကင်းစင်သည့် ဒေသဖြစ်အောင် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိသည်။ တစ်နှစ်အတွင်း ရိုဟင်ဂျာ ၇ သိန်းခွဲကျော် မောင်းထုတ်နိုင်ခဲ့ခြင်းသည် ဗမာနှင့် ဗမာဘက်လိုက် ရခိုင်အချို့အတွက် မဟာအောင်ပွဲကြီးတစ်ခု ဖြစ်ပေသည်။

မြန်မာအစိုးရက ပေးထားသည့် ကတိအတိုင်း ရိုဟင်ဂျာများ ပြန်လည် လက်ခံရမည့်နေ့ နီးလာသည့်အမျှ ထမင်းထုပ် တစ်ဖက်နှင့် ဓါးတစ်ဖက် ပြနေသည်ဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု သတ်မှတ်ခဲ့ပြီး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် နိုင်ငံသားဥပဒေ အသစ်ပြဌာန်း၍ ရိုဟင်ဂျာများကို နိုင်ငံမဲ့ ဘ၀သို့တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်ခဲ့သူများကို တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများဟု သမုတ်နေကြသည်။ ဤတိုင်းရင်းသား၊ နိုင်ငံသားများကို NVC ဟုခေါ်သည့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ကိုင်ဆောင်ရန် မြန်မာအစိုးရ အာဏာပိုင်များက ၂၀၁၅ ခုနှစ်မှစ၍ ဖိအားပေးလျက်ရှိရာ ယနေ့တိုင်ပင် ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန်လမှစ၍ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့များမှ ရိုဟင်ဂျာများကို နေအိမ်များမှ အတင်းအဓမ္မ ထုတ်၍ ဒုက္ခသည်စခန်းသို့ ပို့ထားသည်မှာ ၅ နှစ်ခွဲကျော်ပြီဖြစ်သည်။ ဒုက္ခသည်စခန်းများ အတွင်းတွင် ပိတ်မိနေသည့် ရိုဟင်ဂျာများ၏ မူရင်းနေရပ် ပြန်ရေးကို မြန်မာအစိုးရက လုပ်ဆောင်မည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ယနေ့ထိ အကောင်အထည်ဖော်ခြင်း လုံးဝမရှိပေ။

မြန်မာအစိုးရ အာဏာပိုင်များက ရိုဟင်ဂျာများသည် ရုပ်သိမ်းခံထားရသည့် နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ လိုချင်သူများသာ ဖြစ်ပြီး၊ မိမိတို့၏ ဇာတိဌာနေတွင် အမိုးပွင့်အကျဉ်းထောင်မှ ဒုက္ခသည်စခန်းသို့ ရောက်ရှိမည့် ဘ၀ကို မလိုလားသူများ ဖြစ်သည်ကို ကောင်းစွာ သိရှိနားလည်ထားသည်။

ဤအချက်နှစ်ချက်နှင့် ထောင်ချောက်ဆင်လျှင် မည်သူတစ်ဦးတစ်ယောက်မှ ပြန်လာမည် မဟုတ်ဟု တထစ်ချ ယုံကြည်ထားသည်။ ထို့ကြောင့် မြန်မာအစိုးရ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများကို NVC ထုတ်ပေးမည်ဟု ကြေညာခြင်း၊ ယာယီစခန်းများဟု အမည်တပ်ထားသည့် အကျဉ်းစခန်းများကို ထုတ်ဖော်ပြသခြင်းများ ပြုလုပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများ ပြန်မလာစေရန် အပူတပြင်း ဆောင်ရွက်လျက် ရှိသည်။

မိမိတို့၏ နိုင်ငံသို့ ပြန်လာနိုင်သည်ဟု ပြောဆိုနေခြင်းမှာ ထမင်းထုပ် ပြနေခြင်းဖြစ်ပြီး၊ NVC နှင့် ယာယီစခန်းများ ပြနေခြင်းမှာ ဓါးကိုင်ပြနေခြင်း ဖြစ်သည်။

ရိုဟင်ဂျာများကို မိမိတို့ အတွက် အာမခံချက် တစ်စုံတစ်ရာ မရှိသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ကွင်းသို့ ပြန်လာရန် အလျင်စလို ဆုံးဖြတ်ခြင်း မပြုနှင့်ဟုသာ ပြောချင်ပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus