နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇီးပင်ချောင်း စခန်းမှ ယာယီ တာဝန်ခံက ဒေသခံ နှစ်ဦးထံမှ ငွေကျပ် (၄) သိန်း ညှစ်



MYARF
RB News
3.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် အမှတ် (၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ယာယီ စခန်းမှူး ဒုရဲအုပ်သည် ရေတွင်းပြင် ကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာ နှစ်ဦးထံ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မတ်လ (၂၃) ရက်နေ့ ည (၈) နာရီခန့်တွင် ဆိဒိတ် (ဘ) ဦးအီလီယာစ် (အသက် ၂၂ နှစ်) နှင့် ဦးလီယာကောတ်အလီ (ဘ) ဦးဂူရာမျာ (အသက် ၃၂ နှစ်) တို့သည် ရွာအတွင်းရှိ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ရန် သွားနေစဉ် ကင်းလှည့်နေသည့် ယာယီ စခန်းမှူးနှင့် အဖွဲ့က လူငယ်နှစ်ဦးကို စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် MPT ဆင်းမ်ကဒ်သုံး ဖုန်းတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံကာ လူငယ်နှစ်ဦးကို မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နာရီအနည်းငယ် အကြာတွင် ရိုက်နှက်ခြင်း မရှိသော်လည်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

စခန်း အမှတ် (၁၀) မှ ယာယီ စခန်း တာဝန်ခံ ဒုရဲအုပ်နှင့် အဖွဲ့သည် ယင်းနေ့တွင် တွေ့ရှိသမျှ လမ်းသွားလမ်းလာများ၊ အိမ်ခြံဝင်း အတွင်း မြင်တွေ့သမျှ ရွာသားများကို လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့ပြီးနောက် အဆိုပါ လူငယ် နှစ်ဦးကို လမ်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စခန်း၏ တာဝန်ခံ စခန်းမှူးသည် သင်တန်း တက်ရောက်၍ သွားနေသည့် အချိန်တွင် ယာယီ စခန်းမှူး တာဝန်ယူထားသူက ယခုကဲ့သို့ သောင်းကျန်း နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus