နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုရားပြင်အောင်ပမှ အုပ်ချုပ်ရေးမှူး၏ တပည့်က ရွာသားများထံမှ ငွေညှစ်



MYARF
RB News
18.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ မူဟိဘူလ္လာသည် ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

ဘုရားပြင်အောင်ပ ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အလွန်ရင်းနှီးပြီး တပည့်သဖွယ် ဖြစ်နေသူ မူဟိဘူလ္လာ (ဘ) ဦးဆွေယာဒ်ကာဆိမ်း (အသက် ၃၂ နှစ်) ကို အုပ်ချုပ်ရေးမှူးက လိုသလို အသုံးချ၍ ဒေသခံ ရိုဟင်ဂျာများကို နှိပ်စက်စေသည့် အပြင် နည်းမျိုးစုံဖြင့် ငွေညှစ်ခိုင်းကြောင်း ဒေသခံများက RB News သို့ပြောသည်

တပည့် မူဟိဘူလ္လာသည် ဘုရားပြင်အောင်ပ ကျေးရွာမှ အာဘူတောလ်ဟာ (ဘ) ဦးဘာဆဲရ် (အသက် ၁၉ နှစ်) ထံမှ လွန်ခဲ့သော ဇွန်လ (၂) ရက်နေ့က အုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့် ဆဲဆိုခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် (၅) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အလားတူ ဇွန်လ (၅) ရက်နေ့တွင် မူဟိဘူလ္လာသည် သစ်တောဦးစီးဌာနမှ အရာရှိ (၃) ဦးကို ခေါ်လာပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်ခြင့် အိမ်ဆောက်ခဲ့သည် ဦးအစ္စလာမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၂ နှစ်) ကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် (၄) သောင်း ညှစ်ယူခဲ့သည်။ ဦးအစ္စလာမ်သည် အိမ်ဆောက်ရာတွင် လိုအပ်သည့် သစ်ဝါးများကို မိမိကိုယ်တိုင် သစ်ဝါးခုတ်ပြီး အိမ်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာမှ တရားဝင် လိုင်စင်ရယူပြီး သစ်ဝါးရောင်းချနေသူများ ထံမှ ၀ယ်ယူ၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus