နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ တပ်ရင်းမှူး၏ ကိုယ်ရေးအရာရှိက ဒေသခံ တစ်ဦးထံမှ ငွေညှစ်



MYARF
RB News
17.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ရင်းမှူး၏ ကိုယ်ရေးအရာရှိ တပ်သား ဇော်နိုင်ထွန်းသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေကျပ် သုံးသိန်းခုနှစ်သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၂) ရက်နေ့တွင် တပ်သား ဇော်နိုင်ထွန်းသည် ငါးခူရကျေးရွာမှ ဦးရော်ရှိတ်အာမတ် (ဘ) ဦးဆိဒိတ်အာမတ်၏ နေအိမ်သို့ သွားရောက်၍ ဦးရော်ရှိအာမတ်၏ မိခင်သည် BD ပြေး တရားခံ တစ်ဦးဖြစ်သည်ဟု ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် တစ်သိန်း နှစ်သောင်း ညှစ်ယူခဲ့သည်။

တစ်ဖန် ဇွန်လ (၁၅) ရက်နေ့တွင် အဆိုပါ တပ်သား ဇော်နိုင်ထွန်းသည် ဦးရော်ရှိတ်အာမတ်၏ နေအိမ်ကို သွားရောက်၍ ဖမ်းဆီးရန် သွားရာ ရှာမတွေ့သဖြင့် အိမ်ရှေ့တွင် ထားသည့် ဆိုင်ကယ်တစ်စီးကို စခန်းမှူးအမိန့်အရဟု ဆိုကာ အတင်းအဓမ္မ သိမ်းယူသွားခဲ့သည်။

ဆိုင်ကယ်ကို သိမ်းယူသွားပြီးနောက် ဦးရော်ရှိတ်အာမတ်ကို လိုက်လံဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင်သွားကာ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူ၍ ဆိုင်ကယ်ကို ပြန်လည် ပေးအပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“တပ်သား ဇော်နိုင်ထွန်းက ငါးခူရကျေးရွာမှာ နေတဲ့ သူ့ရဲ့ ယောက္ခထီး ဦးအပျော်အောင်နဲ့ ပူးပေါင်းပြီး လောင်စာဆီ အရောင်းဆိုင် တစ်ဆိုင် ဖွင့်ခဲ့တယ်။ အဲဒီဆိုင်ကနေ ဆိုင်ကယ်ဆီ မ၀ယ်တဲ့ ကျေးရွာပေါင်း (၈) ရွာလောက်က ကယ်ရီသမားတွေ ဆီက ငွေကျပ် တစ်သောင်းနဲ့ ဆီနှစ်ဂါလံစီ လစဉ် ဆက်ကြေးလို ကောက်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး အနေဖြင့် ဒေသခံ ရိုဟင်ဂျာများကို မတရားနှိပ်စက်ပြီး ငွေညှစ်နေသည့် လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များကို အချိန်မှီ ဆိုဆုံးမပေးပါရန် ဒေသခံများက လိုလားနေကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

Comment ရေးရန်

Rohingya Exodus