နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ ဒေသခံ ရိုဟင်ဂျာများကို NVC ကဒ်ယူရန် စည်းရုံးမှု မအောင်မြင်



MYARF
RB News
20.6.2016

NVC ကဒ် ကိုင်ဆောင်ရန် စည်းရုံး​ရေးဆင်းသူ ​များက ​မောင်​​တော​ မြို့ဖိမြို့ဖများ​၏ ​မေးခွန်းများကို ​သေချာစွာ ​ဖြေကြားနိုင်​ခြင်းမရှိ၊ ၎င်းတို့၏ စည်းရုံးမှုလည်း မအောင်မြင်
မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ယနေ့ ဇွန်လ (၂၀) ရက်နေ့၊ နံနက်​ ၉ နာရီခွဲခန့်​ အချိန်တွင် ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင်ပြည်နယ် လူဝင်​မှုကြီးကြပ်​​ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး​ ဦးဝင်းလွင်​ တို့နှင့် အဖွဲ့က ​မောင်​​တောမြို့နယ်​မှ ဒေသခံ ရိုဟင်ဂျာ မြု့မိမြို့ဖ (၁၀၀) ဦးခန့်​နှင့် တွေ့ဆုံ၍ NVC ကဒ်နှင့် ပတ်သက်ပြီး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့​ကြောင်း သတင်း ရရှိပါသည်​။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်မှူးကြီးထိန်လင်းက --

"အထောက်အထားမဲ့ ဖြစ်နေ​တဲ့ ခင်​​ဗျားတို့ ရခိုင်ပြည်နယ်က မူဆလင်တွေကို NVC ထုတ်ပေးမယ်​။ ဒါက ပထမအဆင့် အနေနဲ့ ခင်ဗျားတို့ကို အထောက်အထား တစ်ခု အဖြစ် ပေးနေခြင်း ဖြစ်တယ်။ ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်​ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်​​ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်မှာကြားချက်အတိုင်း ဒီကဒ်​ကို ထုတ်​​ပေးရတာ ဖြစ်​​တယ်​။ အထူးသဖြင့် ခင်​​ဗျားတို့ မူဆလင်​​တွေကိုလည်း ကိုယ့်မိသားစုသဖွယ် သတ်​မှတ်​တာမို့ ကူညီစောင့်ရှောက်ဖို့ ဒီ​နေ့ ​ရောက်​လာပြီး ​ပြောပြရတာဖြစ်​တယ်။ NVC ကဒ်​ ကိုင်​​ဆောင်​ရင်​ ခင်​​ဗျားတို့ရဲ့ ပြဿနာအရပ်​ရပ်​​တွေ ​ပြေလည်​သွားဖို့ လမ်းစပွင့်လာမယ်​" စ​သော အချိုသတ်​ စကားမျိုးကို ​ပြောကြားခဲ့​ကြောင်း အစည်းအ​ဝေးတက်​​ရောက်​ခဲ့သူ တစ်ဦးက RB News သို့ပြောသည်။

ဆက်​လက်​၍ ရခိုင်ပြည်နယ် လူဝင်​မှုကြီးကြပ်​​ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က--

"၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားစီစစ်ရေးကိစ္စ အကောင်အထည် ဖေါ်ဆောင်ရွက်ရာမှာ NVC ကဒ်ဟာ ပထမအဆင့်ခြေလှမ်းသာဖြစ်တာမို့ ခင်ဗျားတို့အနေနဲ့ ဒီ NVC ကဒ်ကို လက်ခံသင့်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရကို ယုံကြည်ကြပါ" စသည်​ဖြင့်​ အကျယ်တ၀န့် ပြောကြားခဲ့​ကြောင်း အဆိုပါ အစည်းအ​ဝေး တက်​​ရောက်​ခဲ့သူက ​ပြောပါသည်​။

ထို့​နောက်​ အစည်းအ​ဝေး တက်​​ရောက်​လာသည့်​ ​မောင်​​တောမြို့နယ်​၊ ကညင်​တန်း(မြို့မ)​ကျေးရွာမှ အထက်​တန်းပြ ​အငြိမ်းစား ကျောင်းဆရာဖြစ်​သူ ဦးဆုလ်​တာန်​က -

"အခုနက နယ်​လုံဝန်​ကြီး ​ပြောခဲ့တဲ့အထဲမှာ အ​ထောက်​အထားမဲ့ ရခိုင်​ပြည်​က မူဆလင်​​တွေ ဆိုပြီး ​စကားလုံး​တွေ ပါခဲ့တာ ကျ​နော်​ ရိပ်​မိပါတယ်။ လွတ်​လပ်​​ရေးရပြီး​ နောက်​ပိုင်း မြန်​မာပြည်​တစ်​နိုင်​ငံလုံးက လူ​တွေ ရလာတဲ့ အ​ထောက်​အထားတိုင်း ကျ​နော်​တို့ လူ​တွေလည်း ရခဲ့တာပဲ။ ပြီး​တော့ နှစ်​စဉ်​ နှစ်​တိုင်းလည်း အနည်းဆုံး နှစ်​ကြိမ်​ စီစစ်​တဲ့ အ​ထောက်​အထား​တွေ အကုန်​ရှိတယ်​။ ဒီ​တော့ အ​ထောက်​အထားမဲ့ ရခိုင်​ပြည်​က မူဆလင်​​တွေ ဆိုတာက​ရော ဘာကို ဆိုလိုတာပါလဲ။ ဒီတစ်​ချက်​ ဦးစွာ သိချင်​ပါတယ်​။

ပြီး​တော့ ​သမိုင်း​ကြောင်းအရ ဒီ​ဒေသရဲ့ မူလဘူတ ဖြစ်​တဲ့ ကျ​နော့်​တို့ လူ​တွေမှာ ဒီ နိုင်​ငံသားစီစစ်​ခံရမယ့်​ ကဒ်​ပြားလို အကျပ်​ကိုင် NVC ကဒ်ကို လက်ခံစရာ အကြောင်းမရှိပါဘူး။ ဒါ​ကြောင့်​ နိုင်ငံတော် ဘဏ္ဍာငွေတွေကို အလာဟသ မဖြုန်းတီးပါနဲ့ လို့ပဲ ​ပြောပါရ​စေ" ဆိုပြီး ​ပြောကြားခဲ့​သောအခါ နယ်​လုံဝန်​ကြီးက အ​ထောက်​အထားမဲ့ ရခိုင်​ပြည်​က မူဆလင်​​တွေ ဆိုတာ ပဋိပက္ခတုန်းက မိမိတို့ အ​ထောက်​အထား​တွေ မီးထဲပါသွားတဲ့ လူ​တွေကိုပဲ ဆိုလိုခဲ့တာပါလို့ ​ရှေ့​နောက်​မညီ ​ဖြေဆိုခဲ့​ကြောင်း သိရှိရသည်။

အစည်းအဝေး တက်​ရောက်​ခဲ့သူများထဲမှ ဟာဘီရွာသား ဦးဇာကဲရ်​ဆိုသူက "ကျ​နော်​ ရိုဟင်ဂျာလူမျိုး ဦးဇာကဲရ်​ပါ။ ကျ​နော်​တို့ လူ​တွေက နိုင်​ငံသားဖြစ်​ထိုက်​တဲ့ အ​ထောက်​အထား​တွေ ပိုင်​ဆိုင်​​နေကြသူ​တွေပါ။ အဲ့လို လူ​တွေကို ဘယ်​ဥပ​ဒေအရ ထုတ်​​ပေးတာလဲ​တောင်​မသိတဲ့ NVC ကဒ်​​တွေ ကိုင်​​ဆောင်​ပါ ​ပြော​နေတာကို​တော့ သိပ်​ဘဝင်​မကျပါဘူး။ ဒါက တစ်​ချက်​။ ​နောက်​တစ်​ချက်​က ကျ​နော်​တို့ကို ၁၉၈၂ ဥပ​ဒေ နဲ့ စီစစ်​မယ်​​တော့ ​ပြော​နေပြီ​ပေါ့​နော်​ ... အဲ့ဒီ ၁၉၈၂ နိုင်​ငံသားဥပ​ဒေထဲက ဘယ်​အပိုင်းနဲ့ ဘယ်​ပုဒ်​မနဲ့ စီစစ်​မှာလဲ ဆိုတာလဲ သိချင်​ပါတယ်​" လို့ ​မေးလိုက်​တဲ့အခါ လူဝင်​မှုကြီးကြပ်​​ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး​ ဦးဝင်းလွင်​က သူလည်း ဒီအချက်​ကို ယခုအချိန်​ထိ ​သေချာစွာ မသိရှိရ​သေး​ကြောင်း ဆိုပြီး ​ဖြေကြားပုံမှာ အလွန်​ပင်​ ဘဝင်​မကျစရာ တစ်​ခုထဲက ဖြစ်​​နေ​ကြောင်း အစည်းအ​ဝေး တက်​​ရောက်​ခဲ့သူများက ​ဝေဖန်​​​ပြောဆိုနေကြသည်။



ထို့​နောက်​ မောင်တောမြောက်ပိုင်း သက်ကိုင်ညာမှ ဦးမူဟိဘူလာက --

"ခင်​​ဗျားတို့က ဒီအစိုးရကို ယုံပါ​ပြော​နေကြတယ်​။ ကျ​နော်​တို့က အမျိုးသားမှတ်​ပုံတင်​ကဒ်​ ကိုင်ခဲ့သူ​တွေ၊ ကိုင်​​နေဆဲ လူ​တွေလည်း ရှိပါတယ်​။ ဒါ​ပေမယ့်​ ကျ​နော်​တို့က ကိုင်​​ဆောင်​ခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ကို အစိုးရတစ်​ရပ်​က သိမ်းလိုက်​ပြီး ​နောက်​ထပ်​ ကဒ်​တစ်​ခု ​ထုတ်​​ပေးတယ်​။ ​နောက်​အစိုးရတစ်​ရပ်​ တက်​လာတယ်​။ အရင်​အစိုးရ ထုတ်​​ပေးတဲ့ဟာ​တွေ တရားမဝင်​ဖြစ်​သွားပြန်​​ရော့။ အစိုးရတစ်ရပ်က ထုတ်ပေးတဲ့ကဒ်​​တွေ နောက်တက်လာတဲ့အစိုးရက သိမ်းလိုက်၊ သူတို့တစ်​မျိုး ထုတ်​​ပေးလိုက်​ ပုံစံနဲ့ဆိုရင် အခုထုတ်ပေးနေတဲ့ NVC ကဒ်အတွက်လည်း ဘာအာမခံချက်ရှိလဲ​ပေါ့။ ဒီအစိုးရသက်တမ်း (၅)နှစ် ကုန်သွားပြီး ​နောက်​အစိုးရတစ်​ရပ်​တက်​လာရင် ဒီ NVC ကဒ်​လည်း တရားမဝင်​ကဒ်​ပဲ ဖြစ်​သွားမယ့်​ သ​ဘော​ပေါ့။ ဒီပုံစံနဲ့ဆို ဘယ်လိုလုပ်မလဲ" ယုတ္တိရှိရှိ ​မေးခွန်းထုတ်​ခဲ့မှုကို ​ရောက်​ရှိလာတဲ့ အာဏာပိုင်​​တွေက ​ဒေါ်​အောင်​ဆန်းစုကြည်​အစိုးရကို ယုံကြည်​ပါလို့ပဲ ယုတ္တိမရှိ ပြန်​​ဖြေခဲ့​ပါတယ်​။

နောက်​ဆုံးတွင်​ ၁၉၉၀ ​ရွေး​ကောက်ခံ လွှတ်တော်အမတ် ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်​အ​ရေးပါတီမှ ဦး​ဖော်​​ဇောလ်​အမတ်​က- "ကျ​နော်​တို့ဟာ ခေတ်အဆက်ဆက်မှ မဲပေးပိုင်​ခွင့်​၊ အရွေးခံပိုင်ခွင့်​ ရရှိခဲ့ပြီး ဝန်ကြီး​တောင်​ ဖြစ်နိုင်ခဲ့သူ​တွေပါ။ ကျ​နော်​တို့ လူ​တွေ နိုင်ငံ့ဝန်ထမ်း ဖြစ်နိုင်ခဲ့တယ်​။ နိုင်ငံသားဖြစ်မှ နိုင်​ငံ့ဝန်​ထမ်း ဖြစ်​နိုင်​တာပါ။ အခုက နိုင်​ငံဝန်​ထမ်း​တွေကိုလည်း ဖြုတ်​၊ ​ရွေး​ကောက်​ပွဲမှာ မဲ​ပေးပိုင်​ခွင့်​ အ​ရွေးခံပိုင်​ခွင့်​လည်း မ​ပေး၊ အခု​နောက်​ဆုံးမှာ လာပြီး ဒီ NVC ကဒ်​ထုတ်​​ပေးပြီး ၁၉၈၂ နိုင်​ငံသား ဥပ​ဒေနဲ့ စီစစ်ရတဲ့အထိ လုပ်​လာတယ်​​ပေါ့​နော်​။ အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ပြီး အခြားတိုင်းရင်းသားတွေလို တန်းတူရည်တူ အခွင့်အရေးရရှိခဲ့သူ​တွေကို ဘာလို့ တစ်​ဖန်​ စီစစ်​နေရတာလဲ" ဟု ​မေးခွန်း ထုတ်​ခဲ့​သော်​လည်း ​ရောက်​ရှိလာသည့်​ နယ်​လုံဝန်​ကြီးတို့အဖွဲ့က မည်​သို့မျှ ယုတ္တိဆန်​​သော အ​ဖြေမျိုးကို မ​ပေးနိုင်​ခဲ့​ပေ။ "အရင်​အစိုးရ မဟုတ်​ပါ။ ဒီအစိုးရကို ယုံကြည်​ပါ" လို​သာ ထပ်​တလဲလဲ ​ပြောကြားခဲ့​ကြောင်း အစည်းအ​ဝေးတက်​​ရောက်​ခဲ့သူများက ​ပြောပါသည်။

အစည်းအ​ဝေးပြီးသွားသည့် အခါ Group discussion ပုံစံမျိုးနှင့်​ ဆက်လက်ဆွေးနွေးရာတွင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ယခုကဲ့သို့ NVC ကဒ် ထုတ်ပေးခြင်းဖြင့် နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ မူဝါဒဖြစ်ကြောင်း ​ပြောပြရာ အထက်​ပါ ​ဆွေး​နွေးခဲ့သူ အငြိမ်းစား အထက်​တန်းပြ ​ကျောင်းဆရာ ဒီမိုကရေစီနိုင်ငံတော်၏ မူဝါဒများသည် ပြည်သူများ၏ ဆန္ဒအတိုင်းသာ ဖြစ်သင့်ကြောင်း၊ ဗဟိုအစိုးရ၏ ယခုကဲ့သို့ ပြည်သူများ၏ ဆန္ဒမပါရှိဘဲ မူဝါဒချမှတ်ခြင်းမှာ လုံးဝမှားယွင်းနေကြောင်း ပြောဆိုခဲ့သည်။

နောက်​ဆုံးအ​နေဖြင့် ဗိုလ်မှူးကြီး ထိန်လင်းက NVC ကဒ်​ကို အတင်းအဓမ္မနည်းဖြင့် ထုတ်ပေးမည် မဟုတ်ကြောင်း၊ NVC ကို လက်ခံမည့်သူလည်း ရှိသည်ဟု ယူဆကြောင်း၊ ထို့​ကြောင်း ခင်ဗျားတို့ လက်​မခံသူများအနေဖြင့်​ NVC ကဒ်​ လက်​ခံမည့်​သူများကို သွား​ရောက်​ စည်းရုံးခြင်း မပြုလုပ်​ရန်​ မှာကြားချင်​​ကြောင်းဟု ပြောဆိုကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ တစ်ဦးက RB News သို့ပြောပါသည်။

အစည်းအ​ဝေး မတက်​​ရောက်​ခဲ့သည့် မောင်​​တောမြို့နယ်​မှ ​ခေတ်​ပညာတတ်​ လူငယ်​တစ်ဦးက -

"နယ်​လုံဝန်​ကြီး ဦး​ဆောင်​​တဲ့ အဖွဲ့က​တော့ ​ဒေါ်​အောင်​ဆန်းစုကြည်​ အစိုးရကို ယုံကြည်​ပါ လို့ ​နှုတ်​ဖြင့်​သာ ​ပြော​နေတာပါ။ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကိုယ်​တိုင်​ လက်​မှတ်​ထိုး​ပေးတဲ့ NLD ပါတီဝင်​ကဒ်​ပြားမှာ​တောင်​ ရိုဟင်​ဂျာ လူမျိုးလို့ ​ရေးထားတာကို အခုကျ​တော့ NLD က ငြင်းပယ်​​နေတယ်​​လေ။ ဒီ​နေရာမှာ ကိုးကွယ်​တဲ့ ဘာသာကပဲ အဓိက စကား​ပြော​နေတာပါ။ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံက မ​နေ့က ဝင်​လာတဲ့ ရခိုင်​​တွေ အတွက်​​ကျတော့ ဘာ ၈၂ ဥပ​ဒေမှ မရှိဘူး။ သူတို့က ဗုဒ္ဓဘာသာကိုးကွယ်​တာကို .. ။ 

ရိုဟင်​ဂျာအ​ရေးကို ဒီအစိုးရမှာ အမှန်​တကယ်​ ကိုင်​တွယ်​ ​ဖြေရှင်းချင်​တယ်​ ဆိုလို့ ရှိရင်​ အမှန်​တရားကို ရဲရဲဝံ့ဝံ့ ထုတ်​​ဖော်​ရဲရမယ်​။ ရိုဟင်​ဂျာ ​ပြော​နေသူ​တွေကို ​ခေါ်ပြီး သမိုင်း​ကြောင်းအရ ​ဖြေရှင်းချက်​​ပေးခိုင်း​ပေါ့။ တစ်​ဖက်​က ရိုဟင်​ဂျာကို လက်​မခံဘူး ​ပြောပြီး ဘင်္ဂလီလို့ စွပ်​စွဲ​နေသူ​တွေကိုလည်း ဒီလူ​တွေ တကယ်​ ခိုးဝင်​လာ​ခဲ့တာဖြစ်​​ကြောင်း အ​ထောက်​အထား ပြခိုင်း​ပေါ့။ ကြားက​နေ နှစ်​ဖက်​စလုံးရဲ့ ​ဖြေရှင်းချက်​ထဲက အမှန်​တရားကို အစိုးရက ​ရဲရဲဝံ့ဝံ့ တရားဝင်​ ဖော်​ထုတ်​​ပေး​ပေါ့။ ပြဿနက ​ပြီးပြီ။ ဒီဟာ​တွေ လုပ်​မယ့်​အစား တစ်​ဖက်​သားကို လက်​နက်​အားနဲ့ ဖိအား​ပေးပြီး မတရားသဖြင့်​ အတင်းအဓမ္မ ကဒ်​​တွေ ထုတ်​​ပေးဖို့ ဟန်​ပြင်​​နေတာက​တော့ ဒီအစိုးရကလည်း လူ့အခွင့်​အ​ရေး လူနည်းစုအခွင့်​အ​ရေးကို ချိုး​ဖောက်​​နေတာပဲလို့ ​ပြောချင်​ပါတယ်​။" ဟု ဝေဖန်ပြောဆိုသည်။

Comment ရေးရန်

Rohingya Exodus