နောက်ဆုံးသတင်း/ဆောင်းပါးများ

နွားများ သယ်ယူ၊ ရောင်းဝယ်သည့် အခါ သားသတ်လိုင်စင်စီ သမားကို ငွေပေးသွင်းနေရ

Rohingya Eye
RB News
25.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာအုပ်စု၊ ချော်ကီးနာမရွာမှ မော်လ၀ီ ဆော်လိမ်မူလ္လာ (ဘ) ဦးဟာလာ (အသက် ၃၁ နှစ်) သည် မောရ၀တီရွာမှ နွား ၁၀ ကောင်ဝယ်ယူ၍ ပြန်လာစဉ် ဇော်မတက် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရပ်တန့်ခိုင်းကာ နွားသယ်ခွင့် ပါမစ်မရှိဟု စွပ်စွဲခဲ့သည်။ 

ထို့နောက် မော်လ၀ီဆော်လိမ်မူလ္လာက သားသတ်လိုင်စင်စီ ရရှိထားသူ ဦးယူနစ်ထံ သွားရောက်၍ ၎င်း၏ နွားများကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးရခြင်း အကြောင်းရင်းကို မေးမြန်းရာ ဦးယူနစ်က ကင်းစခန်းသို့ ငွေပေး၍ ပြန်လည် ရွေးယူရန်သာ ပြောသဖြင့် ငွေကျပ် တစ်သိန်း ပေး၍ ရွေးယူခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နွားများ တစ်ရွာမှ တစ်ရွာသို့ သယ်ယူလျှင် ဖြစ်စေ၊ ရောင်းဝယ်လျှင် ဖြစ်စေ သားသတ်လိုင်စင်စီ ရထားသူကို တစ်ကောင်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် မပေးပါက နယ်ခြားစောင့်ရဲများမှ တဆင့် နှောက်ယှက်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ သားသတ်လိုင်စင်စီ ရထားသူသည် လိုင်စင်ကို သိန်း ၉၀ ဖြင့် ရယူထားပြီး၊ ၎င်း၏ ဧရိယာမှာ သရေကုန်းတန်မှ သ၀န်းချောင်း အထိ ဖြစ်ကြောင်း သိရသည်။



Comment ရေးရန်

Rohingya Exodus