နောက်ဆုံးသတင်း/ဆောင်းပါးများ

သီဟိုဠ်ကျွန်းမှ နယ်ခြားစောင့် ဒုရဲအုပ်က ဒေသခံနှစ်ဦး ထံမှ ငွေညှစ်

MYARF
RB News
3.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း သီဟိုဠ်ကျွန်း (ယခင် - ဘက္ကားဂုံးနား) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုရဲအုပ်သည် ဒေသခံ တစ်ဦးကို လိုင်စင်မဲ့ သစ်အရောင်းအ၀ယ် ပြုလုပ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၃၀) ရက်နေ့ မွန်းလွှဲ ၁း၂၀ နာရီ အချိန်ခန့်တွင် သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ကျနေသည့် စခန်းမှူးသည် သီဟိုဠ်ကျွန်း အရှေ့ရွာမှ ဦးဟာရွန် (ဘ) ဦးဆင်မျာ၏ နေအိမ်သို့ သွားရောက်ပြီး လိုင်စင်မဲ့ သစ်ရောင်းဝယ် နေသည်ဟု စွပ်စွဲ၍ လက်ထိပ်ခတ် ဖမ်းဆီး၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ သြဂုတ်လ (၁) ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် အဆိုပါ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်သည် ဆယ်အိမ်မှူး တစ်ဦးနှင့် အတူ သီဟိုဠ်ကျွန်း ရွာမှ တံငါးသည် ဦးနော်ဇိရ်အာမတ်ကို အမျိုးသမီး နှစ်ဦးနှင့် လက်ထပ်ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

သီဟိုဠ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုရဲအုပ်သည် ဆယ်အိမ်မှူး တစ်ဦးနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲလျက် ရှိပြီး ငွေလိုသည့် အခါ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖန်တီး၍ ငွေညှစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။





Comment ရေးရန်

Rohingya Exodus