နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်းမြောက်ရွာတွင် သားသတ် လိုင်စင်စီခ အပြင် စ.ရ.ဖ နှင့် SB အတွက်ပါ ပေးနေရ

MYARF
RB News
4.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာတွင် တစ်မြို့နယ်လုံး ဆိုင်ရာ သားသတ်လိုင်စင်စီ၏ ကိုယ်စားလှယ် ဦးတော်မီဇူရာမာန် (ဘ) ဦးဂေါ်နီမျာသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများထံမှ ကျွဲ၊ နွားတစ်ကောင် ဖော်ရန် အတွက် ငွေကျပ် ၅၀၀၀ အပြင် စ.ရ.ဖ နှင့် အထူး သတင်းတပ်ဖွဲ့ (SB) အတွက် ငွေကျပ် ၇၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် အမှတ် (၂) ရပ်ကွက်မှ သားသတ်လိုင်စင်စီ မောင်မော်စိန်သည် ဥဒေါင်း ကျေးရွာအုပ်စု တစ်ခုလုံးတွင် သားသတ်လိုင်စင်ခွန်များ ကောက်ခံနိုင်ရန် အတွက် ဇူမ္မာရွာမှ ဦးမိုဟာမတ်ဟာရှိမ် (ဘ) ဦးနာဇိရ်ဟူစိန်းသို့ လွှဲပြောင်း ရောင်းချလိုက်သည်။ တစ်ဖန် တစ်ဆင့်ခံ ကိုယ်စားလှယ် ဦးမိုဟာမတ်ဟာရှိမ်က ယင်းရွာမှ ဦးတော်မီဇူရာမာန် အား ဥဒေါင်းမြောက်ရွာတွင် ၅ လတာ ကာလအတွက် ကျွဲ၊ နွားဈေးကောက် ကောက်ခံနိုင်ရန် ငွေကျပ် ၁၀ သိန်းဖြင့် ရောင်းချလိုက်သည်။
ဦးတော်မီဇူရာမာန်က ၎င်း၏ ကျေးရွာဖြစ်သည့် ဥဒေါင်း မြောက်ရွာတွင် ဖော်မည့် ကျွဲ၊ နွားတစ်ကောင်လျှင် လိုင်စင်စီ အတွက် ငွေကျပ် ၅၀၀၀၊ စ.ရ.ဖ အတွက် ငွေကျပ် ၅၀၀၀ နှင့် SB အတွက် ငွေကျပ် ၂၀၀၀ နှုန်း အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

စားသုံးရန် ကျွဲ၊ နွားများ ဖော်ခြင်းသည် စည်ပင်သာယာရေး အဖွဲ့နှင့်သာ သက်ဆိုင်ပြီး အခြား မည်သည့် အစိုးရ ဌာနနှင့် သက်ဆိုင်ခြင်း အလျဉ်း မရှိပေ။ အလယ်သံကျော် အခြေစိုက် စ.ရ.ဖ နှင့် SB ရုံးများက မသက်ဆိုင်ဘဲ ပတ်သက်နေခြင်းကြောင့် နားလည်မှု လွှဲမှား၍ ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာနိုင်သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်ဟု ဆိုသည်။




Comment ရေးရန်

Rohingya Exodus