နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၂ ပဋိပက္ခရှောင် ရိုဟင်ဂျာများ၏ မြေနေရာများကို ဘင်္ဂလီ - ဗုဒ္ဓဘာသာဝင် များကို ပေးနေ

Rohingya Eye

RB News
25.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါကျေးရွာအုပ်စု၊ ဖူရူသော်လ္လာရွာ သည် န.တ.လ ရွာနှင့် ကပ်လျက် တည်ရှိသော ရွာတစ်ရွာဖြစ်သည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် န.တ.လ ရွာသားများက ဖူရူသော်လ္လာရွာမှ ရိုဟင်ဂျာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်၍ ဆွေမျိုးနီးစပ်များ၏ အိမ်များတွင် ခိုလှုံနေထိုင်ခဲ့ရသည်။ 

ယခုအခါ အခြေအနေ အရပ်ရပ်မှာ တည်ငြိမ်နေပြီ ဖြစ်သောကြောင့် ရွာမှ ထွက်သွားခဲ့သူများမှာ မိမိတို့၏ ရွာသို့ ပြန်လာပြီး၊ မိမိတို့၏ ခြံမြေနေရာများတွင် တဲအိမ်များ ဆောက်လုပ်၍ နေထိုင်ခဲ့ရာ သြဂုတ်လ (၂၂) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ အမိန့်ဖြင့် သံဒါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာဘုလ်ကာဆိမ်းက တဲအိမ်များကို ဖယ်ရှားခဲ့သည်။ 

တဲအိမ်များ ဖယ်ရှားခံရသူများမှာ ယခုအခါ အိုးမဲ့အိမ်မဲ့ နေစရာမဲ့ ဖြစ်နေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသူများကို အာဏာပိုင်များက ကူညီ ထောက်ပံ့ပေးရမည့် အစား ယခုကဲ့သို့ ကိုယ်ထူကိုယ်ထ တဲများကို ဖယ်ရှားခြင်းမှာ အလွန် ရက်စက် ယုတ်မာသည့် လုပ်ရပ်ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

ယခုအခါ အဆိုပါ ရိုဟင်ဂျာများ၏ မြေနေရာများတွင် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီ ဗုဒ္ဓဘာသာဝင်များကို နေရာချပေးနေကြောင်း သိရှိရသည်။ ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် ပြောင်းရွှေ့ ရောက်ရှိလာသည့် အချိန်မှ စ၍ ရိုဟင်ဂျာများ၏ လယ်ယာမြေ သိမ်းဆည်းမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus