နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့သူကြီးရွာမှ ၁၃ နှစ်အရွယ်တစ်ဦး အပါအ၀င် (၇) ဦးကို စစ်သားများက အနီးကပ် ပစ်သတ်

MYARF
RB News
10.10.2016

မောင်တော ။ ။  ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာမှ ရိုဟင်ဂျာ ၇ ဦးကို စစ်သားများက အိမ်မှ ခေါ်ထုတ်သွားကာ အနီးကပ် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။

အောက်တို့ဘာလ (၁၀) ရက်၊ နံနက် ၅ နာရီအချိန်ခန့်ကစ၍ စစ်သားများက မြို့သူကြီးကျေးရွာအုပ်စု ရွာဟောင်းနှင့် သောင်းပိုင်းညာရွာ တို့ကို ဝိုင်းထားခဲ့သည်။ စစ်တပ်၏ ဝိုင်းထားခြင်းခံရသော ရွာသူရွာသားများသည် မိမိတို့၏နေအိမ်များမှ အပြင်သို့ မထွက်ဘဲ နေခဲ့ကြသည်။ ထိုအထဲမှ အချို့က မိမိတို့၏နေအိမ်မှ အပြင်သို့ ချောင်းကြည့်သည်ကို စစ်သားများက မြင်သောအခါ ထိုအိမ်များသို့ ၀င်ရောက်၍ အိမ်ထဲရှိ အမျိုးသားများကို ခေါ်ထုတ်ပြီး မနီးမဝေးနေရာတစ်ခုသို့ ခေါ်သွားကာ အနီးကပ် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထိုသို့ အနီးကပ် ပစ်ခတ်ခံရပြီး အသတ်ခဲ့ရသူများထဲတွင် ၁၃ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်နေသည်။ ၎င်းနှင့်အတူ ၎င်း၏ အစ်ကိုတစ်ဦးလည်း တစ်ချိန်တည်း ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။

အလောင်းများကို မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် စစ်သားများက ၎င်းတို့ကားပေါ် တင်ပြီး ယူဆောင် သွားသည်ဟု ဒေသခံများက ပြောပါသည်။

စစ်သားများ၏ အနီးကပ်ပစ်ခတ်ခြင်းကို ခံရပြီး သေဆုံးခဲ့သူများ --

မြို့သူကြီးကျေးရွာအုပ်စု ရွာဟောင်းမှ--

၁။ မာမတ်အာယာစ် (ဘ) ကာမာလ် - ၁၃ နှစ်
၂။ မာမတ်ဟူးဆောင်း (ဘ) ကာမာလ် - ၂၀ နှစ်
၃။ ဦးမော်ဇူ (ဘ) အဒူမူနာဖ် - ၃၀ နှစ်
၎။ နေဇာမူဒိန် (ခ) ဒေါရ်မိန့်ဒါရ် (ဘ) အာယာစ် - ၃၅ နှစ်

မြို့သူကြီးအုပ်စု သောင်းပိုင်းညာရွာမှ--

၁။ ဦးနူရူ (ဘ) နော်ဇိရ်အမတ်
၂။ ဦးနာဂို (ဘ) ကာဒိရ် -
၃။ ဦးအီနုစ်၏ သား - ၁၈ နှစ်

မြို့သူကြီးရွာသည် အောက်တိုဘာလ (၉) ရက်နေ့၊ ညသန်းခေါင်ကျော်၌ BGP နှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာနှင့် အလွန်ဝေးကွာသော နေရာတွင် တည်ရှိသည်။

မြန်မာ့တပ်မတော် အနေဖြင့် အပြစ်မဲ့ ပြည်သူများကို ဤကဲ့သို့ အနီးကပ် ပစ်ခတ် သတ်ဖြတ်နေခြင်းမှာ အင်မတန် လူမဆန်သောလုပ်ရပ်သာ ဖြစ်သည်။

စစ်ပွဲဖြစ်ပွားလျှင်ပင် အရပ်သားပြည်သူများကို အစိုးရမှ အကာအကွယ်ပေးရသည် ဖြစ်သော်လည်း ယခု မောင်တောတွင် အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်မှုသည် အလွန်ပင် ထိတ်လန့်စရာ ကောင်းနေပါသည်။

ယခုအခါ မောင်တော ရိုဟင်ဂျာပြည်သူများ အားကိုးရမဲ့နေပြီး အသတ်ခံရမည့် အလှည့်ကိုသာ ဘုရားသခင်ကို တသရင်း စောင့်ဆိုင်းနေသည်ဟု ဒေသခံများက ဆိုသည်။ 











Comment ရေးရန်

Rohingya Exodus