နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့ ဒါးပိုင်ကျေးရွာရှိ ဈေးမှ ဆိုင် ၁၀ ခန်း၊ အိမ်နဲ့ဆိုင် ၃ လုံး တွဲလျက် မီးလောင်

RB News
7.11.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်ကျေးရွာရှိ ဈေးမှဆိုင်ခန်း အချို့နှင့် အိမ်ဆိုင် အချို့ မီးလောင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် စစ်တွေမြို့၊ ဒါးပိုင် ကျေးရွာရှိ ဆိုင်ခန်း ၁၀ ခန်းနှင့် အိမ်နှင့်ဆိုင် တွဲလျက် ၃ လုံး မီးလောင်မှု ပျက်စီးခဲ့သည်။

“မီးကတော့ ပေါ့ဆမီးပါ၊ ဆိုင်ခန်း ၁၀ ခန်းနဲ့ အိမ်ဆိုင် ၃ လုံး ပါသွားတယ်။ ဆိုင်ခန်းတွေကတော့ ဟင်းသီးဟင်းရွက် ဆိုင်တွေများတော့ ပျက်စီးမှု တန်ဖိုးနည်းတယ်။ အိမ်ဆိုင်မှာ အထည်ဆိုင်ပါတော့ နည်းနည်း တန်ဖိုးများတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဒေသခံများနှင့် မီးသတ်ကားများ ၀ိုင်းဝန်း မီးငြိမ်းသတ်မှုကြောင့် အချိန်အတန်ကြာ မီးလောင်ကျွမ်းပြီး မီးငြိမ်းသတ် သွားခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ - ဒါးပိုင်ဈေးမှ ဆိုင်ခန်းများ မီးလောင်နေပုံ





Comment ရေးရန်

Rohingya Exodus