နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့နယ် လူကုန်ကူးမှုတားဆီးရေး အဖွဲ့မှ ဒုရဲအုပ်က ဒေသခံများထံမှ ငွေညှစ်

RB News
21.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုရဲအုပ်သည် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုရဲအုပ်သည် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့နှင့် ပူးပေါင်း၍ လက်ဝဲဒက်ပြင်ရှည် ရွာသစ်ရွာမှ ဦးအာဘူတာဟဲရ် (ဘ) ဦးအဒူကော်ရိမ် ထံမှ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ငွေကျပ် သုံးသိန်း၊ ဦးမာမတ်ဆိဒိတ် (ဘ) ဦးအိဒိရိစ် ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း၊ ဦးဟာရှိမ်း (ဘ) ဦးအာဘူဆီဒိတ် ထံမှ ငွေကျပ် သုံးသိန်း၊ ကွန်တိုင်ရွာမှ ဥက္ကဌဟောင်း ဦးအာဘူဖွေယာစ် ထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။  ငွေညှစ်ခံရသူများကို လူကုန်ကူးနေသည်ဟု မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် လက်ဝဲဒက်ပြင်ရှည်ရွာမှ ဦးမာမတ်ရော်ရှိတ် ကို အကြမ်းဖက်သမားများအား ထမင်းကျွေးသည်ဟု စွပ်စွဲ၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။

အမှတ် (၁) ရပ်ကွက်မှ ဟာဖီးဇ်နူရ်ဆလာမ် (ဘ) ဦးအဒူဆလာမ် ထံမှလည်း အောက်တိုဘာလ (၁၅) ရက်နေ့တွင် ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့သည်။

အဆိုပါ ဒုရဲအုပ်သည် ဒေသခံများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၃၀၀ ကျော် ညှစ်ယူခဲ့ပြီး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus