နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ၊ ရဲအောင်ချောင်း ကျေးရွာတွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၀င်ရောက် စခန်းချထားမှုကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိ

Rohingya Eye
RB News
15.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချေင်း ကျေးရွာ အတွင်းသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ၀င်ရောက် စခန်းချထားမှုကြောင့် ဒေသခံများ စိုးရိမ်လျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချောင်း ကျေးရွာမှ ဒေသခံတစ်ဦး ဖြစ်သည့် ဦးဖောယာစ် (ဘ) ဦးအန်ဒါဟူဆောင်း (အသက် ၄၈ နှစ်) သည် ဇန်န၀ါရီလ (၁၄) ရက်နေ့ ညနေပိုင်းတွင် ရွာမှ ရုတ်တရက် ပျောက်သွားပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ ယနေ့ ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား အင်အား ၁၀၀ ခန့်နှင့် နယ်ခြားစောင့်ရဲ အင်အား ၅၀ ခန့် ရွာအတွင်းသို့ ၀င်ရောက်လာခဲ့သည်။

“တပ်ဖွဲ့ဝင်တွေ ရွာထဲကို ၀င်လာပြီး လမ်းမှာတွေ့သမျှ လူတွေကို ရိုက်နှက်တာတွေ လုပ်တယ်။ အဲဒီတော့ ရွာက အမျိုးသား တော်တော်များများ ရွာကနေ ထွက်ပြေးသွားတယ်။ ရွာထဲမှာကျန်ခဲ့တဲ့ အမျိုးသား ၁၀ ယောက်လောက်ကို ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ရွာအတွင်းရှိ ကျောင်းတွင် စခန်းချထားကြောင်း၊ ဖမ်းဆီးထားသူများကို တပ်ဖွဲ့ဝင်များ ညအိပ်ရန် အတွက် ကျောင်းတွင် အိပ်ရာများ ပြင်ဆင်ခိုင်းကာ ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရွာအတွင်းတွင် အမျိုးသမီးများသာ ကျန်နေပြီ၊ အမျိုးသားများ မရှိသလောက် ဖြစ်နေသောကြောင့် အင်အား အပြည့်နှင့် ရွာထဲတွင် စခန်းချနေသည့် တပ်ဖွဲ့ဝင်များ ညပိုင်းတွင် အကြမ်းဖက်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သိရှိရသည်။



Comment ရေးရန်

Rohingya Exodus