March 17, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စစ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဘာသာရေးဆရာ တစ်ဦး တပ်ရင်း၌ပင် သေဆုံး

MYARF
RB News
16.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း သင်္ဂနာကျေးရွာ အခြေစိုက် တပ်ရင်း ၅၅၂ မှ စစ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဘာသာရေးဆရာတစ်ဦး တပ်ရင်း၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်း၊ သင်္ဂနာကျေးရွာ အခြေစိုက် တပ်ရင်း ၅၅၂ မှ စစ်သားများသည် ဇန်န၀ါရီလ (၉) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ငရန့်ချောင်းကျေးရွာအုပ်စုသို့ သွားရောက်၍ ဦးအာဘူဆူဖီယာန်နှင့် ၎င်း၏ သားများဖြစ်သူ ဘုရှ့်ရှာနှင့် ဆုလ်တာန်အာမတ် တို့ကို နေအိမ်မှ ဖမ်းဆီး၍ တောင်ဘဇာ ဆေးရုံနှင့် ရဲစခန်းကြား တစ်နေရာတွင် တစ်နေကုန် ကြိုးများဖြင့် ချည်နှောင်ထားခဲ့ပြီး ညနေပိုင်းတွင် တပ်ရင်း ၅၅၂ သို့ ခေါ်ဆောင်သွားခဲ့သည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့ (၃) ဦးကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

၎င်းတို့ (၃) ဦးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများဟု စွပ်စွဲလျက် ရှိကြောင်း စုံစမ်း သိရှိရသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် တပ်ရင်း ၅၅၂ မှ စစ်သား (၈) ဦးသည် ဆိုင်ကယ် ငါးစီးဖြင့် ငါးရန့်ချောင်း ချောင်းကမ်းသို့ ရောက်ရှိလာပြီး၊ ဆိုင်ကယ်များကို ကမ်းနားတွင် ထားရှိကာ ချောင်းကူး၍ ငါးရန့်ချောင်းသို့ သွားရောက်ခဲ့သည်။ ထို့နောက် စစ်သား (၃၀) ဦးခန့် စက်လှေဖြင့် ရောက်ရှိလာပြီး၊ နေအိမ်များကို ၀င်ရောက် စစ်ဆေး၍ မော်လ၀ီဘာဒူလ္လာ (အသက် ၆၀ နှစ်) နှင့် ၎င်း၏ သား ဦးဟာလာဘောဒါ (အသက် ၃၀ နှစ်)၊ မော်လ၀ီ အာဘုလ်အာလောမ် (အသက် ၁၈ နှစ်)၊ ဦးရှိုအိုင်ဘ် (ဘ) ဦးမူဇေမဲလ် (အသက် ၃၀ နှစ်)၊ ဦးမိုဟာမတ်ကာဆိမ်း (အသက် ၄၈ နှစ်) တို့ကို ဖမ်းဆီး၍ တပ်ရင်း ၅၅၂ သို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့အပြင် ဦးအာမိရ်ဟာကိမ်းနှင့် ဦးယာစီးန် တို့ကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညပိုင်းတွင် ဦးအာမိရ်ဟာကိမ်း၏ မိခင် သေဆုံးသွားသဖြင့် ဦးအာမိရ်ဟာကိမ်းက မိခင်၏ ရုပ်အလောင်းကို ကြည့်ရှုရန် လာရောက်မည်ဟု ဆိုသဖြင့် စစ်သားများက ၎င်း၏ အိမ်သို့ လာရောက်၍ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် စစ်သားများသည် ငါးရန့်ချောင်း ကျေးရွာသို့ ပြန်လည် ရောက်ရှိလာပြီး ဦးအာမိရ်ဟာကိမ်း၏ အိမ်ရှေ့ရှိ အိမ်မွေးငါးကန်ကို လက်နက်များ ၀ှက်ထားသည်ဟု ဆိုကာ ရေစုပ်စက် သုံးလုံးဖြင့် ရေစုပ်၍ ရှာဖွေခဲ့သည်။ သို့သော်လည်း မည်သည့် လက်နက်မှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်သားများက ဦးအာမိရ်ဟာကိမ်းနှင့် ဦးယာစီးန် တို့ကို ရွာသားများက ဖမ်းဆီး၍ တပ်ရင်း ၅၅၂ သို့ အပ်နှံရန်၊ မအပ်နှံပါက ငရန့်ချောင်း တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် တပ်ရင်း ၅၅၂ မှ ဒု-တပ်ရင်းမှူးသည် တပ်ရင်းသို့ ရောက်ရှိလာပြီး၊ ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ဖမ်းဆီးခဲ့သူ (၅) ဦးကို တောင်ဘဇာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွား၍ စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် တပ်ရင်း ၅၅၂ သို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။

တပ်ရင်းတွင် စစ်သားများ၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယင်းနေ့ ညပိုင်းတွင် မော်လ၀ီ ဘာဒူလ္လာသည် တပ်ရင်း၌ပင် သေဆုံးသွားခဲ့သည်။

ယနေ့ ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၉း၄၀ နာရီ အချိန်တွင် ဒု-တပ်မမှူးနှင့် တပ်ရင်း ၅၅၂ မှ ယာယီတပ်ရင်းမှူး အပါအ၀င် စစ်သား (၅၀) ဦးခန့်သည် စစ်လှေများဖြင့် မော်လ၀ီဘာဒူလ္လာ၏ ရုပ်အလောင်းကို တောင်ဘဇာ ဆေးရုံသို့ သယ်ဆောင်လာပြီး နံနက် ၁၀ နာရီကျော် အချိန်တွင် စစ်သားများသည် မော်လ၀ီဘာဒူလ္လာ၏ နေအိမ်သို့ သွားရောက်၍ မော်လ၀ီဘာဒူလ္လာ၏ ဇနီး၊ မိခင်၊ သားသမီးများနှင့် ပတ်ဝန်းကျင်မှ လူကြီး အချို့ကို ဆေးရုံသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားကာ မော်လ၀ီဘာဒူလ္လာသည် ပန်းနာရင်ကျပ် ရောဂါဝေဒနာရှင် တစ်ဦး ဖြစ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ ထို့နောက် သေဆုံးသွားသူ၏ ရုပ်အလောင်းကို မိသားစုများထံ အပ်နှံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မိသားစုများက နေ့လည်ပိုင်းတွင် ဘာသာရေး ထုံးထမ်းစဉ်လာနှင့် အညီ ယနေ့ နေ့လည်ပိုင်းတွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။

ထို့နောက် ဒု-တပ်မမှူးက ငါးရန့်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လုံမှ တဆင့် ငါးရန့်ချောင်း ရွာသားများကို မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ရန်၊ ၎င်းတို့ကို စစ်သားများက ဖမ်းဆီးမည် မဟုတ်ကြောင်း၊ အကယ်၍ အခြားနေရာများတွင် တွေ့ရှိပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက နေ့လည်ပိုင်းတွင် ရွာသားများကို ခေါ်၍ ဒု-တပ်မမှူး ပြောကြားခဲ့သည်များကို ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။



Comment ရေးရန်

Pages 22123456 »
Rohingya Exodus