နောက်ဆုံးသတင်း/ဆောင်းပါးများ

အမှုနှင့် မသက်ဆိုင်သူ တစ်ဦးကို မောင်တော နယ်ထိန်းများက ဖမ်းဆီး၍ ငွေညှစ်ရန် ကြိုးစားနေ

MYARF
RB News
13.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းမှ ဓါးထိုးမှုနှင့် မသက်ဆိုင်သည့်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ငွေညှစ်ရန် ကြိုးစားနေကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စု၊ ဒိလ်ဖာရာမှ ဒေါ်ဟာမီဒါ၏ မောင်ဖြစ်သူနှင့် ယင်းရွာမှ ရွာသားတစ်ဦးတို့ ရန်ဖြစ်ခဲ့ကြရာ ဒေါ်ဟာမီဒါ၏ မောင်ဖြစ်သူက ၎င်းနှင့် ရန်ဖြစ်သူကို ဓါးဖြင့် ထိုးခဲ့သည်။ 

ဓါးထိုးမှုနှင့် ပတ်သက်၍ ညနေ (၄) နာရီ အချိန်ခန့်တွင် မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းများသည် ရွာထဲသို့ လာရောက်၍ ပြစ်မှုကျူးလွန်သူကို ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် သီးခြားအိမ်ခွဲ၍ နေထိုင်သည့် ဒေါ်ဟာမီဒါကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဒေါ်ဟာမီဒါသည် ဓါးထိုးမှုနှင့် မည်သို့မှ ပတ်သက်ခြင်း မရှိသော်လည်း နယ်ထိန်းများက ပြစ်မှုကျူးလွန်သူနှင့် မောင်နှမတော်စပ်သည်ကို အကြောင်းပြ၍ ဖမ်းဆီးသွားခြင်း ဖြစ်ပြီး၊ ယခုအခါ ပြန်လွှတ်ပေးရန် အတွက် ငွေကျပ် ၅ သိန်း တောင်းခံနေကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဒေါ်ဟာမီဒါ တွင် နို့စို့ကလေးနှင့် အရွယ်မရောက်သေးသော ကလေးငယ်များလည်း ရှိကြောင်း သိရှိရသည်။




Comment ရေးရန်

Rohingya Exodus