နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ်မှ နယ်ခြားစောင့်ရဲများက ဒေသခံတစ်ဦးကို ဖမ်းဆီးငွေညှစ်၊ ခြံစည်းရိုးပြင်ရန် အတင်းအဓမ္မ ခိုင်းစေလျက်ရှိ

Rohingya Eye
RB News
24.3.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မြင်းလွတ်မြို့နယ်ခွဲမှ ဒေသခံတစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ပြီး၊ ရွာသားများကို ခြံစည်းရိုးပြင်ရန်အတွက် အတင်းအဓမ္မ ခိုင်းစေလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မတ်လ (၂၁) ရက်နေ့ ည (၇) နာရီအချိန်တွင် မြင်းလွတ်မြို့နယ်ခွဲ၊ အမှတ် (၈) ရပ်ကွက် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် အဆိုပါ ရပ်ကွက်မှ ဦးမာဒူး (ဘ) ဦးဇာဖော်ရ် (အသက် ၃၀ နှစ်) ကို နေအိမ်မှ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဦးမာဒူးသည် ယခင်က သစ်အရောင်းအ၀ယ် ပြုလုပ်ခဲ့သော်လည်း ယခုအခါ လုပ်ကိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။ ၎င်းအား တရားမ၀င် သစ်အရောင်းအ၀ယ် ပြုလုပ်နေသည်ဟု လုပ်ကြံစွပ်စွဲ၍ ခြိမ်းခြောက် အကျပ်ကိုင်ကာ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ည (၁၀) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အမှတ် (၈) ရပ်ကွက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း၏ ခြံစည်းရိုး ပြင်ရန်နှင့် ခြံစည်းရိုးအတွင်း အမှိုက်ရှင်းလင်းရန် အတွက် လစဉ်လတိုင်း တစ်လလျှင် လူ (၉) ဦးစီကို အတင်းအဓမ္မ ခိုင်းစေလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus