April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ခမရ (၅၅၂) တပ်ရင်းမှ တပ်ရင်းမှူးနှင့် အဖွဲ့က ၀တ်ပြုရန် ပြင်ဆင်နေသည့် သက်ကြီးရွယ်အို နှစ်ဦးကို ဖမ်းဆီး ရိုက်နှက်၍ ဒဏ်ရိုက်

MYARF
RB News
17.4.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခမရ (၅၅၂) တပ်ရင်းမှ တာဝန်ခံတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၄) ဦးတို့က ၀တ်ပြုရန် ပြင်ဆင်နေသည့် အသက် (၆၀) ကျော် သက်ကြီးရွယ်အို ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့သည့် အပြင် ဒဏ်ရိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဧပြီလ (၁၆) ရက်နေ့ ည ၆ နာရီခွဲခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် ခြင်းသားကျေးရွာအုပ်စုရှိ ဗလီ၌ ၀တ်ပြုရန်သွားသည့် အသက် (၆၀) ကျော် သက်ကြီးရွယ်အို ရိုဟင်ဂျာနှစ်ဦးကို ခမရ (၅၆၄) မှ ရေကစားပြီး ပြန်လာသည့် ခမရ (၅၅၂) တပ်ရင်းမှ တာဝန်ခံတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၄) ဦးတို့က ဗလီခြံဝန်းထဲတွင် မြင်တွေ့ပြီးနောက် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

 ဖမ်းဆီးခံရသူနှစ်ဦးမှာ --

(၁) ဦးဆော်ယာဒ်အာလောမ် (ဘ) ဦးအဘူဘော်ကော်ရ်
(၂) ဦးအဒူမူနာဖ် (ဘ) ဦးရှောမ်ရှု တို့ဖြစ်ကြသည်။

တပ်ဖွဲ့ဝင်များက အဆိုပါ သက်ကြီးရွယ်အိုနှစ်ဦးကို ဖမ်းဆီးပြီးနောက် ခြေဖြင့် ကန်ကျောက်ခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။ 

တပ်ဖွဲ့ဝင်များက ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီးနောက် တပ်ရင်းမှူးက “နောက်ထပ်မရိုက်နဲ့တော့” ဟု ၎င်း၏ လက်အောက်ငယ်သားများကို တားမြစ်ခဲ့ပြီး၊ ဖမ်းဆီးခံရသူနှစ်ဦးကို ပြေးသွားခိုင်းခဲ့သည်။ ဖမ်းဆီးခံထားရသူ သက်ကြီးရွယ်အိုနှစ်ဦးက တပ်ရင်းမှူး၏ အမိန့်ကို မလိုက်နာလျှင် နောက်ထပ် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ တပ်ရင်းမှူး အမိန့်ပေးသည့်အတိုင်း ပြေးထွက်သွားခဲ့ရာ တပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်ဖြင့် နောက်မှ သေနတ်ချိန်ရွယ်၍ လိုက်လာပြီး တစ်မိုင်ခန့်အထိ ပြေးခိုင်းခဲ့သည်။ 

အဆိုပါ သက်ကြီးရွယ်အို နှစ်ဦးကို တစ်မိုင်ခန့်အထိ ပြေးခိုင်းခဲ့ပြီးနောက် နောက်ထပ်တစ်ခါ ဖမ်းဆီးခဲ့ပြီး တပ်ရင်းသို့ ခေါ်ဆောင်သွားချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးတစ်ဦးတို့ ရောက်ရှိလာပြီး သက်ကြီးရွယ်အို နှစ်ဦးကို ပြန်လည် လွှတ်ပေးရန် တပ်ရင်းမှူးနှင့် အဖွဲ့ကို အနူးအညွတ်တောင်းပန်ခဲ့သော်လည်း ၎င်းတို့ကိုပါ မိုက်ရိုင်း ညစ်ညမ်းစွာ ဆဲဆိုခဲ့သည်။

နောက်ဆုံးတွင် တပ်ရင်းမှူးက “မနက်ဖြန်မနက် တပ်ရင်းကို လာခေါ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကို မှာကြား၍ တပ်ရင်းမှူးနှင့်အဖွဲ့ ပြန်သွားခဲ့သည်။ 

ဧပြီလ (၁၇) ရက်နေ့တွင် သက်ကြီးရွယ်အိုနှစ်ဦးကို သွားရောက်ခေါ်ဆောင်ရာတွင် တပ်ရင်းမှူးနှင့် အဖွဲ့က ငွေအစား ကြက်ဖ (၁၅) ကောင် ဒဏ်ရိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus