နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ်မှ စ.ရ.ဖ တာဝန်ရှိသူတစ်ဦးက ဒေသခံများထံမှ ငွေညှစ်နေ

MYARF
RB News
9.5.2017

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့တွင် တာဝန်ကျနေသည့် စ.ရ.ဖ မှ ဆရာကြီး ဆိုသူသည် ယခင်က ထောက်လှမ်းရေး ပုံစံအတိုင်း ဒေသခံများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မေလ (၃) ရက်နေ့တွင် ခမောင်းဆိပ်မြို့ ရဲဘောကျား (မြောက်) ရပ်ကွက်မှ ကွယ်လွန်သူ ဦးမိုဟာမတ်တာဟဲရ်၏ ဇနီးဖြစ်သူ ဒေါ်ရောမ်ဘာဟားရ် (အသက် ၅၅ နှစ်) သည် ၎င်း၏ မိသားစု ရိက္ခာအတွက် စပါးတင်း ၁၀၀ ကို အရှေ့ခမောင်းဆိပ်မှ ၀ယ်ယူလာခဲ့ပြီး၊ နေအိမ်တွင် ဆန်စက်ဖြင့် ကြိတ်ပြီးနောက် ဆန် ၁၆ အိတ်ရရှိခဲ့သည်။ အဆိုပါ ဆန်အိတ်များကို စ.ရ.ဖ မှ ဆရာကြီးဆိုသူက တစ်စုံတစ်ရာ အကြောင်းပြချက် မရှိဘဲ ဓါးပြတိုက်သည့် ပုံစံဖြင့် သိမ်းယူ၍ ခမောင်းဆိပ်ဈေးတွင် လျှော့ဈေးဖြင့် ပြန်လည် ရောင်းချခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။

အဆိုပါ စ.ရ.ဖ ဆရာကြီး ဆိုသူသည် ခမောင်းဆိပ်မြို့တွင် အာဏာရှင်တစ်ဦး ပုံစံဖြစ်နေပြီး၊ အမှုအခင်းများ ဖြစ်ပေါ်လျှင် သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းလျှင်ပင် ၎င်းကို ငွေပေးရကြောင်း၊ ဒေသခံများထံမှ မတရားသဖြင့် မကြာခဏ ငွေညှစ်လျက်ရှိကြောင်း၊ အချို့ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများက ၎င်းနှင့် ပူးပေါင်း၍ ငွေညှစ်ကာ ဝေစုခွဲဝေယူခြင်းများလည်း ရှိနေကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus