နောက်ဆုံးသတင်း/ဆောင်းပါးများ

လန်ဒန်မြို့တွင် ကချင်၊ ရိုဟင်ဂျာနှင့် အခြားလူမျိုးစုများက ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြ



RB News
8.5.2017

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့ရောက် ကချင်၊ ရိုဟင်ဂျာများနှင့် အခြားလူမျိုးများက စုပေါင်း၍ ယနေ့ မေလ (၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ၂ နာရီထိ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

City of London Guildhall တွင် Freedom of the City ဆုယူရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို အင်အား ၅၀ ခန့်ရှိသည့် အဖွဲ့ ၅ ဖွဲ့မှ ကိုယ်စားလှယ်များက ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး၊ ဆန္ဒပြပွဲသို့ နိုင်ငံတကာ မီဒီယာများ တက်ရောက်၍ သတင်းယူခဲ့ကြသည်။

ဆန္ဒပြပွဲမတိုင်မှီ လန်ဒန်မြို့ အခြေစိုက် Kachin National Organisation (KNO) မှ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်လူမျိုးများကို ကိုယ်စားမပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ KNO ဥက္ကဌ ဖြစ်သူ ဦး Ring Du Lachyung က ဆန္ဒပြပွဲတွင်လည်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဆန္ဒပြပွဲတွင် ပါဝင်သူများက Suu Kyi is lying; Rohingyas are dying, Suu Kyi is lying; Kachins are dying, Suu Kyi is lying; Minorities are dying ဟု ကြွေးကြော်ခဲ့သည်။

ကချင်၊ ရိုဟင်ဂျာနှင့် မြန်မာမွတ်စလင် ကိုယ်စားလှယ်များက ၎င်းတို့၏ လူမျိုးစုများ ကြုံတွေ့နေရသည့် အခြေအနေများ၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆန္ဒပြပွဲကို လန်ဒန်မြို့အခြေစိုက် Kachin National Organisation UK, Burmese Rohingya Organisation UK, Burmese Muslim Association, RestlessBeings နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင် တို့မှ ဦးဆောင်၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ဆန္ဒပြပွဲသို့ လူမျိုးစုများနှင့် အတူ ဒေါက်တာမောင်ဇာနည်လည်း တက်ရောက်ခဲ့သည်။









Comment ရေးရန်

Rohingya Exodus