April 16, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော ဂေါ်ဒူသာရ ရွာသစ်ရွာမှ ဒေသခံများကို အာဏာပိုင်များက ရိုက်နှက်၍ အချို့ကို ဖမ်းဆီး၊ နေအိမ်များ ဖြိုချ ဖျက်ဆီး

MYARF
RB News
10.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာအုပ်စုနှင့် ပညောင်ပင်ကြီး ကျေးရွာအုပ်စုများသို့ ဌာနဆိုင်ရာပေါင်းစုံ အဖွဲ့ ၀င်ရောက်စီးနင်းပြီးနောက် လူနေအိမ်များ ဖြိုဖျက်လိုက်ကြောင်း၊ အိမ်ရှင်များကို ရိုက်နှက်၍ အချို့ကို ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၈) ရက်နေ့ နေ့လည် ၃ နာရီခန့် အချိန်တွင် ဂေါ်ဒူသာရကျေးရွာအုပ်စုနှင့် ပညောင်ပင်ကြီး ကျေးရွာအုပ်စုတို့၏ ထိပ်ပိုင်းရှိ ရွာသစ်ရွာသို့ ဂေါ်ဒူသာရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး ကျော်သီဟာ ဦးဆောင်သော ဌာနဆိုင်ရာ ပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့ ၀င်ရောက်ပြီး စစ်ဆင်ရေး ဆင်နွဲသည့် ပုံစံဖြင့် ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့သမျှ ဒေသခံများကို ဆဲဆို ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းတို့က (၁) ဦးအဗ်ဒူလ္လာ (ဘ) ဦးဟိုစ်ရ်ဟူဆောင်း၊ (၂) မော်လ၀ီဟူစိန်းအာမတ် (ဘ) ဦးဇော်ဘော်ရ်၊ (၃) ဦးအီလီယာစ်၊ (၄) ဦးကော်ဘိရ် (ဘ) ဦးဇော်ကော်ရီယာ၊ (၅) ဦးအဒူလ်ဟာဗေစ် (ဘ) ဦးမော်ဇီအုလ္လာ၊ (၆) ဦးအဒူရော်ဟိမ်း (ဘ) ဦးဇာဖော်ရ်ဟူစိန်း တို့အပါအ၀င် ဒေသခံ (၁၂) ဦးကို ဖမ်းချုပ်၍ ရွာထဲတွင် မိသားစုများ ရှေ့မှောက်၌ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ အဆိုပါ ဒေသခံများကို သတိလစ် မေ့မျှောသည့် အထိ ရိုက်နှက်၍ ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ မိသားစုဝင်များကို နေအိမ်များမှ နှင်ထုတ်၍ နေအိမ်များကို ဖြိုချ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောပါသည်။ 

အဆိုပါ ပူးပေါင်းအဖွဲ့သည် မိုးရာသီဝင်ခါစ အချိန်တွင် ရိုဟင်ဂျာလူမျိုးများ၏ နေအိမ်များကို ဖျက်ဆီး၍ မိသားစုများ ဒုက္ခရောက်အောင် တမင်ကြံစည်၍ လာရောက်ခြင်း ဖြစ်ကြောင်း၊ နေအိမ်များ ဖြိုဖျက်ချိန်တွင် မိသားစုဝင်များ၊ အိမ်ထောင်ဦးစီးများ၊ ဘေးပတ်ဝန်းကျင်ရှိ ဆွေမျိုးများ မတားဆီးနိုင်အောင် လူမဆန်စွာ ရိုကနှက်၍ ခြောက်လှန့်ခြင်း ဖြစ်ကြောင်း၊ ဘေးပတ်ဝန်းကျင်မှ သက်ကြီးရွယ်အိုများကိုလည်း ရိုက်နှက်ကြောင်း၊ နေအိမ်ဖြိုဖျက်ခံရသူများထဲမှ (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 

ရွာသစ်ရွာတွင် ဇွန်လ (၉) ရက်နေ့၌လည်း အဆိုပါ ပူးပေါင်းအဖွဲ့က နေအိမ်များ ဖြိုဖျက်ခဲ့ပြီး၊ ဦးအဒူရှကူရ် (ဘ) ဦးအဒူမော်တော်လောဖ်၏ နေအိမ်မှာ ကာလတန်ဖိုး သိန်း ၅၀၀ ကျော်တန်ကြောင်း၊ နေအိမ်တိုင်များကို လွှဖြင့် ဖြတ်၍ ကြိုးဖြင့်ချိတ်ကာ ဖြိုချခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 



Comment ရေးရန်

Pages 22123456 »
Rohingya Exodus