နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံတော်သမ္မတ ထံသို့ မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အိတ်ဖွင့်ပေးစာ




သို့ -

နိုင်ငံတော်သမ္မတ ဦးထင်ကျော်
နေပြည်တော်
ပြည်ထောင်စုမြန်မာနိုင်ငံ


ရက်​စွဲ ။ ။ ​၂၀၁၇ ခုနှစ် ဇွန်လ (၄) ရက်

အကြောင်းအရာ ။ ။ ဗီဒီယိုမှတ်​တမ်း​များအပြင်​ အ​မေ့လျော့ခံ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​မှုများကို အ​ရေးယူ​ပေးပါရန်​ တင်​ပြခြင်း

လေးစားစွာဖြင့်


၁။ ၂၀၁၇ ခုနှစ်​၊ ​မေလ (၃၁) ရက်​​နေ့တွင်​၊ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးဝန်​ကြီးဌာနက "လူ့အခွင့်​အ​ရေးချိုး​ဖောက်​မှုစွပ်​စွဲချက်​များအား စုံစမ်းစစ်​​ဆေး၍ ဥပ​ဒေနှင့်​အညီ အ​ရေးယူသွားမည်​" ​ခေါင်းစဉ်​ဖြင့်​ ​သတင်းထုတ်​ပြန်​ချက်​တစ်​​စောင်​ ထုတ်​ပြန်​ခဲ့သည်​ကို ဖတ်​လိုက်​ရပါသည်​။ အဆိုပါ ​သတင်းထုတ်​ပြန်​ချက်​သည်​ စစ်​ဝတ်​စုံဝတ်​အချို့က အရပ်​ဝတ်​ (၄) ဦးကို ကိုယ်​ထိလက်​​ရောက်​ပြုမှု​နေသည့်​ (၁၇) မိနစ်​ကြာမြင့်​​သော ​ဗီဒီယိုနှင့်​ ပတ်​သက်​၍ ထုတ်​ပြန်​ခဲ့​သော သတင်းထုတ်​ပြန်​ချက်​ ဖြစ်​သည်​ဟု သိရှိရပါသည်​။

၂။ အဆိုပါ သတင်းထုတ်​ပြန်​ချက်​တွင်​ "မြန်​မာနိုင်​ငံအစိုးရအ​နေဖြင့်​ လူ့အခွင့်​အ​ရေးကို ​လေးစားလိုက်​နာပြီး ချိုး​ဖောက်​မှုဆိုင်​ရာ စွပ်​စွဲချက်​များ ထွက်​​ပေါ်လာခဲ့ပါက စုံစမ်းစစ်​​ဆေးမှုများ ပြုလုပ်​၍ တည်​ဆဲဥပ​ဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်​ထုံးလုပ်​နည်းများနှင့်​အညီ အ​ရေးယူသွားမည်​ဖြစ်​​ကြောင်း သန္နိဌာန်​ချမှတ်​ထားပြီ ဖြစ်​ပါသည်​" ဟု ပါရှိသည်​ကို ​တွေ့ရှိရပါသည်​။ ထိုသို့ သတင်းထုတ်​ပြန်​သည်​ကို ပြည်​သူများအ​နေဖြင့်​ အထူးကြိုဆိုပါသည်​။

၃။ ကျွနု​ပ်​တို့ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောနှင့်​ ဘူးသီး​တောင်​ ​ဒေသများတွင်​ လက်​နက်​ကိုင်​ စစ်​တပ်​များ၊ နယ်​ခြား​စောင့်​ရဲများနှင့်​ ရဲတပ်ဖွဲ့ဝင်များသည်​ အပြစ်​မဲ့​သော အရပ်​သား ရိုဟင်​ဂျာ​များအ​ပေါ် ​နေ့စဉ်​ရက်​ဆက်​ လူ့အခွင့်​အ​ရေးချိုး​ဖောက်​​နေလျက်​ရှိပါသည်​။ အမျိုးသမီးများကို မုဒိမ်းကျင့်​ခြင်း၊ အမျိုးသားများကို မတရားအသင်းအဖွဲ့နှင့်​ ဆက်​နွယ်​​နေသည်​ဆို​သော အ​ခြေအမြစ်​မရှိ​​သော စွပ်​စွဲချက်​များဖြင့်​ မတရား ဖမ်းဆီး​နေခြင်း၊ အခြား​သော စွပ်​စွဲချက်​မျိုးစုံဖြင့်​ ဖမ်းဆီးပြီး ​ငွေညှစ်​​နေခြင်း၊ အသွားအလာများ ကန့်​သတ်​ပိတ်​ပင်​​နေခြင်း စ​သော လူ့အခွင့်​အ​ရေး ချိုး​ဖောက်​မှုများကို အစိုးရ လက်​နက်​ကိုင်​ အဖွဲ့အစည်းများက ​နေ့စဉ်​ရက်​ဆက်​ဆိုသလို ကျူးလွန်​​နေလျက်​ရှိပါသည်​။ ​ဒေသခံ အပြစ်​မဲ့ ရိုဟင်​ဂျာများအ​ပေါ် အစိုးရလက်​နက်​ကိုင်​အဖွဲ့အစည်းများက ဤသို့ လူ့အခွင့်​အ​ရေးချိုး​ဖောက်​​နေသည်​ကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးက ​ပြောင်းပြန်​သတင်းထုတ်​ပြန်​ပြီး အများပြည်​သူကို လှည့်​စား​နေလျက်​ရှိသည်​ကိုလည်း ​လေ့လာ​တွေ့ရှိရပါသည်​။

၎။ ​မောင်​​တောနှင့်​ ဘူးသီး​တောင်​ ​ဒေသများတွင်​ ​ဒေသခံများအ​ပေါ် အစိုးရလက်​နက်​ကိုင်​များ၏ ဥပ​ဒေပ လူ့အခွင့်​အ​ရေးချိုး​ဖောက်​​နေမှုများကို ​နေ့စဉ်​နှင့်​အမျှ လူမှုကွန်​ရက်​​ပေါ်တွင်​ဖြစ်​​စေ၊ သတင်းဌာနများမှတဆင့်​ဖြစ်​​စေ တင်​​ပေးပြီး အစိုးရတာဝန်ရှိများကို သိ​စေ​သော်​လည်း နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးက ဖြစ်​ရပ်​မှန်​များကို ​တကယ်​မ​လေ့လာ မစူးစမ်းဘဲ အ​ခြေအမြစ်​မရှိ​သော စွပ်​စွဲချက်များ​ဆိုကာ ပယ်​ချလျက်ရှိနေသည်​။ ဤသို့ ပယ်​ချ​နေသည်​ကြားကပင် လွန်​ခဲ့​သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ​ရ​သေ့​တောင်​မြို့နယ်​၊ ကိုးတန်​​ကောက်​​ကျေးရွာ၌​ အစိုးရလက်​နက်​ကိုင်​များက ​ဒေသခံရိုဟင်​ဂျာများစွာကို ဖမ်းဆီးပြီး အမျိုးမျိုး ညှဉ်းပန်း နှိပ်​စက်​​နေ​သော ​ဗီဒီယိုဖိုင်​တစ်​ခု လူမှုကွန်​ရက်​​ပေါ်တွင်​ ပျံ့ နှံ့ခဲ့ပါသည်​။ အဆိုပါ ဗီဒီယိုဖိုင်​ကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးက ငြင်းဆန်​ပယ်​ချနိုင်​ရန်​ အလျဉ်းမရှိခဲ့​ကြောင်း ​တွေ့ရှိရပါသည်။

သမ္မတကြီးခင်ဗျား --

၅။ အမျိုးသမီးများကို အစိုးရလက်​နက်​ကိုင်​များက မုဒိမ်းကျင့်​​နေချိန်​ မည်​သူက ​ဗီဒီယိုရိုက်​ပြီး မှတ်​တမ်းတင်​နိုင်​မည်​နည်း။ ထိုသို့ စစ်​တပ်​၏ အုပ်​စုဖွဲ့မုဒိမ်းကျင့်​မှုကို ​ကော်​မရှင်​​ရှေ့​မှောက်​၌ ထွက်​ဆိုဝန်​ခံခဲ့ဖူးသည့်​ ​မောင်​​တော ​မြောက်​ပိုင်း ကြက်​ရိုးပြင်​​ကျေးရွာမှ အမျိုးသမီးအချို့ကို ​ဒေသအာဏာပိုင်​များက ထိုသို့ဝန်​ခံရ​ကောင်းလားဆို၍ ဖမ်းဆီး​သတ်​ပစ်​ရန်​ ရှာ​ဖွေ​နေ၍ အဆိုပါ အမျိုးသမီးများသည်​လည်း နိုင်​ငံထဲမှ ထွက်​ခွာရပြီး အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ၌ ခိုလှုံ​နေရပါသည်​။ ကျွနု​ပ်​တို့ ပြည်​သူများသည်​ အကယ်​၍ မတရားသဖြင့်​ လူ့အခွင့်​အ​ရေးချိုး​ဖောက်​မှုမခံရလျှင်​ ဤကဲ့သို့ ဖိအားများ​အောက်​တွင်​ အဘယ်​​ကြောင့်​ ဝန်​ခံရမည်​နည်း။ ဤသို့ ကာယကံရှင် ကိုယ်​တိုင်​က ဝန်​ခံခဲ့သည်​ကိုလျှင်​ မဟုတ်​မမှန်​ စွပ်​စွဲချက်​ဆိုပြီး နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ ပြည်​သူကို လှည့်​စား​သော ထုတ်​ပြန်​ချက်​များ ထုတ်​ခဲ့ဖူးပါသည်​။

၆။ ပြည်​သူ့​အသံကို အ​လေးထားခြင်းသည်​ အစိုးရ​ကောင်းတစ်​ရပ်​၏ ​တာဝန်​ဖြစ်​ပါသည်​ဟု ကျွနု​ပ်​တို့ ယုံကြည်​ပါသည်​။ ပြည်​သူက တိုက်​ရိုက်​အသံမထုတ်​နိုင်​​သောအခါ နည်းအမျိုးမျိုးဖြင့်​ အသံထွက်​လာပါသည်​။ ​ခေတ်​မီတိုးတက်​လာ​သော ​ခေတ်​ဖြစ်သည့်အလျောက် လူမှုကွန်​ရက်​​၊ သတင်းဌာန​များကို ကြည့်​လျှင်​ ရိုဟင်​ဂျာများအ​ပေါ် အာဏာပိုင်​များ၏ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​မှုများကို သိရှိနိုင်​မည်​ဖြစ်​ပါသည်။ အကယ်​၍ ပြည်​သူများ၏ မတရားလူ့အခွင့်​အ​ရေးချိုး​ဖောက်​ခံ​နေရမှုများကို လျစ်​လျူရှုသည့်အပြင်​ အပြန်​စွပ်​စွဲ​နေမှုများ များပြားလာလျှင်​ မတရား ခံ​နေရသူ​များသည်​လည်း မထူးဇတ်​ခင်း​သော ဘဝသို့ ​ရောက်​ရှိသွားမည်​မှာ သဘာဝပင်​ ဖြစ်​ပါသည်​။

၇။ မြန်​မာနိုင်​ငံ၏ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ သမ္မတသည်​ အာဏာအရှိဆုံး ပုဂ္ဂိုလ်​တစ်​ဦးဖြစ်​သည်​နှင့်​အညီ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး၏ မဟုတ်​မမှန်​ သတင်းထုတ်​ပြန်​ချက်​များကို စီစစ်​၍ မှန်​မှန်​ကန်​ကန်​ သတင်းထုတ်​ပြန်​​ပေးရန် အတွက် ညွှန်​ကြား​ပေးပါရန်​ ​အ​လေးအနက်​ တင်​ပြလိုက်​ပါသည်​။ ထို့အပြင်​ မတရား လူ့အခွင့်​အ​ရေးချိုး​ဖောက်​ခံ​နေရ​သော ရိုဟင်​ဂျာပြည်​သူများ၏ အသံကို လျစ်​လျူရှုမထားဘဲ၊ ဗီဒီယိုမှတ်​တမ်း​များအပြင်​ အခြား​သော အ​မေ့လျော့ခံ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​​နေမှုများကိုလည်း တည်​ဆဲဥပ​ဒေနှင့်​အညီ ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးပါရန်​ ​လေးစားစွာ ​လေး​လေးနက်​နက်​ တင်​ပြလိုက်​ပါသည်​။


မောင်​​တောခရိုင်​ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့


Comment ရေးရန်

Rohingya Exodus