နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လိပ်ရမှ နယ်ခြားစောင့်ရဲများက ဒေသခံ ၄ ဦးကို ဖမ်းဆီး၍ ငွေကျပ် သိန်း ၃၀ ညှစ်ယူ

RB News
21.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများက ဒေသခံရွာသား ၄ ဦးကို ဖမ်းဆီး၍ ငွေကျပ် သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၁၈) ရက်နေ့ ည ၁၂ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့ လိပ်ရကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၁၂) ဦးသည် လိပ်ရကျေးရွာအုပ်စု မြောက်ရွာသို့ ၀င်ရောက်၍ ယင်းရွာမှ (၁) ဦးယာစီးန် (ဘ) ဦးဒိလ်မာမတ် (၂) ဦးဟူစိန်း (ဘ) ဦးဒိလ်မာမတ် (၃) ဦးဆွေတူဆောင်း (ဘ) ဦးဖော်ဇော်လ် (၄) ဦးမောန်ဇုရ် (ဘ) ဦးအူမောရ်ဟာကိမ်း တို့ကို နေအိမ်များ၌ အိပ်ပျော်နေစဉ် ဖမ်းဆီးချုပ်နှောင်၍ စခန်းသို့ ခေါ်ဆောင်သွားပြီး တစ်ညလုံး လူမဆန်စွာ ရိုက်နှက်နှိပ်စက်၍ ဇွန်လ (၁၉) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ငွေကျပ် သိန်း ၃၀ ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

လိပ်ရကျေးရွာအုပ်စု မြောက်ရွာသားများကို နယ်ခြားစောင့်ရဲများ လာရောက်ဖမ်းဆီးပြီး ငွေညှစ်ရန် မဟုတ်မမှန် သတင်းပေးသူမှာ နူရ်ဟူဆောင်း (ဘ) ဦးဟာဘီအုလ္လာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ နယ်ခြားစောင့်ရဲများကို လမ်းပြပေးသူမှာလည်း ၎င်းပင်ဖြစ်သည်ဟု ပြောပါသည်။


Comment ရေးရန်

Rohingya Exodus