နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို ကျွန်းပေါက်ပြုစုနှင့် ကျောက်ချောင်းတို့တွင် စစ်သားများက ဒေသခံများထံမှ ငွေညှစ်၊ လုယက်

RB News
15.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစုနှင့် ကျောက်ချောင်းရွာများတွင် စစ်သားများက ဒေသခံများထံမှ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစုကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာတွင် တာဝန်ကျနေသည့် စစ်သားများသည် ဇွန်လ (၁၅) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် ဦးမော်နိုမျာ (ဘ) ဦးအာဖောလောတော်န် (အသက် ၄၀ နှစ်) ၏ နေအိမ်ခေါင်မိုးပေါ်တွင် ဆိုလာပြားတွေ့ရှိသည်ကို အကြောင်းပြု၍ နေအိမ်ထဲသို့ ၀င်ရောက်၍ ဘင်္ဂလားဆင်းမ်ကဒ် သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဇွန်လ (၁၄) ရက်နေ့တွင်လည်း ကျောက်ချောင်းကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများသည်  ကျောက်ချောင်းရွာမှ ဦးဒူဒူအာလောမ် (ဘ) ဦးအေဇာရ်ဟူစိန်း (အသက် ၃၇ နှစ်) ၏ ဆိုင်ထဲသို့ ၀င်ရောက်၍ ဆိုင်ထဲတွင် စစ်ဆေးစရာရှိသည်ဟု ဆိုကာ ဆိုင်ရှင်ဖြစ်သူ ဦးဒူဒူအာလောမ်ကို ဆိုင်ပြင်သို့ ထုတ်၍ ဆိုင်ထဲရှိ ငွေသေတ္တာထဲမှ ငွေကျပ် တစ်သိန်းခွဲကို ခိုးယူပြီး ဘင်္ဂလား တာကာငွေ ၂၀၀ ထည့်ပေးခဲ့သည်။ ထို့နောက် ဆိုင်ရှင်ဖြစ်သူကို ဆိုင်ထဲမှ ဘင်္ဂလားငွေ ရရှိသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူသည့် အပြင် ဆိုင်ထဲမှ ကုန်ပစ္စည်းများ တန်ဖိုးငွေကျပ် တစ်သိန်းကျော်ဖိုး လုယက်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ဆိုင်ရှင်ဖြစ်သူမှာ ငွေကျပ် ၄ သိန်းကျော် ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ စစ်သားများသည် ရွာများထဲသို့ ၀င်ရောက်၍ ကြက်၊ ခိုများ ရသမျှကို ဖမ်းယူ စားသောက်နေသည့် အပြင် အပြစ်မဲ့ ရွာသားများကို ရိုက်နှက် နှိပ်စက်ကြောင်း၊ ၎င်းတို့၏ နေ့စဉ် ညှဉ်းပန်းနှိပ်စက် လုယက်မှုများကြောင့် ရွာသူရွာသားများမှာ စားသောက်ရေးပင် ခက်ခဲလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus