နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လိပ်ရကျေးရွာသို့ စစ်သားများ ၀င်ရောက်၍ ဒေသခံနှစ်ဦးကို ရိုက်နှက်ပြီး ငွေညှစ်

RB News
10.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ လိပ်ရကျေးရွာအုပ်စုသို့ စစ်သားများ ၀င်ရောက်လာပြီး ဒေသခံနှစ်ဦးကို ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၈) ရက်နေ့ ည ၇ နာရီကျော် အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စု၊ တောင်ရွာသို့ စစ်သားများ ၀င်ရောက်လာပြီး ကြိမ်ချောင်းဈေးမှ ဆိုင်ပစ္စည်းများ ၀ယ်ယူ၍ ကားလမ်းမှတဆင့် ထမ်းပိုးများဖြင့် သယ်ယူလာသော ဦးအာလောမ်ဂိရ် (ဘ) ဦးအလီအာမတ်နှင့် ဦးနူရ်ကာမာလ် (ဘ) ဦးအာဘူကာလာမ် တို့ကို စစ်သားများက လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ပြီး ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများမှာ တပ်ရင်း ၅၅၁ မှ ဖြစ်ကြောင်း သိရှိရသည်။ 

ဇွန်လ (၉) ရက်နေ့ ညပိုင်းတွင်လည်း စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် လိပ်ရကျေးရွာအုပ်စု အလယ်ရွာသို့ ၀င်ရောက်လာပြီး ဦးအီဆုပ် (ဘ) ဦးဇူဟူရ်အာမတ်၏ နေအိမ် တံခါးကို ရိုက်ချိုး ဖျက်ဆီး၍ ၀င်ရောက်ကာ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 




Comment ရေးရန်

Rohingya Exodus