March 21, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာဒုက္ခသည်​များ နေရပ်ရင်းပြန်​ရေးကိစ္စ မလေးရှားက အနီးကပ်စောင့်ကြည့်သွားမည်



MYARF
RB News
18.11.2017

ပူထရာဂျာယား ။ ။ ရခိုင်ပြည်နယ်ရှိ မိမိတို့၏ မူလနေရပ်ကို ပြန်လာကြမည့်​ ရိုဟင်ဂျာဒုက္ခသည်များအတွက် မြန်မာနိုင်​ငံနှင့်​ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ်ရေးထိုးမည့်​ကိစ္စကို မ​လေးရှားနိုင်​ငံက မျက်ခြေမပြတ်စောင့်ကြည့်နေမှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတို​စရီအနီဖာ အာမင်က ပြောကြားလိုက်ပါသည်။

ရိုဟင်​ဂျာအ​ရေး နှင့်​ပတ်​သက်​၍ မြန်မာနိုင်​ငံနှင့်​ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံနားလည်မှု သဘောတူစာချုပ်မူကြမ်း Memorandum of Understanding (MoU) ၏ ဖြစ်ပေါ်တိုးတက်မှုများနောက်ကို အမြဲ​မပြတ်​စောင့်​ကြည့်​ထားဖို့ ၀န်ကြီးချုပ် ဒါတိုဆရီ နာဂျိဗ်ရာဇက်က ၎င်းအား အမိန့်ပေးညွှန်ကြားထားသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း New Straits Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“မြန်မာအစိုးရက ရိုဟင်ဂျာဒုက္ခသည်​တွေကို သုံးပတ်အတွင်းမှာ ပြန်လည်ခေါ်ယူမယ့်ပုံ တွေ့ရတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်မယ့်ကိစ္စကို မြန်မာအစိုးရက သတ်မှတ်ထားတဲ့ အခြေနေတွေက ဘာတွေလဲ သိရအောင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်သွယ်သွားပါ့မယ်။"

“ကျွန်တော်တို့ ၀န်ကြီးချုပ်က ပြောထားပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာဖို့အတွက်​ အမ်အိုယူမှာ ခက်ခဲတဲ့ အချက်တွေ မပါရဘူး။ တကယ်လို့ မြန်မာအစိုးရက သေချာတဲ့ အထောက်ထားတွေကို လိုချင်တယ်ဆိုရင်၊ ဒုက္ခသည်တွေမှာ ဘယ်လို စာရွက်စာတမ်းအထောက်ထားမှ ရှိပုံမရတာကြောင့် ဒါဟာ မဖြစ်နိုင်ပါဘူး" လို့ ၎င်းက သောကြာနေ့တွင် ပြုလုပ်သည့်​ အထူးသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်​ခဲ့​သည့်​ ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံအစည်းဝေးသို့ တက်​ရောက်​ခဲ့​သော မြန်​မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်​ဆန်းစုကြည်​က ရိုဟင်​ဂျာအ​ရေးနှင့်​ပတ်​သက်​၍ ရေရှည်အတွက် ဖြေရှင်းဖို့ လိုအပ်ချက် ရှိခဲ့​ကြောင်း သ​ဘောတူခဲ့သည်​။ 

ရိုဟင်​ဂျာ ဒုက္ခသည်​များ ​​နေရပ်​ရင်းကို ပြန်​နိုင်​ရန်​ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံနှင့်​ MoU ချုပ်​ဆိုသွားပါမည်​ဟု ​ဒေါ်​အောင်​ဆန်းစုကြည်​က ကတိက၀တ်​လည်း ပြုထားသည်​။

ရိုဟင်ဂျာအရေးကို နိုင်ငံတကာကစင်​မြင့်​ထက်​တွင် အားပေးထောက်ခံမှုရအောင် နာဂျိ​ဗ်​​၏ ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံအနေဖြင့်​ ပြဿနာများကို ဖြေရှင်းရန် အရေးတယူ စတင်လုပ်ဆောင်လာသည်ကို တွေ့ရသောကြောင့် အသီးပွင့်များ စတင်ခံစားလာရပြီ ဖြစ်သည်​ဟူ၍လည်း နိုင်ငံခြားရေးဝန်ကြီး အနီဖားက ဆိုသည်​။

ကုလသမဂ္ဂအ​တွင်း​ရေးမှူးချုပ်​ဟောင်း ကိုဖီအာနန်ကို ဦး​ဆောင်​​စေပြီး ဖွဲ့စည်းခဲ့သည့်​ ရခိုင်အကြံပေးကော်မရှင်​၏ အစီရင်ခံစာတွင် ပါရှိသည့်​ အကြံပေးချက်များအတိုင်း လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်မည့်​အ​ကြောင်း ​ဒေါ်​အောင်​ဆန်းစုကြည်​က အာမခံချက်​​ပေးခဲ့သည်​။

"မလေးရှားနိုင်ငံက ရိုဟင်ဂျာအရေးကို အာဆီယံအဆင့်မှာ​ရော၊ OIC နဲ့ ကုလသမဂ္ဂ အဆင့်​​တွေမှာပါ အမြဲတမ်း ဦးစားပေး ဆွေးနွေးနေ​ခဲ့တယ်​ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်​။ ဒါ​တွေအားလုံးဟာ နာဂျိ​ဗ်​ရဲ့ ကြိုးစားအားထုတ်​မှု​ကြောင့်​သာ ဖြစ်​တယ်​" ဟု မ​လေးရှား နိုင်​ငံ​ခြား​ရေးဝန်​ကြီးက ပြောသည်။

မြန်​မာအစိုးရ လက်​နက်​ကိုင်​တပ်​ဖွဲ့များ၏ လူမဆန်စွာ ရက်​စက်​ကြမ်းကြုတ်​မှု​များ​ကြောင့်​ ရိုဟင်​ဂျာ​ပေါင်း ၆ သိန်း​ကျော်​ အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ ထွက်​​ပြေးခိုလှုံ​နေရသည်​။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus