နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ချိန်ခါလီမှ ဒုရဲအုပ်က ဒေသခံများထံမှ ကြက်များ၊ ငါးများ လုယက်သည့်အပြင် ဆိုင်ကယ်များ ငှားပြီးနောက် ဖျက်ဆီးပြီး ပြန်အပ်

RB News
15.8.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ချိန်ခါလီ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်က ဒေသခံများထံမှ လုယက်သည့်အပြင် ဆိုင်ကယ်များ ငှားယူ၍ ဖျက်ဆီး၍ ပြန်အပ်ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ချိန်ခါလီကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်သည် အလယ်သံကျော်ကျေးရွာအုပ်စု မောင်တူလာရွာမှ ကွန်ပိုက်သမားများ ခက်ခက်ခဲခဲ ဖမ်းထားသည့် ငါးများကို လုယက်ကြောင်း၊ ရွာထဲသို့ အချိန်မတော် ၀င်ရောက်၍ ကြက်များ ဖမ်းယူသွားကြောင်း၊ ဆိုင်ကယ်များ ငှားရမ်း၍ ဖျက်ဆီးပြီးနောက် ပိုင်ရှင်များထံ ပြန်အပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ဒုရဲအုပ်က နေ့စဉ်နှင့်အမျှ လုယက်ခြင်းများ ပြုလုပ်နေသဖြင့် ရွာသူရွာသားများ အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း၊ အထက်အာဏာပိုင်များက ဟန့်တား အရေးယူပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus