နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့ တွင် ရိုဟင်ဂျာနေအိမ် (၃) လုံး မီးရှို့ခံရသည်ဟု ယူဆရ



RB News
19.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ရိုဟင်ဂျာနေအိမ် (၄) လုံး မီးလောင် ဖျက်ဆီးသွားကြောင်း သတင်းရရှိပါသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ည ၉း၅၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက် (သပြေကုန်း) ရှိ ရိုဟင်ဂျာနေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက် (၄) ဦးက မီးရှို့ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မီးစလောင်တဲ့အချိန်မှာ တုတ်တွေ၊ ဓါးတွေ ကိုင်ထားတဲ့ ရခိုင် (၄) ယောက် ထွက်ပြေးသွားတာ မြင်လိုက်တယ်။ ကျွန်တော်ကတော့ အဲဒီအိမ်တွေကို သူတို့ မီးရှို့တယ်လို့ ယုံကြည်တယ်” ဟု ပြောပါသည်။

အဆိုပါ မျက်မြင်သက်သေ၏ ပြောကြားချက်ကို RB News မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ရပ်ကွက်အတွင်းရှိ ဒေသခံများက ၀ိုင်းဝန်း မီးငြိမ်းသတ်ပြီး နာရီဝက်ခန့် အကြာတွင် မီးသတ်ကားများ ရောက်ရှိလာခဲ့သည်။

မီးလောင်ဖျက်ဆီးသွားသည့် အိမ်များ၏ ပိုင်ရှင်များမှာ (၁) ဦးနုလ်မာလ်ဟာကီးမ် (၂) ဦးဖာရုခ် နှင့် (၃) ဦးလေးလေ တို့ဖြစ်ကြသည်။

မီးလောင်ရာနေရာသို့ မြို့မရဲစခန်းမှ စခန်းမှူး ရောက်ရှိလာပြီး မီးလောင်ခံရသည့် ဦးဖာရုခ်၏ ဖခင်ဖြစ်သူ ဦးဖူတူနား ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။ ဦးဖူတူနား သည် အဆိုပါ အိမ်တွင် နေထိုင်သူ မဟုတ်သော်လည်း စခန်းမှူးက ၎င်း၏ ပေါ့ဆမှုကြောင့် မီးလောင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

Comment ရေးရန်

Rohingya Exodus