နောက်ဆုံးသတင်း/ဆောင်းပါးများ

၃၅၂ တပ်ရင်းမှူးက လူကို ရှာမတွေ့သဖြင့် နွားများ သိမ်းဆည်းသွား

RB News
6.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာရှိ ကျောင်းတွင် ယာယီစခန်းချ ထားသည့် တပ်ရင်း ၃၅၂ မှ တပ်ရင်းမှူးသည် လူတစ်ဦးကို ရှာမတွေ့သဖြင့် နွားများ သိမ်းဆည်း သွားခဲ့သည်။

စိမ်းညှင်းပြား ကျေးရွာအုပ်စု ရပ်ချောင်းရွာမှ ဦးမာမတ်နုရ် (ဘ) ဦးကာဆိမ်း ကို တပ်ရင်း ၃၅၂ မှ တပ်ရင်းမှူး ကိုယ်တိုင် အကြိမ်ကြိမ် လာရောက် ရှာဖွေခဲ့ရာ မတ်လ (၅) ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း လာရောက် ရှာဖွေခဲ့သည်။ လာရောက် ရှာဖွေစဉ် မတွေ့ရှိသဖြင့် ခြံထဲတွင် မွေးမြူထားသည့် နွား ၅ ကောင်ကို သိမ်းဆည်း သွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“တပ်ရင်းမှူးက ဘာအတွက် လာရှာလဲတော့ မသိဘူး။ အကြိမ်ကြိမ် လာရှာတယ်။ အရင်တစ်ခါတုန်းက ဦးမာမတ်နုရ်ရဲ့ ဇနီးကို ဖမ်းခေါ်သွားဖို့လုပ်သေးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက မလုပ်ပါနဲ့ဆိုပြီး ၀င်တားလို့ ဖမ်းမသွားတာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဦးမာမတ်နုရ်ကို လာရောက်ရှာဖွေစဉ် ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး တစ်ဦးတို့ ပါဝင်ခဲ့ပြီး၊ နွား ၅ ကောင်ကို နွားကျောင်းသားနှင့်အတူ ဂူတာပြင်ကျေးရွာရှိ ကျောင်းသို့ ယူဆောင်သွားကြောင်း သိရှိရသည်။




Comment ရေးရန်

Rohingya Exodus