ကမ္ဘာအ၀ှမ်း၌ ကျင်းပရန်ရှိနေသည့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့ကို အာရုံလွှဲရန် မြန်မာအစိုးရက ကြံစည်နေ
MYARF
ယနေ့ သြဂုတ်လ (၂၄) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် ဟိန္ဒူအမျိုးသားတစ်ဦးက “ကုလားတွေ ဓါးကိုယ်စီကိုင်ပြီး ရခိုင်ရပ်ကွက်ထဲ ၀င်လာနေပြီ” ဟု ဆိုကာ အော်ဟစ်နေသည်ကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည်။ ၎င်းကို ဖမ်းဆီးစဉ် “မင်းတို့ ကုလားအုပ်ချုပ်ရေးမှူးနဲ့ ကုလားမီးသတ်တပ်ဖွဲ့တွေက ငါ့ကို ဘာလုပ်နိုင်မလဲ၊ အခုလွှတ်ရင်လွှတ်၊ မလွှတ်ရင် ဒုက္ခရောက်မယ်” ပြောဆို၍ ခြိမ်းခြောက်သဖြင့် ၎င်းအား အမှတ် (၅) ရပ်ကွက်ရှိ ရဲကင်းစခန်းသို့ အပ်နှံလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုမှတဆင့် မြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရှိရသည်။
RB ဝိုင်းတော်သား ဝင်းနိုင် သတင်းပေးပို့သည်။
RB News
24.8.2018
မောင်တော ။ ။ သြဂုတ်လ (၂၅) ရက်နေ့ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့ Rohingya Genocide Remembrance Day အဖြစ်သတ်မှတ်ကာ ကမ္ဘာအ၀ှမ်း၌ ကျင်းပရန် ရှိနေသည့် အစီအစဉ်ကို အာရုံလွှဲရန် မြန်မာအစိုးရ ကြံစည်နေသည်။
မောင်တောခရိုင်ရှိ မြို့နယ်များဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် လုံခြုံရေး ထူထူထပ်ထပ် ချထားပြီး၊ တစ်ဆက်တည်းတွင် အာဏာပိုင်များက “သြဂုတ်လ ၂၅ ရက်၊ ၂၆ ရက်နေ့များတွင် တကျော့ပြန် တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်တယ်” ဟု ဆိုကာ ဒေသတွင်း ကောလဟာလသတင်းများ လွှင့်ထုတ်လျက် ရှိသည်။
ယနေ့ သြဂုတ်လ (၂၄) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် ဟိန္ဒူအမျိုးသားတစ်ဦးက “ကုလားတွေ ဓါးကိုယ်စီကိုင်ပြီး ရခိုင်ရပ်ကွက်ထဲ ၀င်လာနေပြီ” ဟု ဆိုကာ အော်ဟစ်နေသည်ကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည်။ ၎င်းကို ဖမ်းဆီးစဉ် “မင်းတို့ ကုလားအုပ်ချုပ်ရေးမှူးနဲ့ ကုလားမီးသတ်တပ်ဖွဲ့တွေက ငါ့ကို ဘာလုပ်နိုင်မလဲ၊ အခုလွှတ်ရင်လွှတ်၊ မလွှတ်ရင် ဒုက္ခရောက်မယ်” ပြောဆို၍ ခြိမ်းခြောက်သဖြင့် ၎င်းအား အမှတ် (၅) ရပ်ကွက်ရှိ ရဲကင်းစခန်းသို့ အပ်နှံလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုမှတဆင့် မြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဟိန္ဒူအမျိုးသား၏ လုပ်ရပ်သည် အာဏာပိုင်းများဖက်က ထုတ်လွှင့်ပေးနေသော ကောလဟာလ သတိပေးစကားနှင့် တိုက်ဆိုင်နေပြီး ပူးပေါင်း ကြံစည်မှုဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန်သုံးသပ်နေကြသည်။
မောင်တောမြို့နယ်တွင် ရိုဟင်ဂျာ ကျေးရွာပေါင်း တစ်ရာကျော်ရှိခဲ့ရာမှ မီးရှို့မခံရသည့် ကျေးရွာ ဆယ်ဂဏန်းလောက်သာ ကျန်ရှိနေသည်။ ထိုကျန်ရှိနေသော ကျေးရွာများတွင်လည်း လူအနည်းစီသာ ရှိနေပြီး၊ မောင်တောမြို့နယ်တွင် ရိုဟင်ဂျာဦးရေ (၅) သောင်းကျော်ကျော်လောက်သာ ကျန်ရှိနေမည့်ဟု ခန့်မှန်းခြေအားဖြင့် သိရှိရပြီး ယင်းလူနည်းစု ရိုဟင်ဂျာများသည် ထူထပ်သည့် အစိုးလုံခြုံရေးများ၏ အလယ်တွင် ပိတ်မိနေသည့် အခြေအနေတွင် ခက်ခက်ခဲခဲ အသက်ရှင်သန်နေရခြင်း ဖြစ်သည်။
မောင်တောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာကျေးရွာများကို နေ့စဉ်လိုလို ဝန်းရံးပိတ်ဆို့၍ စစ်ဆေးလျက်ရှိရာ လွန်ခဲ့သော လေးရက်ခန့်က ပန်းတောပြင်ကျေးရွာ၊ ယနေ့တွင် ဟာဘီကျေးရွာ တို့ကို စစ်ဆေးခဲ့သော်လည်း ဥပဒေနှင့်ဆန့်ကျင်သည့် မည်သည့်အရာများ တွေ့ရှိခဲ့ခြင်းမရှိပေ။
RB ဝိုင်းတော်သား ဝင်းနိုင် သတင်းပေးပို့သည်။