April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့နှင့် ဆန္ဒဖော်ထုတ်ပွဲကို ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် အကြီးအကျယ်ပြုလုပ်



MYARF
RB News
25.8.2018

ကော့စ်​ဘဇား၊ ဘင်္ဂလားဒေ့ရှ် ။ ။ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့မှစ၍ မြန်မာအစိုးရနှင့် စစ်တပ်တို့ ပူးပေါင်း၍ ရိုဟင်ဂျာများကို ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် နှစ်လခန့်အတွင်း ရိုဟင်ဂျာ (၇) သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။ ယနေ့ သြဂုတ်လ (၂၅) ရက်နေ့တွင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု တစ်နှစ်ပြည့် အောက်မေ့ဖွယ်နေ့နှင့် ဆန္ဒဖော်ထုတ်ပွဲများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် အကြီးအကျယ် ကျင်းပခဲ့သည်။ 

ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများသည် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့မှစ၍ မြန်မာအစိုးရနှင့် စစ်တပ်တို့ ပူးပေါင်း၍ တရားဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုမှ ထွက်ပြေး အသက်ရှင်လွတ်မြောက်ခဲ့သူများ ဖြစ်ကြသည်။

ယနေ့ကျင်းပသည့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု တစ်နှစ်ပြည့် အောက်မေ့ဖွယ်နေ့နှင့် ဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်သူများက ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးများကို မျှဝေပြောဆိုရင်း ၀မ်းနည်းငိုကြွေးကြပြီး၊ တရားမျှတမှုရရှိရန် တောင်းဆိုကြသည်။ 

“ကျွန်တော်တို့က ရိုဟင်ဂျာတွေ ဖြစ်တယ်၊ မတရားခံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေ အတွက် တရားမျှတမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖော်ဆောင်ပေးဖို့ လိုလားနေကြသူတွေပါ” ဟု သံပြိုင်ကြွေးကြော်၍ ဆန္ဒဖော်ထုတ်ကြသည်။ 

Free Rohingya Coalition က ရိုဟင်ဂျာဒုက္ခသည်စခန်းများ အားလုံးတွင် စီစဉ်ကျင်းပခဲ့ပြီး၊ ၎င်းတို့၏ ဗီနိုင်းလ်ပိုစတာတွင် “နောက်ထပ် ဘယ်တော့မှ မဖြစ်စေရ၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့ - ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၅) ရက်၊ ရိုဟင်ဂျာများသည် ၎င်းတို့၏ အမိမြေရှိရာ မြန်မာနိုင်ငံ၊ အာရ်ကာန်/တွင် နိုင်ငံတကာအကာအကွယ် အစောင့်အရှောက် ရှိနေရန် လိုလားကြသည်” ဟု ရေးသားထားသည်။

"Save Rohingya"၊ "Protected return to protected homeland" "No NVC ၊ No Bengali" စ​သော စာတမ်းပါ လက်ကိုင်ပိုစတာများကိုလည်း တက်ရောက်လာသူများက ကိုင်ဆောင်ထားကြသည်။
အမည်းရောင် ဗီနိုင်းလ်ပိုစတာကြီးတစ်​ခုတွင်​ မျက်​ရည်​စက်​လက်​နှင့်​ အမျိုးသမီးတစ်​ဦး၏ ပုံနှင့်အတူ ​ဘေးနားတွင်​ "ရက်​​ပေါင်း ၃၆၅ ရက်​တိတိ ငို​ကြွေးခဲ့ရပြီ၊ အခု ကျမ ​ဒေါသထွက်​လာပြီ" အဓိပ္ပါယ်​ဆောင်​​သော စာသားကို ရေးသားထားပြီး၊ အမျိုးသမီးများက တရားမျှတမှု ရရှိရေးအတွက် တောင်းဆိုကြသည်။

ဒုက္ခသည်​ ​ကျောင်းသားများသည်​ မြန်​မာ​ကျောင်းဝတ်​စုံဖြစ်​​သော အဖြူ​ရောင်​အင်္ကျီကို တူညီစွာ ဝတ်​ဆင်​ထား၍ ၎င်းတို့သည်​ မြန်​မာနိုင်​ငံ​တော်​ အလံငယ်​များကို ကိုင်​​ဆောင်​ထားပြီး ၎င်းတို့ကြုံခဲ့ရသည့်​ မတရားမှုများအတွက်​ တရားမျှတမှုကို ​နိုင်​ငံတကာအသိုင်းအဝိုင်းမှ ဖော်ဆောင်ပေးရန် ​တောင်းဆို​ကြပါသည်​။

ထောင်​​ပေါင်းများစွာ​သော ရိုဟင်​ဂျာ အမျိုးသမီးများနှင့်​ က​လေးငယ်​များသည်​လည်း အခြား​ဒုက္ခသည်​စခန်း အသီးသီးတွင်​ အလားတူ ဝမ်းနည်း ​အောက်​​မေ့ဖွယ်​နေ့နှင့် ချီတက်​ဆန္ဒ​ဖော်​ထုတ်​ပွဲများကို ပြုလုပ်​ခဲ့ကြသည်​။ ထိုဆန္ဒ​ဖော်​ထုတ်​ပွဲတွင်​ ဦး​ဆောင်​သူ အမျိုးသမီးက "ကျမတို့ကို အကြမ်းဖက်​ခဲ့တယ်​၊ အဓမ္မပြုကျင့်​ခဲ့တယ်​၊ ဒါဟာ လူမျိုးတုံးသတ်​ဖြတ်​မှု ဖြစ်​တယ်​၊ ဒါ​တွေအတွက်​ ကျမတို့ တရားမျှတမှုကို ​တောင်းဆို​နေတာဖြစ်​တယ်​၊ ကျမတို့ကို ရိုဟင်​ဂျာအဖြစ်​ အသိအမှတ်​ပြုဖို့ ​တောင်းဆိုပါတယ်​၊ ဂုဏ်​သိက္ခာရှိရှိနဲ့ အိမ်​ပြန်​ခွင့်​ကို ​တောင်းဆိုတယ်​" စသည်​ဖြင့်​ ​ကြွေး​ကြော်​​တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ဝမ်းနည်း​အောက်​​မေ့ဖွယ်​နေ့၌ ​ရှေ့ဆောင်ဆရာတစ်ဦးက ဦး​ဆောင် ဆု​တောင်းရာတွင်​ "ယာ အာလ္လာဟ်​၊ ကျ​နော်​တို့ကို အမိ​မြေသို့ ပြန်​ခွင့်​ပြု​တော်​မူပါ၊ ကျ​နော်​တို့ အမိ​မြေမှာ ကျန်ရစ်​ခဲ့တဲ့ မိဘ​တွေရဲ့ ဂူသင်္ချိုင်း​တွေကို မြင်​ခွင့်​​ပေးသနား​တော်​မူပါ" ဟု ဆုတောင်းရင်း ငိုကြွေးခဲ့သည်။

အသက်​ (၄၀) အရွယ်​ မိုဟာမတ်​ဟူစိန်းက "ကျ​နော်​တို့ ဒီမှာ ​ရောက်​လာကြတာဟာ ကျ​နော်​တို့ မတရား နှိမ်​နင်းခံခဲ့ရတဲ့ ​နေ့ကို ​အောက်​​မေ့ဖို့ ဖြစ်​ပါတယ်​၊ ကျ​နော်​တို့ ဒါ​တွေအတွက်​ တရားမျှတမှုကိုလည်း လိုလားတယ်​" ဟု နိုင်ငံတကာ သတင်းဌာနများကို ပြောပါသည်။

"ရက်ပေါင်း ၃၆၅ ရက်ရှိနေပြီ၊ ကျမတို့က တရားမျှတမှုကို မရကြသေးဘူး" ဟု ရိုဟင်ဂျာ အမျိုးသမီး ​ဒေါ်ရှီကူဂါဘီဘီက ဆိုသည်။

၂၀၁၇ ခုနှစ်​ ဩဂုတ်​လ (၂၅) ရက်​​နေ့မှ စက်​တာဘာလ (၂၄) ရက်​​နေ့ အထိ တစ်​လအတွင်းတွင်​ပင် မြန်​မာအစိုးရက အရပ်​သားရိုဟင်​ဂျာများအ​ပေါ်အကြမ်းဖက်​ နှိမ်​နှင်းခဲ့သည့်​ဖြစ်​ရပ်​ဆိုး၌ လူ​ပေါင်း အနည်းဆုံး ၉၄၀၀ အသတ်​ခံခဲ့ရသည်​ဟု နယ်​စည်းမခြား ဆရာဝန်​များအဖွဲ့ (MSF) ၏ အစီရင်​ခံစာတွင်​ ပါရှိပါသည်​။ ထိုအထဲတွင်​ ၇၃၀ ဦးသည်​ က​လေးငယ်​များ ဖြစ်​ကြသည်​ဟု ဆိုပါသည်​။

Ontario International Development Agency (OIDA) အဖွဲ့နှင့်​ ဘင်္ဂလား​ဒေရှ့်​၊ ဖိလစ်​ပိုင်​၊ ​နော်​​ဝေး၊ က​နေဒါ နှင့်​ ဩစ​တြေးလျ နိုင်​ငံများမှ ပညာရှင်​တို့ ပူး​ပေါင်းထုတ်​ပြန်​သည့်​ ​နောက်​ဆုံးအစီရင်​ခံစာ၌ ရိုဟင်​ဂျာလူဦး​ရေး ၂၄,၀၀၀ ခန့်​ သတ်​ဖြတ်​ခံခဲ့ရပြီး ရိုဟင်​ဂျာ အမျိုးသမီး ၁၈,၀၀၀ ခန့်​ အဓမ္မပြုကျင့်​ခံခဲ့ရသည်​ဟု ပါရှိပါသည်​။ ထို့အပြင်​ ​ကျည်​ဆံထိမှန်​​၍ ဒဏ်ရာရရှိသော ရိုဟင်​ဂျာ​ပေါင်း ၄၀,၀၀၀ ခန့်​ရှိပြီး၊ လူ​ပေါင်း ၃၄,၀၀၀ ခန့်​ကို မီးထဲ ပစ်​ချခဲ့သည်​ဟုလည်း အဆိုပါ အစီရင်​ခံစာတွင် ပါရှိပါသည်​။ ရိုဟင်​ဂျာ အိမ်​​ခြေ​ပေါင်း ၁၁၅,၀၀၀ မီးရှို့ခံခဲ့ရသည့်​အပြင်​ ​နောက်​ထပ်​ အိမ်​​ခြေ​ပေါင်း ၁၁၃,၀၀၀ သည်​လည်း ​မြေညှိစက်များဖြင့် ထိုး၍ ဖျက်ဆီးခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

ရိုဟင်​ဂျာများသည်​ အာရ်​ကာန်​ဒေသ၏ မူလဘူတ လူမျိုးစုဖြစ်​ပြီး အာဏာရှင်​ ဦး​နေဝင်းလက်​ထက်​မှ စ၍ ခွဲခြားဆက်​ဆံခြင်းကို ခံလာရသူများဖြစ်​ကြပါသည်​။ ၎င်းတို့သည်​ အ​ခြေခံလူသားအခွင့်​အ​ရေး အပါအဝင်​ နိုင်​ငံသား အခွင့်​အ​ရေး အားလုံးကို ဆယ်​စုနှစ်​ သုံးခု​ကျော်​ ဆုံးရှုံးခဲ့လာသူများဖြစ်​ပြီး ​ဒေါ်​အောင်​​ဆန်းစုကြည်​ အစိုးရလက်​ထက်​တွင်​ အဆိုးဝါးဆုံး နှိမ်​နင်းမှုနှင့်​ ကြုံ​တွေ့နေရခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်​ ​အောက်​တိုဘာလ (၉) ရက်​​နောက်​ပိုင်းတွင်​ မြန်​မာအစိုးရ၏ အကြမ်းဖက်​ နှိမ်​နင်းမှု​ကြောင့်​ ရိုဟင်​ဂျာဦး​ရေ​ပေါင်း ၈ သိန်းကျော်​ အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ ထွက်​​ပြေးခိုလှုံ​နေရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus