ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက်
ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက်
ရေးသားသူ - ရိုခရီးသည်
RB ကဗျာ
25.8.2018
ဤမိုးဝသန်၊ သည်ကမ္ဘာဝယ်
သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု
ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။
တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ
ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။
ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည်
ခါမမီသော၊ သေနတ်ပစ်သံ
ဆူဆူညံလျက်၊ ကျည်ဆံယမ်းမိုင်း
တဒိုင်းဒိုင်းနှင့်၊ အုံ့မှိုင်းဝန်းကျင်
ရွာမီးတင်ရှို့၊ မီးခိုးလွှမ်းလျက်
ဒူးထောက်တက်ကာ၊ ကြည့်ရကြိုးသည်
အကြောက်ကမ္ဘာ လွှမ်းလျက်နှင့်။
ဤသို့တဖန်၊ မြင်ရပြန်သည်
သူ့ရန်စမှ၊ ငါကြဉ်နိုင်ခဲ
ထိုအိမ်သည်အိမ်၊ မှိန်မှေးဆိတ်ညံ
ဟိုကြည့်ပြန်သော်၊ ဓားလှန်ထိရှ
လူသေအလောင်း၊ အထုပ်ထုပ်သို့
တစ်ချို့ဆိုလျှင်၊ မီးခိုးငွေ့ပြန်
မိစ္ဆာဆန်သူ၊ စစ်ဝတ်စုံရှင်
မီးရှို့ရက်သည်၊ လူအရှင်မို့
ပြေးထွက်ဖို့သာ၊ တို့ကြံရှာသည်
သွေးတိနီလွင်၊ မြေဆီတစ်ခွင်
ငါမြင်ရလည်း၊ ရှင်ပြန်နေရစ်သည်
ကိုယ်စိတ်နှစ်ဖြာ နွမ်းလျက်နှင့်။
သည်သို့အလျှံ၊ မီးတောက်ပျံကြား
ကျည်ဆံအကျ၊ မိုးသီးကျသို့
သွေးကျလွင်ပြင်၊ နီပင်လယ်ကြား
ဆင်မြန်းလျက်သာ၊ ပူပန်ရှာခြင်းကို
ညိုအာကာအောက်၊ စလှမ်းလျှောက်သည်
အကြောက်တွေဝေ၊ မျက်ရည်ဝဲယို
မြေသို့ကျကာ၊ ကန္တခဲသို့
ဒီခရီးကို၊ ငါဖြတ်ကျော်သည်
တိုင်းရင်းမြေကို၊ ရင်ဝယ်ထား၍
ခြကကျွတ်ရှာ၊ ဝေးသို့ပြေးခဲ့ရ
မှတ်မိရာရာ လွမ်းတနှင့်။
ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)
ဤမိုးဝသန်၊ သည်ကမ္ဘာဝယ်
သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု
ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။
တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ
ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။
ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည်
ခါမမီသော၊ သေနတ်ပစ်သံ
ဆူဆူညံလျက်၊ ကျည်ဆံယမ်းမိုင်း
တဒိုင်းဒိုင်းနှင့်၊ အုံ့မှိုင်းဝန်းကျင်
ရွာမီးတင်ရှို့၊ မီးခိုးလွှမ်းလျက်
ဒူးထောက်တက်ကာ၊ ကြည့်ရကြိုးသည်
အကြောက်ကမ္ဘာ လွှမ်းလျက်နှင့်။
ဤသို့တဖန်၊ မြင်ရပြန်သည်
သူ့ရန်စမှ၊ ငါကြဉ်နိုင်ခဲ
ထိုအိမ်သည်အိမ်၊ မှိန်မှေးဆိတ်ညံ
ဟိုကြည့်ပြန်သော်၊ ဓားလှန်ထိရှ
လူသေအလောင်း၊ အထုပ်ထုပ်သို့
တစ်ချို့ဆိုလျှင်၊ မီးခိုးငွေ့ပြန်
မိစ္ဆာဆန်သူ၊ စစ်ဝတ်စုံရှင်
မီးရှို့ရက်သည်၊ လူအရှင်မို့
ပြေးထွက်ဖို့သာ၊ တို့ကြံရှာသည်
သွေးတိနီလွင်၊ မြေဆီတစ်ခွင်
ငါမြင်ရလည်း၊ ရှင်ပြန်နေရစ်သည်
ကိုယ်စိတ်နှစ်ဖြာ နွမ်းလျက်နှင့်။
သည်သို့အလျှံ၊ မီးတောက်ပျံကြား
ကျည်ဆံအကျ၊ မိုးသီးကျသို့
သွေးကျလွင်ပြင်၊ နီပင်လယ်ကြား
ဆင်မြန်းလျက်သာ၊ ပူပန်ရှာခြင်းကို
ညိုအာကာအောက်၊ စလှမ်းလျှောက်သည်
အကြောက်တွေဝေ၊ မျက်ရည်ဝဲယို
မြေသို့ကျကာ၊ ကန္တခဲသို့
ဒီခရီးကို၊ ငါဖြတ်ကျော်သည်
တိုင်းရင်းမြေကို၊ ရင်ဝယ်ထား၍
ခြကကျွတ်ရှာ၊ ဝေးသို့ပြေးခဲ့ရ
မှတ်မိရာရာ လွမ်းတနှင့်။
ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)