April 25, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ဂူတာပြင်ရှိ ရိုဟင်ဂျာရွာများကို အာဏာပိုင်များက အတင်းအဓမ္မ ပြောင်းရွှေ့ပေးရန် စီစဉ်နေ

MYARF
RB News
10.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ရှိ ရိုဟင်ဂျာရွာများကို အခြားနေရာသစ်သို့ ဒုက္ခသည်စခန်းပုံစံဖြင့် အတင်းအဓမ္မ ပြောင်းရွှေ့ပေးရန် အာဏာပိုင်များက စီစဉ်နေသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ကျေးရွာအုပ်စုတွင် ဗုဒ္ဓဘာသာဝင်များ နေထိုင်သည့် ကျောက်စာတိုင်၊ ငှက်ပျောချောင်း နှစ်ရွာနှင့် ရိုဟင်ဂျာများ နေထိုင်သည့် ဂူတာပြင်ရွာကြီး၊ တောင်ရွာနှင့် သရက်တောင်ရွာ သုံးရွာတို့ ရှိကြပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ရိုဟင်ဂျာရွာ (၃) ရွာမှ နေအိမ် ၂၀၀ ခန့်ကို နယ်ခြားစောင့်ရဲများနှင့် ရခိုင်ရွာသားများ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရိုဟင်ဂျာ ရွာသူရွာသား ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ အနီးအနားရှိ အခြားသော ရိုဟင်ဂျာရွာတွင် သွားရောက် ခိုလှုံနေခဲ့ရသည်။ 

အခြားသော ရိုဟင်ဂျာရွာများတွင် ခိုလှုံနေရသူများသည် ၉ လကျော် အကြာတွင် အခြေအနေတည်ငြိမ်လာသဖြင့် ယခုနှစ် မေလကုန်ပိုင်းတွင် အချင်းချင်း ဆွေးနွေးတိုင်ပင်ကာ မိမိတို့၏ မူလနေရပ် ဂူတာပြင်ရွာကြီးနှင့် တောင်ရွာတို့တွင် တဲများထိုး၍ နေထိုင်လာကြရာ တဲ (၇၆) လုံး ထိုးပြီးချိန် တစ်ပတ်အကြာတွင် အစိုးရဌာနပေါင်းစုံမှ လာရောက်စစ်ဆေးခဲ့သည့် အပြင်၊ ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာန တို့မှ အရာရှိများ ရောက်ရှိလာပြီး ခွင့်ပြုချက်မဲ့ တဲထိုးခွင့် မပြုနိုင်ကြောင်း၊ ဆက်လက်၍ တဲထိုးလျှင် ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးပြောဆိုခဲ့သည်။ တဖန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး တဲထိုးနေသည့် အိမ်ထောင်စု (၇၆) စုမှ အိမ်ထောင်ဦးစီးများကို “အစိုးရက မိမိတို့တဲများကို ဖျက်ဆီးပြီး အခြားနေရာသစ်သို့ ပြောင်းရွှေ့ပေးရန် ပြောလာသည့် အချိန်တွင် ချက်ချင်း လိုက်နာဆောင်ရွက်ပါမည်” ဟု ပါရှိသည့် စာရွက်ပေါ်တွင် လက်မှတ်ထိုးစေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရွာသားများက မိမိတို့၏ နေအိမ်များ မီးရှို့ခံရပြီး အခြားသူများ၏ နေအိမ်များတွင် အချိန်ကြာ မနေချင်တော့၍ မိမိတို့ ပိုင်ဆိုင်သည့် မြေနေရာတွင် တဲထိုးနေသည်ကို အကြောင်းပြု၍ ဂူတာပြင်ကျေးရွာတာဝန်ခံ ဦးမိုဟာမတ်အာမီးန် ကို ဟန့်တားခြင်းမရှိဟု ဆိုကာ ရာထူးမှ ရပ်စဲလိုက်သည့်အပြင် ဂူတာပြင်တွင် တာဝန်ကျသည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဖြစ်သူ ဦးကော်ဘီရ်အဟ်မဒ် ကိုလည်း ရာထူးမှ ယာယီ ရပ်စဲထားသည်။ 

သြဂုတ်လ ဒုတိယပတ်တွင် ဂူတာပြင်ရွာသို့ ရခိုင်လူမျိုးနှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့သည် ဂူတာပြင်ရွာတွင် အိမ်များဆောက်လုပ်ပေးရန် ကန်ထရိုက်ရရှိထားသူများ ဖြစ်ကြပြီး၊ မကြာခင် အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းကို စတင်တော့မည် ဖြစ်၍ ရွာ၏ အနေအထားကို လာရောက်ကြည့်ရှုရခြင်း ဖြစ်ကြောင်း၊ အိမ်များကို မူလနေရာမဟုတ်သည့် ရွာအပြင်ဖက်ရှိ အခြားနေရာသစ်တစ်ခုတွင် တရုတ်နိုင်ငံမှ ပေးထားသည့် အထောက်အပံ့များဖြင့် လုံးချင်းအိမ်များ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့သည်။ 

“သပိတ်တောင်အုပ်စု၊ သပိတ်တောင်ရွာက ရခိုင်ရွာသား နှစ်ယောက်က ဂူတာပြင်က ကုလားတွေကို အခု စက်တင်ဘာလ အတွင်းမှာ ဒုက္ခသည်စခန်း ပုံစံမျိုးဆောက်ပြီး နေရာသစ်ကို အာဏာပိုင်တွေက အတင်းရွှေ့မယ်၊ တစ်နေရာတည်းမှာ ထည့်ပြီး သံဆူးကြိုးနဲ့ ခြံစည်းရိုး ကာထားမယ်၊ အပြင်ထွက် အလုပ်လုပ်မယ်ဆိုရင် NVC ယူမှ လုပ်လို့ရမယ်၊ ဂူတာပြင်က ကုလားတွေပြီး အခြားရွာတွေကိုလည်း အဲလိုပဲ လုပ်မယ် ဆိုပြီး ပြောဆိုနေတာကြားလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

“ကျွန်တော်တို့ ဂူတာပြင်မှာရှိတဲ့ ရိုဟင်ဂျာရွာတွေက ခရစ်သက္ကရာဇ် ၁၈၀၀ မတိုင်ခင်ကတည်းက တည်ထောင်ထားခဲ့တဲ့ ရွာဟောင်းတွေပါ၊ ခြံတွေလည်း အရမ်းကျယ်တယ်၊ အဓိကကတော့ ကျွန်တော်တို့ သမိုင်းကို ဖျောက်ဖို့ ကျွန်တော်တို့ နေရာတွေကို သိမ်း၊ အရင်သမ္မတ ဦးသိန်းစိန် ပြောခဲ့သလို ဒုက္ခသည်စခန်းထဲ ထည့်ထားမယ်ဆိုတာကို လက်တွေ့ အကောင်အထည်ဖော်နေတာပါ။ ရခိုင်ရွာသားတွေ ပြောသလိုအရဆိုရင် ကျွန်တော်တို့ ရွာပြီးရင် အခြားရွာတွေကိုလည်း လုပ်မယ့်ပုံရှိတယ်။ တဖက်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ပြီး အခုလို အကျဉ်းစခန်းပုံစံ၊ ဒုက္ခသည်အိမ်ရာတွေ ထည့်ဖို့သာဖြစ်တယ်ဆိုတာ သေချာတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

ဂူတာပြင်ကျေးရွာအုပ်စုရှိ ဒေသခံရိုဟင်ဂျာများသည် မိမိတို့၏ မူလနေရပ်များတွင် နေထိုင်လိုသော်လည်း ဥပဒေ အကာအကွယ်မရှိသည့် အရပ်ဒေသတွင် အာဏာပိုင်များ၏ အနိုင်ကျင့်ခြင်းကို ခံရတော့မည်ဖြစ်သဖြင့် အလွန်ပင် ပူဆွေးဝမ်းနည်းနေရသည်ဟု ဒေသခံများက ဆိုသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus