April 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ဂူတာပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ရရှိသော ထောက်ပံ့ကြေးများမှ ဖြတ်ယူလျက်ရှိ

ကျော်စိုး
Rohingya Today
19.11.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးသည့် ထောက်ပံ့ကြေးများကို အပြည့်အဝ မပေးဘဲ ဖြတ်ယူမှုများ ပြုလုပ်လျက်ရှိသည်။ 

ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးအင်္ဂါဖြူ (အသက် ၅၀-နှစ်ခန့်)၊ တာဝန်ခံ ဦးမိုဟမ္မဒ်တယုဘ် (ဘ) ဦးမိုဟမ္မဒ် (အသက် ၄၁-နှစ်)၊ ရာအိမ်မှူး ဦးနူရ်ကရီမ်း (ဘ) ဦးဟားဖီဇ်းအဟ်မဒ် (အသက် ၄၈-နှစ်) နှင့် ငှက်ပျောချောင်းရွာမှ ရာအိမ်မှူး ဦးမောင်သိန်းစိန် (အသက် ၄၄-နှစ်) တို့ ၄ ဦး ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ထုတ်ပေးသည့် ထောက်ပံ့ကြေးများ ရယူလိုသူများအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ (ငါးထောင်) စီ ပေးသွင်းခိုင်းသည်။

၎င်းတို့က ကျေးရွာအုပ်စု တစ်အုပ်စုလုံးရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၏ စာရင်းကို ကောက်ခံ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်သွင်းပြီးနောက် မြို့နယ်ရုံးမှ ပြည်လည် ချပေးခဲ့သည့် ထောက်ပံ့ကြေးများကို ကာယကံရှင်များအား အပြည့်အဝ ထုတ်မပေးဘဲ အသုံးစရိတ်ဟုဆိုကာ ဖြတ်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလကလည်း ဂူတာပြင်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၁ ဦး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဦးလျှင် ကျပ်ငွေ ၉၀၀၀၀ (ကိုးသောင်း) စီ ချပေးခဲ့သည့် ထောက်ပံ့ကြေးများကို အပြည့်အဝမပေးဘဲ ငွေကျပ် ၇၀၀၀၀ (ခုနှစ်သောင်း) စီသာ ထုတ်ပေးခဲ့သည့်အပြင် စာရင်းရောက်ရှိသော်လည်း ဖခင် အမည်မတူဟုပြောဆို၍ လုံးဝမပေးခဲ့သည့် သူများလည်းရှိကြောင်း ဂူတာပြင်ရွာသား တစ်ဦးက ပြောပါသည်။

အလားတူ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် တစ်လအရွယ် ကလေးရှိသူကို ၁၅၀၀၀ ကျပ်၊ နှစ်လအရွယ်ရှိသူကို ၃၀၀၀၀ ကျပ်၊ သုံးလအရွယ်ရှိသူကို ၄၅၀၀၀ ကျပ်၊ လေးလအရွယ်ရှိသူကို ၆၀၀၀၀ ကျပ်၊ ငါးလအရွယ်ရှိသူကို ၇၅၀၀၀ ကျပ်နှင့် ခြောက်လမှ ဆယ့်ငါးလ အရွယ်ထိရှိသူများကို ၉၀၀၀၀ ကျပ်နှုန်းဖြင့် နို့တိုက်မိခင် ၁၆၀ ဦးအတွက် မြို့နယ်ရုံးမှ ချပေးခဲ့သည့် နို့တိုက်မိခင်များအတွက် ထောက်ပံ့ကြေးများ ထုတ်ပေးစဉ် ၃၀၀၀၀ မှ ၅၀၀၀၊ ၄၅၀၀၀ မှ ၁၀၀၀၀၊ ၆၀၀၀၀ မှ ၁၅၀၀၀၊ ၇၅၀၀၀ မှ ၂၀၀၀၀ နှင့် ၉၀၀၀၀ မှ ၂၀၀၀၀ ကျပ်စီ ဖြတ်ယူခဲ့သည့်အပြင် စာရင်းရောက်ရှိသော်လည်း စာလုံးပေါင်းမတူဟုဆို၍ မပေးခဲ့သည့် သူများလည်း ရှိကြောင်း အဆိုပါ ရွာသားက ဆက်လက်ပြောသည်။

“စာရင်းကောက်တုန်းကလည်း စရိတ်ဆိုပြီး ငွေ ၅၀၀၀ ကျပ်စီကောက်ပြီး တစ်အုပ်စုလုံးက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အားလုံးရဲ့စာရင်းကိုယူတယ်၊ ဒါပေမယ့် အခု မြို့နယ် ထွေအုပ်က ချပေးတဲ့စာရင်းမှာ နည်းသွားတော့ ကိုယ်ဝန်ဆောင်နဲ့ ကလေးအမေ အချို့က ထောက်ပံ့ကြေးမရကြဘူး၊ စာရင်းရောက်တဲ့ လူတွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အပြည့်မပေးဘဲ စရိတ်စက ဆိုပြီး ဖြတ်ယူလိုက်သေးတယ်၊ စရိတ်က ဘယ်နှစ်ခါ ပေးရမှာတုန်း၊ စာရင်းရေးတာ ကောက်တာလဲသူတို့ပဲ၊ အခု စာရင်းထဲမှာ ပါလာပြီးတော့ အဖေနာမည် မတူဘူး၊ စာလုံးပေါင်း မတူဘူးဆိုပြီး မပေးတာက မှန်ကန်မှုရှိရဲ့လား၊ မြို့နယ်ရုံးက ကွင်းဆင်းပြီး အရေးယူပေးဖို့လိုတယ်” ဟု ဂူတာပြင်မှ ရပ်မိရပ်ဖ တစ်ဦးက ပြောပါသည်။



Comment ရေးရန်

Pages 22123456 »
Rohingya Exodus