April 26, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပေါက်တော အနောက်ရဲသို့ ပြည်နယ်အစိုးရ အကြီးအကဲများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေး

မောင်သိန်းထွန်း
Rohingya Today
20.11.2018

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲကျေးရွာတွင် ပြည်နယ်အစိုးရအဖွဲ့မှ အကြီးအကဲများပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့် အခြား အစိုးရတာဝန်ရှိသူများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၁၀း၀၀ ခန့်အချိန်တွင် ဆင်တက်မော်ကျေးရွာအုပ်စု၊ အနောက်ရဲကျေးရွာသို့ ရောက်ရှိလာပြီး နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အနောက်ရဲ ဒုက္ခသည်စခန်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို လယ်ကွင်းတစ်နေရာတွင် စုစေပြီး ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အစိုးရအာဏာပိုင်များအနေဖြင့် ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ရဲမှတ်တမ်းမှာပါရှိသည့် IDP စခန်းမှ လူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားရမည်ဖြစ်ပြီး IDP များက ၎င်းတို့ကို ဖမ်းဆီးရရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရမည်ဟု အဖွဲ့မှ တစ်ဦးကပြောပြီးနောက် IDP များဘက်က ပြောစရာ ရှိ၊ မရှိ မေးမြန်းရာတွင် IDP များက အချက် သုံးချက်ကို တောင်းဆိုခဲ့သည်။ တောင်းဆိုခဲ့သည့် အချက်များမှာ --

(၁) IDP များသည် အနောက်ရဲမှ စစ်တွေမြို့သို့ စက်လှေဖြင့် ကုန်ပစ္စည်းဝယ်ရန် သွားရပြီး၊ လမ်းရှိ စစ်ဆေးရေးဂိတ်တွင် လူတစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ (ငါးသောင်း) စီ ပေးနေရ၍ အလွန်ပင် အခက်အခဲရောက်နေရသဖြင့် ထိုကဲ့သို့ ငွေကောက်ခံမှုကို ဖျက်သိမ်းပေးပါရန် 

(၂) အရောင်းအ၀ယ် ပြုလုပ်နိုင်ရန်အတွက် အနောက်ရဲကျေးရွာမှ ဆင်တက်မော်ကျေးရွာသို့ သွားရာတွင် ဆင်အိုင် (ရခိုင်) ကျေးရွာကို ဖြတ်၍ သွားရသဖြင့် အစိုးရမှ လုံခြုံရေး စီစဉ်ပေးပါရန်

(၃) အနောက်ရဲတွင် တာဝါတိုင်မရှိသောကြောင့် ဖုန်းလိုင်းမကောင်းသဖြင့် ဖုန်းဆက်သွယ်ရန် အဆင်မပြေသောကြောင့် ဖုန်းဆက်သွယ်နိုင်ရန် တာဝါတိုင်တစ်တိုင် စိုက်ထူပေးရန် -- တို့ဖြစ်သည်။ 

“အစိုးရတာဝန်ရှိသူတွေကတော့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို လက်ခံပြီး လုပ်ပေးမယ်လို့ ပြောသွားတယ်” ဟု ဒုက္ခသည်တစ်ဦးက ပြောပါသည်။ 

ပြည်နယ်အစိုးရ အကြီးအကဲများ ပါဝင်သည့် အဖွဲ့သည် နံနက် ၁၁ နာရီခန့် အချိန်တွင် အနောက်ရဲ ရွာသား ရိုဟင်ဂျာများနှင့် သီးခြားတွေ့ဆုံ၍ နိုဝင်ဘာလ (၁၈) ရက်နေ့ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု မပြုလုပ်သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုပြီး။ ပြောစရာ ရှိ၊ မရှိ မေးမြန်းသဖြင့် ရွာသားများက “ကျွန်တော်တို့ရဲ့ လယ်ယာမြေတွေ ပေါ်မှာ IDP စခန်း အဆောင်တွေ ဆောက်ထားတာကြောင့် စိုက်ပျိုးရေး မလုပ်နိုင်ဘဲ နှစ်ရှည် ဒုက္ခရောက်နေရတယ်၊ အဲဒါကြောင့် အစိုးရက ကျွန်တော်တို့ကို ထိုက်တန်တဲ့ နစ်နာကြေး ပေးပါ” ဟု တောင်းဆိုခဲ့သည်။ 

ပြည်နယ်အစိုးရ တာဝန်ရှိသူများက အနောက်ရဲ ရွာသားများ၏ တောင်းဆိုချက်များကို စဉ်းစားပေးပါမည်ဟု ပြောဆိုပြီး မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ယခင်က ပေါက်တောမှ စစ်တွေသို့ စက်လှေဖြင့် သွားလျှင် တစ်နာရီသာ အချိန်ကြာမြင့်သောကြောင့် စက်လှေခ နှစ်ထောင်ကျပ်သာ ပေးခဲ့ရပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ ယခုအထိ ယခင်ကကဲ့သို့ စစ်တွေဈေးကြီး အနီးမှ ၀င်၍ မရဘဲ တစ်ပတ်ပတ်၍ သဲချောင်းမှ ၀င်နေရသောကြောင့် ၃ နာရီအချိန် ကြာမြင့်ပြီး စက်လှေခလည်း တစ်ဦးကို တစ်သောင်းကျပ်စီ ပေးနေရသည်။ 

စက်လှေပိုင်ရှင်က စက်လှေ မောင်းနှင်ခွင့်ရရန် အတွက် အာဏာပိုင်များကို ခြောက်လ (သို့) တစ်နှစ် တစ်ကြိမ် ဆက်ကြေး ပေးရသည်ဟု ဒေသခံများက ဆိုသည်။ 

အနောက်ရဲမှ ရိုဟင်ဂျာတစ်ဦး စစ်တွေမြို့သို့ ဈေးဝယ်ရန် လာလျှင် လမ်းစရိတ်သက်သက် ငွေကျပ် ခြောက်သောင်း ကုန်ကျလျက်ရှိသည်။ 



Comment ရေးရန်

Pages 22123456 »
Rohingya Exodus