နောက်ဆုံးသတင်း/ဆောင်းပါးများ


RFA မြန်မာပိုင်း
8.4.2013

ဦးဝင်းတင်နှင့် စကား ပြောခြင်း

ဒီအပတ် ဦးဝင်းတင်နဲ့ စကား ပြောခြင်း အစီ အစဉ်မှာ လတ်တလော ဖြစ်ပေါ် နေတဲ့ ဗုဒ္ဓ ဘာသာနဲ့ မူစလင် အကြား ပြဿနာ တွေနဲ့ ပတ်သက်ပြီး နယူးယောက် ပြည်နယ်ရောက် မြန်မာ့ အရေး လှုပ်ရှားသူ ဦးဌေးလွင်က RFA တယ်လီဖုန်း လိုင်းပေါ်က တဆင့် ဦးဝင်းတင်နဲ့ တိုက်ရိုက် ပြောဆို ထားတာကို နားဆင် ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက တင်ဆက် ထားပါတယ်။

(ဓါတ်ပုံ - Eleven Media Group)
ဧပြီလ (၂) ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် စတင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှ အသက်ရှင်၍ လွတ် မြောက် လာသည့် ကျောင်းသား များအနက် ကျောင်းသား တစ်ဦးကို အင်တာဗျူး လုပ်ထားသည့် အ သံ ဖိုင်ကို လူမှုကွန်ယက် ပေါ်မှ ရရှိခဲ့သဖြင့် RB News စာဖတ် ပရိသတ်များ နားဆင်ရန် မျှဝေပေးလိုက် ပါ သည်။ 

အရှင် လတ်လတ် မီးရှို့ ခံရပြီး သေဆုံး ရသူ တစ်ဦး (ဓါတ်ပုံ - AFP)

မိတ္တီလာ မြို့တွင် ယမန်နေ့ ညက ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော် လည်း မွတ်စလင် များ၏ နေအိမ်များ မီးရှို့ ခံရခြင်း၊ မွတ်စလင် များသတ် ဖြတ်ခံ ရခြင်း များအဆက် မပြတ် ဖြစ်ပွားလျက် ရှိသည်။ 

မိတ္တီလာ မြို့ဒေသခံ မွတ်စလင် များကို ဘီဘီစီ မြန်မာပိုင်း နှင့် မြန်မာ မွတ်စလင် မီဒီယာ များမှာ မေးမြန်း ထားသည် များကို အောက်ပါ Soundcloud ဖိုင်များမှ တဆင့် နားဆင် နိုင်ပါပြီ။



ကိုထွန်းခင်အားရိုဟင်ဂျာရိုးရာဝတ်စုံဖြင့် ဒီမိုကရက်တစ်မြန်မာ့အသံစတူဒီယို၌တွေ့ရစဉ်

ရခိုင်ပြည်နယ်မှ လူ့အဖွဲ့အစည်းနှစ်ခုကြား ယုံကြည်မှုတံတိုင်းအား ပြန်လည်တည်ဆောက် ရန်ကြိုးစားနေသော လူ့အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ အင်ဂျင်နီယာတစ်ဦး 

မင်းသိန်း
RB News
13.1.2013

ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး Burmese Rohingya Organisation UK ရဲ့ ဥက္ကဌ တစ်ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံ London Southbank University မှာ Civil Engineering ဘာသာရပ်နဲ့ ပါရဂူဘွဲ့ (Ph.D) တက်ရောက် သင်ကြားနေတဲ့ ကိုထွန်းခင် (ခ) Ziabul Gaffar ကို ကျွန်တော်မေးခွန်း တစ်ချို့မေးဖြစ်ခဲ့ပါတယ်။ ကိုထွန်းခင်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာပညာသင်ကြားကြီးပြင်းလာသူဖြစ်ပြီး ၊ အခုတော့ အင်္ဂ လန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဆက်လက် ပညာသင်ကြားနေသူ တစ်ဦးဖြစ်ပါတယ်။ 

ကိုထွန်းခင်ရဲ့ရိုဟင်ဂျာလူမျိုးစုအရေးနဲ့ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားမှုတွေထဲက တချို့ကိုပြောပြရမယ်ဆို ရင် Burmese Rohingya Organisation UK အဖွဲ့ကို ဦးဆောင်ပါဝင် တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သလို ၂၀၀၅ခုနှစ်ကစပြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဦးဆောင် ဖြတ် သန်း လာတဲ့ (၇) နှစ်ကာလအတွင်း ရိုဟင်ဂျာလူမျိုးစုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှု အခြေ အနေအရပ်ရပ်ကို ဗြိတိသျှပါလီမန်အပါအ၀င်၊ ဥရောပသမဂ္ဂနဲ့ အခြားဥရောပအဖွဲ့အစည်းအားလုံးကို ရှင်း လင်းပြောကြားနိုင်ခဲ့တဲ့ အပြင် ရိုဟင်ဂျာလူမျိုးစု အရေးနဲ့ပတ်သက်ပြီး US Congress, US State Department, US Senate, UN Indigenous Forum in New York နဲ့ UN Human Right Council in Geneva တို့အတွင်းမှာ ဆွေးနွေးပြောကြားခဲ့သူ တစ်ဦး လည်းဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့နာမည်ကြီး သတင်းစာ တစ်စောင်ဖြစ်တဲ့ The Independent သတင်းစာကြီးမှာ ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ် သက်ပြီး သတင်းဆောင်းပါး အချို့ကို လည်းကိုထွန်းခင်ရေးသား ခဲ့တယ်။ ဒါတွေအပြင် ပြည်ပမြန်မာ သတင်း ဌာန အချို့တွေမှာလည်းတွှေ့ ဆုံမေးမြန်း ခန်းတွေပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့သတင်း ဌာနကြီးတွေဖြစ် တဲ့ CNN, BBC နဲ့ Al Jazeera တို့မှာလည်း ကိုထွန်းခင်ရဲ့ အင်တာ ဗျူးတွေတွေ့နေရပါတယ်။ အနှစ်ချုပ်ပြောရ ရင်တော့ မြန်မာပြည်အတွင်း ပြည်သူလူထု တစ်ရပ်လုံး လူ့အ ခွင့်အရေး နစ်နာ ဆုံးရှူံးနေမှုနဲ့ ရိုဟင်ဂျာ လူမျိုး စု များရဲ့မတရား လူ့အခွင့် အရေးချိုးဖောက်ခံ စားနေရ မှုတွေကို ကမ္ဘာ့နိုင်ငံကြီးများကသိရှိ နားလည် လာအောင်မြန်မာနိုင်ငံပြင်ပမှာ ဦးဆောင်ကြိုး စားဆောင် ရွက်နေသူတစ်ဦး လည်းဖြစ်တယ်။ သူ့ရဲ့အတွေး အခေါ်၊အယူအ ဆနဲ့ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည် နယ်က လူထုတွေ အပေါ်ထားတဲ့ စေတနာ၊  မေတ္တာတရားတွေကို သိရှိသူတွေအနေနဲ့ ရခိုင် အစွန်းရောက် တစ်စု ရဲ့မိမိတို့ရဲ့ အကျိုးအတွက် လိမ်ညာဖန်တီးပြီး သူ့အပေါ်စွပ်စွဲထားတဲ့ အချက်တွေဟာ အခြေ အမြစ်လုံးဝ မရှိကြောင်းသိရှိကြပါတယ်။ ဒီနေ့ကမ္ဘာ ကြီးကိုနယ်စည်းမခြားတဲ့ ကမ္ဘာကြီးဖြစ် လာအောင် တဆင့် ချင်းကြိုးစားနေကြတယ်။ မကြာ ခင်အချိန်အတွင်း မှာ ASEAN ဟာလည်း လူတွေအလွယ်တကူ သွားလာ လှုပ်ရှား ကူးသန်းရောင်းဝယ်လာနိုင် အောင်အတားအ ဆီးတွေကို တဆင့် ချင်းချိုးဖျက်တော့ မယ်။ဒီလို အခြေအနေမျိုးမှာရခိုင်အစွန်းရောက်တွေကကမ္ဘာကြီးနဲ့ ပြောင်းပြန်တွေး  ခေါ်နေတာကိုအံ့သြစွာတွေ့နေရ တယ်။ အခုရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံမှာ ဒုတိယအ ဆင်းရဲ ဆုံးပြည် နယ်ဖြစ်နေပြီး၊ ရခိုင် အစွန်းရောက်တွေဟာနောက် ထပ်ဘယ်ချောက်ထဲထိ ဆွဲချသွား မလဲဆိုတာကို ရခိုင်ပြည်နယ် ရဲ့ပြည်သူ တစ်ယောက်အနေနဲ့ ရင်တထိတ်ထိတ် နဲ့ကြည့်ရှူနေရတယ်။ ရိုဟင်ဂျာ လူမျိုး စုခေါင်းဆောင်တွေဟာ မိမိတို့ ရဲ့ဘိုး၊ ဘေး၊ ဘီ၊ ဘင်နေလာခဲ့၊ သေလာခဲ့တဲ့ ဒီအာရ်ကန်မြေ (ရခိုင်ပြည် နယ်)နဲ့  ပြည်သူပြည် သားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု့တွေကိုဘယ်လောက်ထိလိုလားကြတယ် ဆိုတာကို ကိုထွန်း ခင်ရဲ့ စကားတွေ အတွင်းမှာရှာတွေ့နိုင်ပါတယ်။ ကိုထွန်းခင်ကိုကျွန်တော်မေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ကတော့ … 

MT - မေး ။ ။ ရခိုင်ပြည်နယ် အရေးအခင်းအတွင်းမှာ ရိုဟင်ဂျာနဲ့ ကမန်မွတ်စလင်တွေရဲ့ အိုးအိမ်တွေ၊ စီးပွား ဥစ္စာတွေမီးရှို့ဖျက်ဆီးခဲ့ရတဲ့အပြင် လူတွေလည်းများစွာအသတ်ခံခဲ့ရတယ်။ ဒီနေ့အချိန်ထိလည်း ရခိုင်ပြည် နယ်အတွင်းက မွတ်စလင်တွေဟာ ရခိုင်အစွန်းရောက်တွေ၊ နယ်မြေခံ အာဏာပိုင်တွေရဲ့ ပုံစံ အမျိုးမျိုးရဲ့ ဒုက္ခ ပေးခြင်းကိုခံနေရတယ်။ ဒုက္ခသည်စခန်းတွေမှာရောက်နေကြတဲ့ မွတ်စလင်တွေဟာ လည်း စားနပ်ရိက္ခာ မလုံလောက်မှု၊ ကျန်းမာရေးချို့တဲ့မှုစသဖြင့် ဒုက္ခပေါင်းစုံခံစားနေရတယ်။ ဒါတွေ နဲ့ပတ် သက်ပြီး၊ ရိုဟင်ဂျာလူမျိုး စုခေါင်းဆောင် တစ်ယောက်အနေနဲ့ နိုင်ငံတကာ အဖွဲ့အ စည်းတွေနဲ့ မြန်မာအစိုးရကို ဘာတွေပြောချင်ပါသလဲ?

TK - ဖြေ ။ ။ ရခိုင်ပြည်နယ်အရေးအခင်းကို RNDP ပါတီက စနစ်တကျ စီမံကိန်းဆွဲပြီး ရခိုင်ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေကို မက်လုံး အမျိုးမျိုးပေး စည်းရုံးပြီးတော့ ဒီအရေးအခင်းကို ဖန်တီးခဲ့တာဖြစ်တယ်။ RNDP ပါတီရဲ့စီမံကိန်းတွေဟာ ဂျာမဏီနိုင်ငံက ဟစ်တလာဦးဆောင်တဲ့ နာဇီပါတီရဲ့ စီမံကိန်းတွေနဲ့ အဆင့်တိုင်း အဆင့် တိုင်း သွားတူနေတာကို ဂရုစိုက်ပြီးစောင့်ကြည့်နေတဲ့လူတွေသိနေ၊ မြင်နေကြပါတယ်။ RNDP ရဲ့စီမံ ကိန်းတွေ ကိုဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေရော၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် အများစုရော၊ ဗဟိုအစိုးရ၀န် ကြီးတချို့ပါပူးပေါင်းပါဝင်ပြီး အကောင် အထည်ဖော်နေတာ ကိုနိုင်ငံတကာ အဖွဲ့အ စည်းတွေနဲ့ အစိုးရတွေကပါ အထောက် အထား အပြည့်အစုံနဲ့ သိရှိနေကြတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ လည်း ဒီအကြောင်း အရာတွေကို တိတိကျကျသိရှိနေပြီလို့ ကျွန်တော်ယုံကြည်တယ်။ ရခိုင်ပြည်နယ် အရေးအခင်း အတွင်းဆင်းရဲ ဒုက္ခရောက် နေကြတဲ့ လူ ၉၀% ကျော်ဟာ မွတ်စ လင်တွေဖြစ် တယ်။ အခုပြည်နယ် အစိုးရကအရေးအခင်းကို ဖန်တီးတယ်ဆိုပြီး ဖမ်းဆီးထားတဲ့ လူတွေ ထဲမှာ၈၀% ကျော်ဟာ မွတ်စလင်တွေဖြစ်နေတယ်။ မွတ်စလင်ဒုက္ခသည်တွေ ဆီကိုရိက္ခာတွေ မရောက်နိုင်အောင် RNDP ပါတီဝင်တွေ ဦးဆောင်ပြီးတော့ ပုံစံအမျိုးမျိုးနဲ့ နှောက်ယှက်နေကြတယ်။ ရခိုင်ပြည်နယ် အတွင်းပြဿနာ မဖန်တီးနိုင်ခဲ့ တဲ့နေရာတွေက မွတ်စလင်တွေကို လည်းစီးပွားရေး မလုပ်နိုင်အောင်၊ မွတ်စလင်ကလေးတွေ ကိုပညာမ သင်နိုင်အောင်လုပ်ထားကြတယ်။ ဒါတွေကိုပြည်နယ် အစိုးရမျက် ကွယ်ပြုထားတယ်။ လုံးဝတားဆီး အရေး ယူခြင်းမရှိသေးဘူး။ သမ္မတ ဦးသိန်းစိန် အနေနဲ့နိုင်ငံ တကာ မျက်နှာစာမှာ သမ္မတရဲ့ ဂုဏ်သိ က္ခာ၊ မြန် မာနိုင်ငံနဲ့ မြန်မာပြည် သူတစ်ရပ်လုံးရဲ့ ဂုဏ်သိ က္ခာ မဲ့အောင် လုပ်နေကြတဲ့ လူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ 

ကျွန်တော်တို့ အနေနဲ့ ကုလသမဂ္ဂအပါအ၀င်၊ ဥရောပကော်မရှင်နဲ့ နိုင်ငံတကာ အစိုးရတွေကိုတောင်းဆို ထား တာကတော့ ဇွန်လအတွင်းပထမ အကြိမ်အရေး အခင်းမှာ ရိုဟင်ဂျာနဲ့ကမန်မွတ်စလင်တွေရဲ့ အိမ်တွေ၊ လုပ်ငန်းတွေ မီးရှို့ဖျက်ဆီး ခံရတယ်။ လူတွေလည်း အများကြီးသေခဲ့ရတယ်။ ရခိုင်တွေ ဖက်ကလည်း ပျက်စီး တာတွေ အနည်းငယ် ရှိခဲ့တယ်။ အစိုးရ ကိုယ်တိုင်က ဒုက္ခရောက်နေတဲ့  မွတ်စ လင်တွေကို ဘာ အကာအကွယ် မှ မပေးတဲ့အပြင် မွတ်စလင်တွေကို အမျိုးမျိုးပြောဆို စွပ်စွဲခဲ့ တယ်။ လေး လကြာပြီး အောက် တိုဘာလမှာ ဒုတိယ အကြိမ်ဖြစ် လာတော့ မွတ်စလင်တွေ အကြီးအကျယ် ခံခဲ့ရ တယ်။ ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ် အတွင်းက မွတ်စလင်တွေဟာ လုံခြုံစိတ်ချမှု့ ကိုပြည့်ပြည့်၀၀ မခံစား ရသေးဘူး။ RNDP ပါတီဥက္ကဌ တိကုအေးမောင်ရဲ့ တတိယအကြိမ် အရေးအခင်းဖန်တီး မယ်ဆို တဲ့ဆော်သြမှုတွေ၊ ခြိမ်းခြောက်မှုတွေ လည်းရှိနေတော့၊ အကယ် ၍မြန်မာအစိုးရက ရခိုင်ပြည်နယ် အတွင်း က မွတ်စလင်တွေ ကိုပြည့်ပြည့် ၀၀လုံခြုံမှုမပေးနိုင်ဘူးဆိုရင် ကုလသမဂ္ဂငြိမ်း ချမ်းရေးတပ်တွေ ၀င်ရောက် ပြီးတော့ ပြဿ နာဖြစ် မလာအောင် ၀င်ရောက်တားဆီး သင့်တယ်လို့ တောင်းဆို ထားပါ တယ်။ နောက် တစ်ချက်ကနိုင်ငံ တကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စုံစမ်းစစ်ေ ဆးရေး ကော်မရှင် တစ်ရပ် ဖွဲ့ စည်းပြီး ရခိုင်ပြည် နယ်အတွင်း၊ မွတ်စလင်တွေကို လူမျိုးတုန်းနှောက် ယှက်၊ ဖျက်ဆီး၊ သတ်ဖြတ် မှု့ရှိ/မရှိ သွားရောက် စုံစမ်းပြီးတွေ့ တယ်ဆိုရင် ထိထိရောက်ရောက် အရေးယူပေး သင့်တယ်။ ဒါမှမဟုတ် ရင် (၂၁) ရာစုအတွင်း ကမ္ဘာ့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံေ တွ၊ လူ့အဖွဲ့အစည်းတွေ ရှိနေပါ လျက်နဲ့ ဘာသာ ကိုးကွယ်မှု့တစ်ခုကို အခြေခံပြီးလူသားမျိုးနွယ်စုငယ်တစ်ခု မျိုးဖြုတ်သတ်ဖြတ်ခြင်း ခံနေရ တာကို လက်ပိုက် ကြည့်နေမယ်ဆိုရင် (၂၁) ရာစုကမ္ဘာ့သမိုင်းစာမျက်နှာမှာ အလွန်တရာအကျည်း တန်တဲ့ အဖြစ် အပျက် တစ်ခုကို မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ ဒီလူမျိုးတုန်း သတ်ဖြတ်မှု့ရဲ့ တရားခံတွေ ဟာ အမှန် တကယ် ကိုယ်ထိ လက်ရောက် အပြစ်ကျူးလွန် သူများသာ မဟုတ်တော့ဘဲ ဒီအချိန် ကာလကို ဦးဆောင် ဖြတ်သန်းနေကြ တဲ့မြန် မာ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ဂုဏ် သိက္ခာ ရှိတဲ့ပုဂ္ဂိုလ် ကြီးတွေပါအနာဂတ် လူသားတွေရဲ့ ကဲ့ရဲ့ပြောဆိုခြင်းကို ခံရမှာဖြစ်တယ် ဆိုတာကို ကျွန်တော့် အနေနဲ့အသိ ပေးပြောကြားချင်ပါ တယ်။ 

MT - မေး ။ ။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒီစကားလုံး ရဲ့နောက် ကွယ်မှာကြီးမားတဲ့ ရည်ရွယ်ချက်တွေရှိနေတယ်လို့ ရခိုင်အစွန်းရောက်ခေါင်းဆောင်တွေက ရိုဟင်ဂျာလူမျိုး စုအပေါ်စွပ်စွဲ ထားတာရှိနေပါတယ်။ ဒီစွပ်စွဲမှု့တွေအပေါ်မှာ ကိုထွန်းခင် အနေနဲ့ ဘာပြော ချင်ပါသလဲ? 

TK - ဖြေ ။ ။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို မကြားဖူးဘူး၊ ရိုဟင်ဂျာလူမျိုးစုဆို တာမြန်မာ့ သမိုင်းမှာ ဘယ်တုန်း ကမှမရှိခဲ့ဘူးလို့ပြောနေတဲ့ လူတွေဟာအလွန် တရာမှဗဟုသု တနှုံချာတဲ့ လူတွေဖြစ် ရမယ်။ ဒါမှမဟုတ်လူမျိုး ရေးခွဲခြားစိတ်ပြင်း ထန်တဲ့လူတွေဖြစ်ရမယ်။ ရိုဟင်ဂျာ လူမျိုးစုနဲ့ပတ်သက်ပြီး သမိုင်း ရှူထောင့်ကနေ ကျယ် ကျယ်ပြန့်ပြန့် မပြောချင်တော့ဘူး။ ကျွန်တော်ထောက်ပြချင်တာ တစ်ခုက ဒီနေ့ ရခိုင် လူမျိုးလို့ ခံယူထားတဲ့ လူ တွေက ဘယ်တုန်းကနေ စပြီး မိမိကိုယ်ကို ရခိုင်လူမျိုး အဖြစ်ခံ ယူခဲ့ကြ တာ လဲ။ အရင် တုန်းက သူတို့လူမျိုးစုရဲ့ နာမည်ကဘာလဲ။ လူမျိုးစုတစ်စုဟာ မိမိလူမျိုးစုအမည်ကို မိမိတို့ ကိုယ် တိုင်ရွေးချယ်ခံယူပိုင်ခွင့်ရှိတယ်ဆို တာကို ရခိုင်ပြည်နယ် အတွင်းမှာ လူမျိုးစုကြီးဖြစ်တဲ့ ရခိုင် လူမျိုးတွေ ကိုယ် တိုင်ကသက်သေပြထားပြီးပြီ။ ရခိုင် ပြည်နယ် အတွင်းတစ်ခြား လူမျိုးစုတစ်စုက မိမိ လူမျိုး စု နာမည်ကို မိမိစိတ်ကြိုက်ရွေးချယ်ခံယူပိုင်ခွင့်မရှိရဘူးလို့ တားဆီးပိတ်ပင်နေတာဟာ ဗမာ လူမျိုးကြီး ၀ါဒ ကို မုန်းပါတယ်လို့ တကျော်ကျော်အော်နေတဲ့ ရခိုင်မျိုးချစ်ဆို သူတွေ၊ ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင် လူမျိုးကြီးဝါဒ တည်ဆောက်နေတယ် ဆိုတာကို မြန်မာရော၊ ကမ္ဘာကပါ သိအောင်ပြ သနေတာဖြစ် ပါတယ်။ မြန်မာပြည်မကလူအများစုက ရိုဟင်ဂျာဆိုတဲ့စကားလုံးနဲ့ စိမ်းနေကြတာ ကိုကျွန်တော် တို့နား လည် ပါတယ်။ ရိုဟင်ဂျာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲ။ ဒီစကားလုံးကို ဘယ်တုန်း ကတည်းက ဒီလူ မျိုး စုတွေ ခံယူထားကြတာလဲ။ ဒါတွေကိုမြန်မာပြည် သားအများစု သိရှိနား လည်လာအောင် ရှင်းပြခွင့် ကို အစိုးရအဆက်ဆက်က ရိုဟင်ဂျာလူမျိုးတွေကို ခွင့်မပြုခဲ့ဘူး။ ရိုဟင်ဂျာ လူမျိုး စုတွေအများစုနေ ထိုင် တဲ့ဒေ သတွေမှာ အမျိုးသမီးတွေ ပညာရေးနိမ့်ပါးတာ၊ အထွေထွေ ဗဟုသုတ မကြွယ်ဝတာ၊ တခြား လူမျိုးစုတွေနဲ့ တချို့ကိစ္စတွေမှာ သဟဇာတမဖြစ် တာတွေဟာ အစိုးရရဲ့ ရိုဟင်ဂျာ လူမျိုးစု အပေါ်ခွဲခြားသတ်မှတ်ထားတဲ့ မူဝါဒတွေကြောင့်ဖြစ်နေရ တာလို့ကျွန်တော်ပြော ချင်တယ်။ ရိုဟင်ဂျာ ပညာ တတ်တွေ၊ ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးသမားတွေကမိမိတို့လူမျိုးစုအတွက် ပညာရေး၊ စီးပွားရေး၊ လူ မှုရေး ၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေ ကို ဖွံ့ဖြိုးတိုးတက်ပြောင်းလဲ လာအောင်ဆောင် ရွက်ပေးနိုင်ခွင့်ကို အစိုးရ အဆက်ဆက်က ခွင့်မပြုခဲ့ဘူး။ အခုအချိန်ထိလည်းငြင်း ပယ်နေဆဲဘဲ။ ရိုဟင်ဂျာ လူမျိုးတွေ ဟာမိမိတိုရဲ့ အရည် အချင်းတွေကို မိမိတို့နိုင်ငံ အတွက် လည်း ပြန်လည်ပေးဆပ်ခွင့်မရရှိသလို မိမိတို့ လူမျိုး အတွက် လည်း အသုံးပြုခွင့် မရရှိဘူးဖြစ်နေတယ်။ ရိုဟင်ဂျာ လူမျိုးစုတွေ မှာမြန်မာနို င်ငံအတွင်းမှာ တခြားတိုင်းရင်း သားအားလုံး နည်းတူ၊ နိုင်ငံသား အခွင့် အရေး ရရှိခွင့်၊ လူမျိုးစု အခွင့်အရေး ရရှိခွင့်တောင်း ဆိုနေရခြင်းရဲ့ ရည်ရွယ်ချက်က RNDP ပါတီ ဥက္ကဌ တိကုအေးမောင်နဲ့ အဖွဲ့က စွပ်စွဲထား သလိုနယ်မြေခွဲ ထွက်ဖို့ မဟုတ် ဘူး။ ရခိုင် ဘုရင် အဆက် အဆက်၊ မြန်မာနိုင်ငံ ကိုလိုနီဘ၀လွတ် မြောက်ရေးရုန်း ကန်လှုပ်ရှားမှု သမိုင်းအဆက်ဆက်၊ လွတ်လပ် ရပြီးမြန် မာ့ ဒီမိုကရေစီကာလ အတွင်းကျွန် တော်တို့ရဲ့ဘိုး၊ ဘေး၊ ဘီ၊ ဘင်အဆက်ဆက်က ဒီနိုင်ငံ အတွက်၊ ဒီလူ မျိုးတွေအတွက် တာဝန်နဲ့အခွင့်အရေး ကိုပီပီပြင်ပြင် စွမ်းဆောင်နိုင်ခွင့်ရရှိခဲ့သလို၊ ကျွန်တော်တို့ မျိုး ဆက်တွေ အနေနဲ့ လည်းမြန်မာနိုင်ငံနဲ့ မြန်မာလူ ထုအတွက် အများနည်း တူမိမိအရည် အချင်းအလိုက် ပါ ၀င်ဆောင်ရွက်နိုင် ခွင့်ရရှိလိုတဲ့ဆန္ဒတစ်ခုတည်း အတွက် ကျွန်တော်တို့ နိုင်ငံသား အခွင့် အရေးနဲ့ လူမျိုး စု အ ခွင့်အရေးကိုတောင်းဆိုနေရခြင်းဖြစ်တယ်။ 

ရှေးလူသားတွေဖြတ် သန်း လာခဲ့ကြတဲ့ သမိုင်းတွေထဲက အားသာချက်၊ အားနည်းချက်တွေကို သင်ခန်း စာယူ ပြီး စုစည်းလုပ်ဆောင်မှု့ အင်အားရဲ့ တန်ဖိုးကို ခံစားသိရှိလာ တာနဲ့အမျှ၊ စည်းမျဉ်း၊ စည်းကမ်း၊ အတား အဆီး တွေကိုဖြေလျှော့ပြီး ကမ္ဘာကြီးတစ်ခုလုံးဟာ ရွာသိမ်၊ ရွာငယ်လေး တစ်ခု လိုဖြစ် လာအောင်ကြိုး စားဆောင် ရွက် နေကြတဲ့ အခုလိုခေတ် ကာလမှာ၊ နိုင်ငံတစ်နိုင်ငံကနေ နယ်မြေ တစ်ခု ခွဲထွက်ဖို့ စိတ်ကူး ယဉ်ဆောင် ရွက်နေကြတဲ့ လူတွေကိုခေါင်း တစ်ခြမ်းပျက်နေတဲ့ လူထူးလူ ဆန်းတွေ အဖြစ်ကမ္ဘာက သိမြင်ကြ လိမ့်မယ်။ ဒီလို ရူးကြောင် ကြောင် အတွေးမျိုး၊ လုပ်ရပ်မျိုးကို ကျွန်တော်တို့ ဘယ်တော့မှ လက်ခံ အားပေးမှာမဟုတ်ပါဘူး။ 

MT - မေး ။ ။ နောက်ဆုံးအချက်အနေနဲ့မေးလိုတာက ရခိုင်ပြည်နယ်အတွင်း လူမျိုးစုတွေအကြား ယုံကြည်မှုကို ဘယ်လိုပြန်လည် တည်ဆောက်နိုင်မလဲ? ရေရှည်လုံခြုံငြိမ်းချမ်းစွာနေနိုင်အောင် ဘာတွေပြုပြင်ပြောင်း လဲ ပါသလဲ? 

TK - ဖြေ ။ ။ ရခိုင်ပြည်နယ် အရေးအခင်းအတွင်းမှာ ရခိုင်ဗုဒ္ဓဘာသာဝင်အားလုံး ပါဝင်ပတ်သက်ခဲ့တာ မဟုတ်ဘူး။ ရခိုင်ဗုဒ္ဓ ဘာသာဝင် လူ့အဖွဲ့အစည်း ကိုယေဘုယျအားဖြ င့်နှစ် မျိုးခွဲကြည့်လို့ရတယ်။ ပထမ အုပ်စုက ရခိုင် ပြည်နယ်ကို မြန်မာနိုင်ငံကခွဲထွက်ပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေ သီးသန့်နေထိုင်တဲ့ အဖ ရခိုင်နိုင် ငံတော် ထူထောင်မယ်ဆိုတဲ့ အုပ်စု၊ ဒီအုပ်စုက အရေအတွက် အရလူဦးရေနည်းပေမယ့် ပါတီတွေက ဦးဆောင်ထားပြီး၊ အာဏာပိုင်အဖွဲ့အစည်းတစ်ချို့၊ စီးပွားရေးသမား တစ်ချို့နဲ့ သူတို့တွေနဲ့ ပတ်သက်တဲ့ လူတွေအားလုံးပါဝင်တယ်။ ဒီလူတွေကဘဲ မိမိအာဏာအတွက်၊ မိမိကိုယ်ကျိုးအတွက် ရခိုင်ပြည်နယ်ကို ပြဿ နာဝဲဂယက်မှာ နစ်ထားကြတာ။ ဒီအုပ်စုဟာ သူတို့လုပ်ချင်တာကို စိတ်ကြိုက် လုပ်ခွင့်ရနေသရွေ့ရခိုင် ပြည်နယ် အတွင်းက ပြည်သူလူထုတွေဟာ လူ့အဆင့်  အတန်းနိမ့် ကျနေဦး မှာဘဲ။ မြန်မာနိုင်ငံ အတွင်း မှာရှိနေတဲ့ တခြားတိုင်းရင်းသားတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။ သူတို့ကတော့ သူတို့ ကိုယ်သူတို့ နာဇီ လက်သစ် ၀ါဒီတွေလို အမျိုး၊ ဘာသာ၊ သာသနာကိုစောင့်ရှောက်နေတဲ့ ရခိုင်မျိုး ချစ်ဝါဒီတွေ လိုခေါင်းစည်း တပ်ထားကြတယ်။ 

နောက်အုပ်စု တစ်စုကတော့ ရခိုင်လူမျိုးတွေရဲ့ ပင်ကိုယ်စရိုက်အရ ဗုဒ္ဓတရား ကိုလေးစားလိုက်နာပြီး၊ လူသား ပီသစွာဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ လူတွေဖြစ်တယ်။ ဒီအုပ်စုဟာ လူဦးရေ များပေးမယ့် အာဏာရှိတဲ့လူတွေ၊ လောဘရမက်ကြီးတဲ့ စီးပွားရေးသမားတွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူစားမျိုးတွေနည်းတယ်။ ဒီလူအုပ်စုဟာ အမှန်တစ်ကယ် ရခိုင်ပြည်နယ်နဲ့ ရခိုင် လူမျိုးတွေရဲ့ ပုံရိပ်မှန်ကို ကိုယ်စားပြုတဲ့ လူတွေဖြစ်တယ်။ အမှန်တကယ် ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းစေချင်တဲ့ စေတနာရှိကြ တယ်ဆိုရင်  မြန်မာအစိုး ရရော မြန်မာလူမှု့ရေးအဖွဲ့ အစည်းတွေရော၊ နိုင်ငံ တကာ အနေနဲ့ရော ဒီအုပ်စုက လူတွေနဲ့ များများထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဗဟိုအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်အရေး အခင်းအတွင်း အမှန်တကယ် အပြစ်ကျူးလွန်ခဲ့ သူတွေကို ထိထိရောက်ရောက် အရေး ယူပြီး၊ ရခိုင်ပြည်နယ် အတွင်း ဥပဒေစိုးမိုးရေးကို အရေးပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးစုအပါအ၀င် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင် များအနေနဲ့ အရေးအခင်း ကာလအတွင်း မိမိတို့ ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ် ဥစ္စာတွေဆုံးရှူံးနစ်နာခဲ့ ရပေမယ့် လူစိတ်ကင်းမဲ့နေတဲ့ လူတစ်ချို့ က လွဲပြီး၊ သီလ၊ သမ္မာဓိနဲ့ပြည့်စုံတဲ့ မည်သည့်ရခိုင်လူမျိုးနဲ့မဆို ရခိုင်ပြည် နယ်တိုးတက် စည်ပင်ရေး အတွက် လက် တွဲဆောင် ရွက်နိုင်မယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ယုံကြည်ပါတယ်။ 

ရခိုင်ပြည်နယ် မှာမွေး ဖွားကြီးပြင်း လာခဲ့တဲ့ ကျွန်တော်ဟာနို င်ငံခြားမှာနေထိုင်ပြီး အဆင့်မြင့် ပညာတွေကို သင်ယူနေရတာဟာ၊ ရခိုင်ပြည်နယ်ဆိုတဲ့ ပန်းဥယျာဉ်ကြီး သာယာ စိုပြေလာရေးအတွက် မိမိသင်ယူ တတ် မြောက်ထားတဲ့ ပညာနဲ့တစ်ထောင့် တစ်နေရာကပါဝင်ပြီး ဆောင်ရွက်ပေးနိုင်ခွင့် ရရှိလာ မယ့်နေ့ တစ်နေ့ ကို မျှော်လင့်စောင့် စားနေသူ တစ်ယောက်ဖြစ် တယ်ဆို တာကိုလည်း အသိပေးပြောကြား ချင်ပါ တယ်။ 
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်
RB News 
31.12.2012 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား ဗွီအိုအေမြန်မာ ပိုင်းအစီအစဉ်မှ ယနေ့ည ၉ နာရီအစီအစဉ်တွင် အင်တာဗျူးပြုလုပ်ခဲ့သည်။ ဦးရွှေမောင်နှင့် အင်တာဗျူး မတိုင်မှီ၊ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင် ဥက္ကဌဒေါက်တာမျိုးမြင့်ကိုလည်းေ မးမြန်းထားသည်ကို နား ဆင်နိုင်ပါသည်။

ဦးရွှေမောင်မှ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်တွင် မီးလောင်ဆုံးရှူံးခံရသောဒေသ ခံရိုဟင်ဂျာ မွတ်စလင် များမှာ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းမခံရသည့်အပြင် အပြစ်ရှိသူများဟုစွပ်စွဲ၍ ဖမ်းဆီး ရန် ၀ရမ်း ထုတ်ခြင်းခံရသည်နှင့် ပတ်သက်၍ တရားမျှမျှတတလေ့လာစုံစမ်းပေးရန် ရခိုင်ပြည် နယ်စုံ စမ်းရေး ကော်မရှင်ကိုတောင်းဆိုလိုက်သည်။

အသေးစိတ်ကို Soundcloud Audio Clip မှနားဆင်နိုင်ပါသည်။

  
Dr. Wakar Uddin (ဓါတ်ပုံ - မင်းသိန်း)
မင်းသိန်း
RB News
ဒီဇင်ဘာ (၁၂) ၂၀၁၂

ရခိုင်ပြည်နယ်အရေး၊ ရိုဟင်ဂျာအရေးများနဲ့ပတ်သက်ပြီး Dr. Wakar Uddin ရဲ့အင်တာဗျူးတွေကို ကမ္ဘာ့မီဒီ ယာကြီး တွေဖြစ်တဲ့ CNN, BBC, Al Jazeera မှာမကြာခဏတွေ့နေရတယ်။ Dr. Wakar Uddin နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အရေးကိုစိတ်ဝင်စားကြတဲ့ မြန်မာပြည်သူပြည်သားတွေဆီကလည်း ထင်မြင် ချက်တွေကို အမျိုးမျိုးကြားနေရတယ်။ အထူးသဖြင့်ရခိုင်ဗုဒ္ဓဘာသာဝင်တွေဆီကကြားနေရတာကတော့ (ပြည်ပမှာ ရိုဟင်ဂျာခေါင်းဆောင် Dr. Wakar Uddin ကဦးဆောင်ပြီးတော့အာရပ်နိုင်ငံများအပါအ၀င်နိုင်ငံ တကာ အကူအညီကိုယူပြီး ရိုဟင်ဂျာနိုင်ငံထူထောင်ဖို့ကြိုးစားနေ ကြတယ်) ဆိုတဲ့စကားတွေပါပဲ။ ဘယ် သူတွေ ဘာရည်ရွယ်ချက်နဲ့ဘယ်လို သတင်းအရင်းအမြစ်တွေအပေါ် အခြေခံပြီး ပြောနေကြ တယ်ဆိုတာ ကိုကျွန်တော်ရိပ်မိနေပေမယ့် အမှန်တကယ်ရိုဟင်ဂျာခေါင်းဆောင်တွေက ရခိုင်ပြည်နယ်ကို ရိုဟင် ဂျာနိုင်ငံ ထူထောင်ဖို့ကြိုးစားနေကြတယ်ဆိုရင် ရခိုင်ပြည်နယ်မှာမွေး၊ ရခိုင်ပြည် နယ် မှာကြီးပြင်း လာခဲ့တဲ့ ကျွန်တော်တို့ကိုယ်တိုင်ရှေ့ဆုံးကမားမားမတ်မတ်ရပ်ပြီး ကန့်ကွက်မှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ရိုဟင် ဂျာခေါင်းဆာင်တွေမီဒီယာတွေနဲ့ခဏခဏအင်တာဗျူးလုပ်နေကြတယ်။

ရိုဟင်ဂျာနိုင်ငံထူထောင်မယ်ဆိုတဲ့စကားမျိုးတစ်ခါမှမကြားခဲ့ရဘူး။ဒါပေမယ့်ပြည်တွင်းပြည်ပရခိုင်ခေါင်း ဆောင်တွေရဲ့အင်တာဗျူးတွေမှာတော့ (အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စကားတွေ၊အစ္စလာမ် အယူဝါဒလွှမ်းမိုးမှုနဲ့မဟာဗမာဝါဒလွှမ်းမိုးမှုဆိုတဲ့ အယူဝါဒနှစ်ခုလုံးကိုရခိုင်လူမျိုးတွေပြင်းပြင်းထန်ထန် ကာ ကွယ်နေရတယ်ဆိုတဲ့စကားလုံးတွေကို) မကြာခဏမြင်နေ၊ ကြားနေရတယ်။ ကျွန်တော့်အနေနဲ့ရခိုင် ဗုဒ္ဓ ဘာသာဝင်အများစုစွပ်စွဲပြောဆိုနေသလို ရိုဟင်ဂျာနိုင်ငံထူထောင်ရေးနဲ့ပတ်သက်ပြီး ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Dr. Wakar Uddin ရဲ့သဘောထားအ မှန်ကို သိချင်နေခဲ့တယ်။

၂၀.၁၁.၂၀၁၂ နေ့ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့မှာ Dr. Wakar Uddin နဲ့တွေ့ဆုံပွဲဆိုပြီး မြန်မာရိုဟင်ဂျာများ အသင်း (ဂျာမဏီ) ကဖိတ်စာတစ်စောင်ရောက်လာတယ်။ ကျွန်တော်သိချင်နေတဲ့အကြောင်း အရာတစ်ခု၊ မြန်မာမွတ်စလင်တချို့ရဲ့စိတ်ထဲမှာသံသယ၀င်နေတဲ့အရာတစ်ခု၊ ငယ်ငယ်လေးတုန်းက လည်ပင်းဖက်ပြီး အတူတူကြီးပြင်းလာခဲ့ကြတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်သူငယ်ချင်းများရဲ့ စိုးရိမ်သောကရောက်နေရ တဲ့အကြောင်း အရာတချို့အတွက် Dr. Wakar Uddin ကိုအဲဒီတွေ့ဆုံပွဲမှာမေးခွန်း တချို့ကျွန်တော်မေးဖြစ် ခဲ့ပါတယ်။

MT (မေး)။ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့မြန်မာတွေက အန်ကယ့်ကိုရိုဟင်ဂျာလူမျိုးစုခေါင်းဆောင် အဖြစ်သိထားကြပါတယ်။ ရိုဟင်ဂျာလူမျိုးစုနဲ့ပတ်သက်ပြီးအန်ကယ်တို့ရဲ့အဓိကတောင်းဆိုချက်တွေ ကိုပြောပြပေးစေ ချင်ပါတယ်။

Dr. WU (ဖြေ)။ နံပါတ် (၁) အချက်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ (ဒေါက်တာကတော့တွေ့ဆုံ ပွဲတလျှောက်လုံးလူငယ်၊လူလတ်ပိုင်းတွေကြားမှာသူ့ကိုယ်သူကျွန်တော်ဟုသုံးနှုန်းသွားပါသည်) ကျွန်တော့် ကိုယ်ကျွန်တော်ရိုဟင်ဂျာတွေရဲ့ခေါင်းဆောင်အဖြစ်မခံယူထားပါဘူး။အရင်ကကျွန်တော်ရိုဟင်ဂျာလူမျိုးစုအ တွက်အချိန်မပေးနိုင်ခဲ့ဘူး။အခုအချိန်ပေးနိုင်တဲ့အတွက်ကျွန်တော်လုပ်နိုင်တဲ့အပိုင်းတွေ ကိုလုပ်နေခြင်း သာဖြစ်ပါတယ်။ ဒီလိုဘဲ ကမ္ဘာ့မီဒီယာကြီးတွေမှာ အင်တာဗျူးတွေလုပ် လို့ရအောင် ကျွန်တော်ကြိုး စားနေတာ မဟုတ်ပါဘူး။ သတင်းမီဒီယာတွေကတောင်းဆိုလို့ ကျွန်တော် အင်တာ ဗျူးတွေပေးနေ ရခြင်းဖြစ်တယ်။ ဒါဟာကျွန်တော့်ရဲ့ပင်ကိုယ်စရိုက်လဲဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ ရိုဟင်ဂျာလူမျိုးစု နဲ့ပတ်သက်ပြီး ကျွန်တော်တို့တောင်းဆိုနေ တာကလူသားတစ်ယောက်ရဲ့ အခြေခံ လူ့အခွင့် အရေးကိုပါ။ ရိုဟင်ဂျာလူမျိုးစုကိုမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုရမယ်။ တခြားမြန်မာနိုင်ငံ သား အားလုံးနဲ့တန်းတူ လွတ်လပ်စွာပညာသင်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာစီးပွားလုပ်ခွင့်၊ လွတ်လပ်စွာခရီး သွား လာခွင့်၊ လွတ်လပ်စွာလက်ထပ်ခွင့်ပေးရမယ်။ အမှန်တကယ်ဒီအခွင့်အရေးတွေက ရိုဟင်ဂျာလူမျိုးစု တစ်စုတည်းပဲ သက်ဆိုင်တဲ့ အခွင့်အရေးမဟုတ်ဘဲ မြန်မာနိုင်ငံရော၊ ကမ္ဘာ့နိုင်ငံတွေမှာပါ ဘယ်လိုလူ သားတစ်ယောက်မဆိုရသင့်ရထိုက်တဲ့ အခြေခံလူ့အခွင့် အရေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလူ့အခွင့် အရေးတွေ ကိုအပြည့်အ၀မခံစားရတဲ့ ရိုဟင်ဂျာလူမျိုးစု အပြင်မြန်မာမွတ်စလင်ထဲ မှာလည်း အများကြီး ရှိနေ တယ်။ တိုင်းရင်း သားခရစ်ယာန် ဘာသာဝင်တွေထဲ မှာလည်းအများကြီးရှိနေတယ်။ ကုန်ကုန်ပြော ရရင် စစ်အစိုးရနဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့အသိုင်းအ၀ိုင်းနဲ့ပနံသင့်တဲ့လူတွေကလွှဲပြီး ကျန်တဲ့ပြည် သူတွေထဲ မှာ လူသားအခွင့်အရေးတွေနစ်နာဆုံးရှုံးနေတာအများကြီးဘဲ။ ဒါတွေကိုကမ္ဘာက သိလာအောင် ကျွန်တော်တို့ပြောပြနေရခြင်းဖြစ်တယ်။ ကျွန်တော်တို့တောင်းဆိုနေတာဟာလူသား တစ်ယောက်ရဲ့ အခြေခံလူ့အခွင့် အရေးဘဲဖြစ်ပါတယ်။

MT (မေး)။ ရခိုင်ဗုဒ္ဓဘာသာဝင်အများစုက အန်ကယ်တို့လိုပြည်တွင်းပြည်ပရိုဟင်ဂျာခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့ ရိုဟင်ဂျာပြည်နယ်ခွဲထွက်ဖို့၊ အစ္စလာမစ်နိုင်ငံ ထူထောင်ဖို့၊ မြန်မာနိုင်ငံ ကိုအစ္စလာမစ် နိုင်ငံဖြစ် လာအောင်လုပ်ဖို့ ကြိုးစားနေကြတယ် လို့စွပ်စွဲနေကြ တဲ့အပေါ်အန်ကယ့်ရဲ့ သဘောထား ကို သိချင် ပါတယ်။

Dr. WU (ဖြေ)။ မြန်မာနိုင်ငံရဲ့လွှတ်တော်တွေထဲမှာ ရိုဟင်ဂျာလူမျိုးတွေကိုယ်တိုင်မဲပေးပြီးရွေးကောက် တင်မြှောက်ထား တဲ့ရိုဟင်ဂျာလွှတ်တော်အမတ်တွေရှိနေတယ်။ ရိုဟင်ဂျာခေါင်းဆောင်တွေ လွှတ်တော် ထဲမှာ ရိုဟင်ဂျာလူမျိုးစုနဲ့ပတ်သက်ပြီးတော့ အခြေခံလူ့အခွင့် အရေးကိုတောင်း ဆိုနေတာ လား။ ပြည်နယ် ခွဲထွက်ဖို့တောင်းဆိုနေတာလားဆိုတာ ပြည်တွင်း သတင်းတွေကိုလေ့လာကြည့်ရင်သိနိုင်တယ်။ဒါမှမဟုတ် ရိုဟင်ဂျာခေါင်းဆောင်တွေလွှတ်တော်ထဲမှာ ဘာတွေဆွေးနွေးတင်ပြတယ်ဆိုတာလွှတ်တော် သ တင်း ရပ်ကွက်ကနေ သိနေ၊ မြင်နေကြမှာဘဲ။ ဒီအပိုင်းနဲ့ပတ်သက်ပြီးကျွန်တော့်ဖက်မှာ ဘာမှပြောစရာ မရှိပါဘူး။ ကျွန်တော့်တို့ဖက်အပိုင်းကျတော့ပထမမေးခွန်းကဖြေထားသလိုဘဲ။ ကျွန်တော်တို့အဓိကတောင်းဆိုနေ တာက အခြေခံလူ့အခွင့်အရေးဘဲဖြစ်တယ်။ခင်ဗျားတို့စဉ်းစားကြည့်ပါ။ကျွန်တော်တို့ကမ္ဘာ့ ခေါင်းဆောင် တွေနဲ့တွေ့ပြီးတော့ ရခိုင်ပြည်နယ်အရေး၊ရိုဟင်ဂျာအရေးကိုမကြာမကြာဆွေးနွေးရတယ်။ဂျနီဗာမှာလဲနိုင်ငံ တကာခေါင်းဆောင်တွေ နဲ့ဆွေးနွေးဖို့ကျွန်တော်သွားရတယ်။ (အဲဒီနေ့ကဂျနီဗာသို့အသွား ဂျာမဏီနိုင်ငံ ရောက်ရိုဟင်ဂျာများ၏ ဖိတ်ကြားချက်ကြောင့်ဖရန့်ဖတ်မြို့ကိုခဏ၀င်ပြီး ဂျာမဏီရောက် ရိုဟင်ဂျာမွတ်စ လင်၊ မြန်မာမွတ်စလင်တွေနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။) အိမ်ဖြူတော်မှာလဲကျွန်တော် ရိုဟင်ဂျာအရေး နဲ့ပတ်သက်ပြီး မကြာမကြာ ဆွေးနွေးရတယ်။ ကျွန်တော်ပြောချင်တာက ဒီလိုကမ္ဘာ့ ခေါင်းဆောင်တွေ၊ အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ဆွေးနွေးနေတဲ့ အကြောင်းအရာတွေဟာ မြန်မာနိုင်ငံကခွဲထွက်ပြီး ရိုဟင်ဂျာနိုင်ငံထူထောင်ဖို့၊ အစ္စလာမစ်နိုင်ငံထူထောင်ဖို့လို့ထင်နေကြတယ် ဆိုရင်လည်း ကျွန်တော်ဘာမှမတတ်နိုင်ဘူး။ ကျွန်တော်ဘာလဲ၊ ဘာလုပ်နေလဲ၊ ဘာလိုချင်နေလဲဆိုတာ အမေရိကန်အစိုးရမသိဘဲနေမလား။ ကျွန်တော့်မှာမရိုးသားမှုတစ်ခုခုရှိနေမယ်ဆိုရင်ဒီလူတွေနဲ့အချိန် အကြာကြီး ကျွန်တော်ပေါင်းသင်းဆက်ဆံလို့ရမလား။ ကျွန်တော်ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းလာ ခဲ့တယ်။ ရခိုင်ပြည်နယ်ကိုကျွန်တော်သံယောဇဉ်ရှိတယ်။ ရခိုင်ပြည်သူတွေကို တိုးတက်စေချင်တယ်။ ရခိုင်လူမျိုးတိုင်းဟာအစွန်းရောက်နေကြတာမဟုတ်ဘူး။ ရခိုင်ပြည်နယ်က မွတ်စလင်တချို့မှာလည်း အားနည်းချက်တွေရှိနေတယ်။ ရခိုင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် နေထိုင်လာကြတဲ့မွတ်စလင် အများစုကိုနိုင်ငံသားအဖြစ်အသိအမှတ်မပြုဘူး။ ခရီးသွားလာခွင့်မပြုဘူး။ ပညာရေး၊ ဘာသာရေး၊ အိမ်ထောင်ရေးအဖက်ဖက်ကချုပ်ခြယ်ထားတယ်။ ရခိုင်လူမျိုးတွေကော ရခိုင်ပြည်နယ်မှာဘာအခွင့် အရေးတွေရနေလို့လဲ။ ရခိုင်ပြည်နယ်ကပြည်သူတွေအတွက်ကျောင်းတွေလုံလောက်ရဲ့လား။ ဆေးရုံတွေ လုံလောက်ရဲ့လား။ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးထားနိုင်ရဲ့လား။ ရခိုင်ပြည်နယ်ထဲ ကလူသားအရင်းအမြစ်တွေဖြစ်ကြတဲ့မွတ်စလင်လူငယ်တွေကိုရော၊ ဗုဒ္ဓဘာသာဝင်လူငယ်တွေကိုပါ ရခိုင် ပြည်နယ်ထဲကတနည်းနည်းနဲ့ထွက်သွားအောင်လုပ်ထားတာဟာ ရခိုင်ပြည်နယ်ကိုဒုက္ခ၀ဲဂယက်ထဲက ရုန်းမထွက်နိုင်အောင် စစ်အစိုးရယုတ်မာထားတယ်ဆိုတာကို ရခိုင်ပြည်နယ်ကို ချစ်မြတ်နိုးသူတိုင်းမြင် တတ်ဖို့လိုတယ်။

စစ်အစိုးရကရခိုင်ပြည်နယ်ကမွတ်စလင်တွေကိုပုံစံတစ်မျိုးနဲ့နှိမ်ထားတယ်။ရခိုင်လူမျိုးတွေကိုကျတော့ နောက် ပုံစံတစ်မျိုးနဲ့နှိပ်ကွပ်ထားတယ်။ဒါကိုသူတို့တွေမမြင်ကြဘူး။ရခိုင်ပြည်နယ်ကပြည်သူ၊ ပြည်သားတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေရရှိလာအောင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျွန်တော်တို့ပြောပေးတယ်။ ရခိုင်လူမျိုးခေါင်းဆောင်တွေက နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့အကူအညီတွေကို လက်မခံဘူးလို့ငြင်းပယ်နေတာဟာ အောက်ခြေကပြည်သူပြည် သားတွေကိုမသနားမညှာတာရာကျတယ်။ရ ခိုင်ပြည်သူပြည်သားတွေရဲ့ရှေ့ရေး အတွက်အစွန်းမရောက် ကြဘဲ၊ အမြင်ကျယ်ကျယ်နဲ့ဘာသာစွဲ၊ လူမျိုး စွဲတွေ ကိုအစွန်းမထွက်စေဘဲအားလုံးပူးပေါင်းပါဝင်ကြိုးစားမှ ရခိုင်ပည်နယ်ဆိုတဲ့ပန်းဥယျာဉ်ကြီးဟာ ဖြူ၊ နီ၊ညို၊ပြာပန်းပေါင်းစုံနဲ့ပွင့်လန်းဝေဆာလာမယ်ဆိုတာကို ကျွန်တော်ယုံကြည်နေတယ်။

ဒါကတော့ကျွန်တော့်ရဲ့မေးခွန်းတွေအပေါ် Dr. Wakar Uddin ရဲ့ဖြေကြားချက်တွေဖြစ်ပါတယ်။ စကားလုံး အသုံးအနှုန်းများလွှဲချော်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့အားနည်းချက်များသာဖြစ်ကြောင်းပြောကြားလိုပါတယ်။






RB News
21.11.2012

အမေရိကန်ပြည်ထောင်စုအခြေစိုက် Free Rohingya Campaign မှ Mr.Yusuf Iqbal ကိုနိုဝင်ဘာလ ( ၂၁) ရက်နေ့တွင် ၀ါရှင်တန်မြို့အခြေစိုက် RFA မြန်မာပိုင်းအစီအစဉ်မှ အမေရိကန်သမ္မတဘားရက် အိုဘားမားရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းခဲ့သည်။

သမ္မတအိုဘားမားမှ အမေရိကန်၏ပေါ်လီစီကိုမြန်မာပြည်သူတွေအားလုံးသိနိုင်ရန်အတွက် မိန့်ခွန်းမှာထည့်သွင်းပြောကြား သွားသည့်အတွက်အထူးဝမ်းမြောက်ကြောင်း၊ မြန်မာပြည်သူများသည် နှစ်ပေါင်း ၅၀ ကျော်မှိုင်းတိုက်ခံခဲ့ရကြောင်း၊ ယခုအခါဒီမိုကရေစီလမ်းသို့လျှောက်လှမ်းနေသည့်အချိန်တွင် နှစ်ပေါင်းရာကျော်ဒီမိုကရေစီလမ်းစဉ်ကျင့်သုံးနေသည့် နိုင်ငံတကာဒီမိုကရေစီခေါင်းဆောင်ဟုခေါ်တွင်ရ သည့်အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးလူတန်းစား၊ နိုင်ငံရေး အသိုင်းအ၀န်း၊ ရဟန်းသံဃာ တော်များ၊ ပြည်သူပြည်သားများကို စစ်မှန်သည့်ဒီမိုကရေစီဝါဒကိုသင်ကြားပေးသွားသည့်ဟု ထင်မြင်ကြောင်း၊ အရေးကြီးဆုံးအနေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေပြီး၊ အပြစ်မဲ့သောပြည်သူများထိခိုက်နစ်နာနေမည်ဆိုပါက စစ်မှန်သည့်ဒီမိုကရေစီကိုရနိုင်မည် မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာများ၏လူ့အခွင့်အရေးအပြည့်အ၀ရှိရမည်ဖြစ်ကြောင်းတို့ကိုသမ္မတအိုဘားမား မှထည့်သွင်းပြောကြားခဲ့ကြောင်း Mr. Yusuf မှ အင်တာဗျူးတွင်ပြောကြားခဲ့သည်။

ရခိုင်ပြည်အရေးတွင်နှစ်ဖက်ဘာသာဝင်များတွင်အစွန်းရောက်များရှိနေသည့်ကိစ္စကိုမေးမြန်းရာတွင် - အစွန်းရောက်များမရှိလျှင်ယခုကဲ့သို့ပြဿနာဖြစ်ရန်မရှိကြောင်း၊ အစွန်းရောက်များသည်မိမိတို့၏ ဘာသာရေးလူမျိုးရေးများကိုဗန်းပြ၍ မိမိတို့၏ နိုင်ငံရေးခံယူချက်များကိုအသက်သွင်းနေခြင်းဖြစ်ကြောင်း၊ အစွန်းရောက်များ၏တိုက်တွန်းချက်များကြောင့်သာ ထောင်ချီသောလူအုပ်များသည်ရွာများသို့ သွားရောက်၍အကြမ်းဖက်နေခြင်းဖြစ်ကြောင်း၊ အစွန်းရောက်သည့်သူများကို ဘာသာမခွဲခြားဘဲ အစွန်းရောက်သူများအဖြစ်မိမိတို့ရှုံ့ချကြောင်း၊ အစွန်းရောက်သူများမရှိသင့်ကြောင်း၊ မွတ်စလင်ရိုဟင်ဂျာများသည် လူနည်းစုဖြစ်သည့်အကြမ်းဖက်နိုင်သည့်အခွင့်အရေးအလွန်နည်းပါးကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှု၏ရလာဒ်တွင် ရိုဟင်ဂျာများဖက်ကသာများစွာခံရကြောင်း၊ ရိုဟင်ဂျာလူမျိုးများသည် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးပိုင်းတွင်ပါဝင်၍အမှုထမ်းနိုင်ခြင်းမရှိကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သူများတွင်အစွန်းရောက်သူများက မိမိတို့၏လူမျိုး၊ ဘာသာဝင်များဖက်မှဝင်ရောက်ကူညီမှုရှိကြောင်း ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ - မြန်မာပြည်သူပြည်သားများအနေဖြင့်စစ်မှန်သည့် ဒီမိုကရေစီ ကိုနားလည်ရန်လို ကြောင်း၊ လူတစ်ဦးချင်းလေးစားရန်လိုအပ်ကြောင်း၊ အမေရိကန်သမ္မတအိုဘားမားပြော ခဲ့သည့်အတိုင်းရိုဟင်ဂျာများသည် အများနှင့်တန်းတူလေးစားထိုက်သည့်လူတန်းစားဖြစ်သည်ကို အသိအမှတ်ပြုရန်လိုကြောင်း၊ ဥပဒေဘောင်အတွင်းနေထိုင်၍မင်းမဲ့စရိုက်များကိုမကျူးလွန်ပါက တိုးတက်သည့်နိုင်ငံအဖြစ်သို့ပူးပေါင်း၍ချီတက်နိုင်မည်ဖြစ်ကြောင်း Mr. Yusuf မှ RFA မြန်မာပိုင်းအစီအစဉ်သို့ပြောကြားခဲ့သည်။

Messenger News Journal
8.9.2012

ကျွန်တော်တို့က တတ်နိုင်သမျှ ဆောင်ရွက်ပေးချင်တာပါ။ ဘာလို့လဲဆိုရင် ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲအပေါ်မှာ ကျွန်တော်တို့ မြင်တဲ့အမြင်ကို တစ်ကမ္ဘာလုံးကို တင်ပြပေးမယ်။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ပြောင်းလဲနေတယ်၊ သူ့ရဲ့ ပြောင်းလဲမှုကို ကျွန်တော်တို့က အယုံအကြည်ရှိတယ်။ သူ့ကို ကူညီဖို့ အင်တာနေရှင်နယ်ကို မေတ္တာရပ်ခံ ပေးချင်တယ်။ ဒါဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ။ သူ့အတွက်ရယ်လို့ မဟုတ်ပါဘူး။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ သူဦးဆောင်တဲ့ အပြောင်းအလဲမှာ ကျွန်တော်တို့ တတ်နိုင်သမျှ စည်းလုံးညီညွတ်ပြီးတော့ တိုင်းပြည်နဲ့ ပြည်သူ့အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးက အရမ်းကျဆင်းနေပြီ။ သူကလည်း ပြောင်းလဲနေတယ်။ ဒါပေမဲ့ အခက်အခဲ တွေ အများကြီးရှိတာပေါ့။ မြေတွေ သိမ်းခံနေရတာ လည်း ကြားတယ်၊ လူ့အခွင့်အရေး ချိုးဖောက်နေတာ တွေလည်း ရှိတယ်၊ အရင် အစိုးရ အဆက်ဆက်က ဖြစ်နေတဲ့ဟာကို သူ့အနေနဲ့ ခေါင်းခံနေရတယ်၊ ချာလပတ်ရမ်းနေတာကို ကျွန်တော်တို့ နားလည် ရမှာပေါ့။

ကျွန်တော်ကလည်း ဗမာဗုဒ္ဓဘာသာတစ်ယောက် ပဲ။ ကိုယ့်ရဲ့DNA ကို စစ်ကြည့်မယ်ဆိုရင်တော့ ရှမ်း လည်းပါမယ်၊ မွန်လည်း ပါမယ်၊ ဗမာလည်း ပါတယ်။ ကျွန်တော်တို့ ဗမာ တွေဟာ နတ်ကိုးကွယ်မှုက ရှိတယ်။ နတ်ကိုးကွယ်မှု ဆိုတာ ကျွန်တော်တို့ရဲ့ ရိုးရာ ပါ။ ကျွန်တော် မိဘတွေက နတ်ကန်တော့တဲ့ အချိန်ဆိုရင် အဘိုးက ရှမ်းနတ်ကို ကန်တော့ရတယ်။ ရှမ်းခေါင်းပေါင်းတွေနဲ့ အဘိုးက သုံးခွဘက်ကပါ။ ရှမ်းသွေးလည်း ပါမယ်။ အမေ့ဘက်ကကျတော့ ကညွတ်တို့ ငါးရံ့နားဖားထိုးလို့ ခေါ်တာပေါ့။ မွန်ပေါ့ကွာ။ အဖေဘက်ကျတော့ ဦးမင်းကျော်တို့ပေါ့။ မြင်းဖြူရှင်လည်း ကိုးကွယ်ရတယ်။ တိုင်းရင်းသားတွေနဲ့ ဘုတ်ပလက်ထဲမှာ ပါတယ်လို့ သဘောပေါ့။ ကိုယ် ကိုယ်တိုင်လည်း တိုင်းရင်းသား ဖြစ်တယ်။ ဗမာလည်း ဖြစ်တယ်။ ကရင် မွန်လည်း ဖြစ်မယ်ပေါ့။ ရခိုင်ရဲ့ အဓိကပြဿနာကို ကော်မရှင်ဖွဲ့ထားတယ်။ ဒီကော်မရှင်ကို ကျွန်တော် စိတ်ဝင်စားတယ်။ ဒီကော်မ ရှင်က မှန်မှန်ကန်ကန် သုံးသပ်မယ်၊ ဘက်မလိုက်ဘဲ တရားဥပဒေအတိုင်း ဖြစ်မယ်လို့ ယုံကြည်တယ်။ အဲဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် ဗမ ပြည်ကြီးမှာ မတူခြား နားတဲ့ ဘာသာတွေ၊ မတူခြားနားတဲ့ လူမျိုးတွေ၊ အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေတာက ကျွန်တော့် ရဲ့ အိပ်မက်တစ်ခုပေါ့။ကရင်လူမျိုးကော ဗမာကော၊ ဗုဒ္ဓဘာသာကော၊ အစ္စလာမ်ကော၊ ခရစ်ယာန်ကော အားလုံး အတူတကွ နေထိုင်သွားတာကို ကျွန်တော့်ရဲ့ အဖြေတစ်ခုပါပဲ။

တစ်ခါ တစ်ဖက်မှာ ရိုဟင်ဂျာလို့ လည်းပြောတယ်။ ဘင်္ဂါလီလို့လည်းပြောတယ်။ မွတ်စလင်လို့လည်း ပြောတယ်။ အဲဒီနည်းနဲ့ တဖြည်းဖြည်း ဘာသာရေး ဆန့်ကျင်တဲ့အထိ ဖြစ်လာတယ်။ သူတို့က လူမျိုး ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား ဆိုတာ နိုင်ငံရေး သမားတွေက ခံစား ချက်နဲ့ပဲဖြစ်ဖြစ်၊ ဘယ်ပါတီကမှ ဆုံးဖြတ်လို့ မရဘူး။ လူတစ်ယောက်က လူမျိုးတစ်မျိုး ဖြစ်သင့်တယ်၊ မဖြစ် သင့်ဘူးဆိုတာ ဘယ်ပါတီကမှ မဆုံးဖြတ်ရဘူး။ Right လွှတ်တော်ကပဲ ဆုံးဖြတ်မှာပါ။ Right ကျွန်တော်ကပဲ ထောက်ခံခံ၊ မထောက်ခံခံ ဘာမှမဖြစ်ဘူး။ တရား လည်းမဝင်ဘူး။ ရိုဟင်ဂျာက သူ့ဘာသာသူ Claim လုပ်တယ်။ သူဘာသာသူ Claim လုပ်တာပဲဖြစ်မယ်။ ကိုယ်လွှတ်တော်က ဆုံးဖြတ်တာ ရှိတာမှမဟုတ်တာ။ အဲဒါကို ဘာလို့ဆဲနေကြတာလဲ။ ဒီမိုကရေစီ ကိုယုံကြည်ရင် ဘယ်လွှတ်တော်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ကို လိုက်နာရမှာပဲ။ အခုလူတွေတော်တော် များများက ရိုဟင်ဂျာပဲဖြစ်ဖြစ် မူစလင်ပဲဖြစ်ဖြစ် သူတို့ကဘယ်သူ့ကို အကျယ်ဆုံးဆဲသလဲ။ ဒါကတစ်ကယ်အဖြေမှ မဟုတ်တာ အဓိကအဖြေက တိုင်းရင်းသားဒေသမှာ တစ်ကယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့ပဲ။ ဒီလို ဖြစ်လာရင် တစ်ယောက်နဲ့ တစ်ယောက် ဘာမှဖြစ်မှာ မဟုတ်ဘူး။

ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ ဘာသာရေး Conflict တွေ၊ လူမျိုးစု Conflict တွေ အများကြီး ကြုံရတယ်။ အသက် ၅ နှစ်ကျော် ကျောင်းစတတ်တဲ့ အရွယ်မှာ တရုတ်-ဗမာအဓိကရုဏ်းလည်း ဖြစ်တယ်။ တချို့တရုတ်တွေကို ကျွန်တော်တို့ မိဘတွေက ကယ်လိုက်တာမျိုး ရှိတယ်။ အခု အမေ့အိမ်သွားလည်ရင်းနဲ့ အဲဒီဦးတရုတ်ကိုလည်း တွေ့ချင်တယ်။ တရုတ်ဗမာအဓိ ကရုဏ်းတုန်းက အမေတို့က အိမ်ဘေးနားက တရုတ်မကြီး မနှင်းဆီကို ကယ်လိုက်တာပါ။ သူက သွေးနုသားနုကြီးနဲ့ပေါ့။ ဗမာတွေက ဖျက်ဆီးလိုက်ကြတာ။ ကျွန်တော့် မိဘ တွေက သိမ်ကြီးဈေးမှာ ဆိုင်ထွက် နေကြတာ။ ၂၇ လမ်းဝရန်တာကနေ ဟိုဘက်အုပ်ကြီး၊ ဒီဘက်အုပ်ကြီး ရိုက်နေတာကို တွေ့ရပါတယ်။ ဒီဟာကြီးကို အဲဒီ အရွယ်ကတည်းက အမှန်တရားလို့ မယူဆ ခဲ့ပါဘူး။ ၈၈ ကြီး ဖြစ်လာတော့ မွတ်ဆလင်ဆန့်ကျင်ရေး လမ်း ကြောင်းကို ဦးနေဝင်းက ဦးတည်ပေးနေတယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တာဝန်ရှိလာသူဖြစ်လာပြီ။ ကိုဇော်မင်းတို့လည်း ပါတယ်။ ကျွန်တော်တို့ ဗကသက Statement ထုတ်တယ်။ ဗုဒ္ဓဘာသာ မူဆလင် ဘာသာရေးအဓိကရုဏ်းကို လက်မခံနိုင်ဘူး။ နီးစပ်ရာ ကျောင်းသားတွေကို ပြန်ထိန်းယူတယ်။ ကျွန်တော်တို့ တောင်းတဲ့ ဒီမိုကရေစီ ဆက်တောင်းတယ်။ အဲဒါ ကျွန်တော်တို့ ရပ်တည်ချက်ပဲ။

တစ်ဖက်နဲ့တစ်ဖက်ကို ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နယူး ယောက်စ်က ဆရာတော်တစ်ပါးရှိတယ်။ သူပြောတာလေး ကောင်းတယ်။ နိုင်ငံတိုင်းက စပါးစိုက်နေကြတာပဲ။ မြန်မာနိုင်ငံမှစိုက်တာမဟုတ်ဘူး။ စပါးစိုက်တာ ဘာထူး ဆန်းလို့လဲ။ ဝါဒဖြန့်တာ များနေတယ်။ မစလ ခေတ်က စပါးစိုက်တာကို ဒါကို မြစိမ်းရောင်စစ်ဆင်ရေးတဲ့၊ နွေရာသီ စပါးစိုက်တော့လည်း ရွှေဝါရောင် စစ်ဆင်ရေး ဆိုပြီး ရိတ်ကြတယ်။ ဟိုဘက်က ခိုးဝင်လာတဲ့ ကာလ က ရှိလာတော့ ဟင်္သာစစ်ဆင်ရေးဆိုပြီး လုပ်ပြန်ရော။ တကယ်က ခိုးဝင်လာရင် ဖမ်းရမှာပဲလေ။ Immigration အရ ရိုဟင်ဂျာမှ မဟုတ်ဘူး၊ တရုတ်၊ အင်္ဂလိပ်၊ ဂျပန် အကုန်လုံး ခိုးဝင်လာရင် ဖမ်းရမှာပဲ။ အခု ထိုင်းထဲကိုသွားရင်လည်း ထိုင်းက ခိုးဝင်လာရင် ဖမ်း မှာပဲ။ အမေရိကန်လည်း မက္ကဆီကိုတွေကို ဖမ်းပြီး ပြန်ပို့တာပဲ။ အမေရိကန်တွေဆို ဖမ်းတာ နည်းတာမှ မဟုတ်ဘဲ။ လက်ထိပ်ခတ်ပြီး ပြန်ပို့တယ်။ အပေါ်ကနေ ဖိထားတာတွေလည်း ရှိတယ်။ ဒါကို တွေ့နေရတယ်။ တစ်ကမ္ဘာလုံးက ဘာမှ မပြောကြဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ Soveriegnty မှာ တရား ဥပဒေလုပ်ရတယ်။ သူ့နိုင်ငံထဲ မတရား ခိုးဝင်လာရင် လုပ်ရမှာပဲ။ အဲ့လို မလုပ်ဘဲနဲ့ အမျိုးသား ရေးလို သွားလုပ်တာ ဒီအကျိုးဆက်က သိပ်ကြီးတယ်။ ဒီလို ခိုးဝင်လာရင် လူရှစ်သိန်းလုံး ဖမ်းပြီး ပြန်ပြီး မောင်း ထုတ်လို့ရတယ်။ လူ့အခွင့်အရေးပုံစံနဲ့ အမျိုးသားရေး ပုံစံဆိုရင် တစ်ယောက်မျှ မောင်းထုတ်လို့ မရဘူး။ ဒါကို အစိုးရက သိဖို့လိုတယ်။ Smart ဖြစ်ဖို့လိုတယ်။ လူ့အခွင့်အရေး ကို သွားထိရင် ဒုက္ခရောက်လာမယ်။ ရပ်ပေးခဲ့တယ်၊ ပြောခဲ့တယ်၊ နားမထောင်ကြဘူး၊ အခုတော့ ပုံမှန် Right ထဲကို ပြန်လာရတယ်။ ဒေါ်စု လည်း ပြောလို့ မရဘူး။ ဒါကို ‘ဆဲ’နေကြတယ်။ အဓိပ္ပာယ်မရှိတဲ့ ဟာတွေပဲ။ သူက တစ်ကမ္ဘာလုံးရဲ့ အနေအထားကို မြင်နေတာပဲ။ မီဒီယာကိုလည်း အားကိုးပါတယ်။ ဒီသတင်းတွေကို လည်း မှန်မှန် ကန်ကန် အားကိုးပါတယ်။ စတုတ္ထမဏ္ဍိုင်လို့ တင်စား ထားတာ ဒီမဏ္ဍိုင်ကကို Virus ဖြစ်နေတယ်ကွာ။ ကျွန်တော်လည်း အများကြီး ဖြစ်နေတယ်။ ဒါ ဘယ်သူ့ ကို သွားအားကိုးမလဲ။ ကျွန်တော်တို့ မီဒီယာတွေ မရှိတုန်းက ပထမဆုံး သတင်းစာလေး သွားထုတ်ခဲ့တယ်။ မီးချောင်းလေးနဲ့ ဖောက်ပြီး သွားလုပ်ခဲ့တာ။ အာရုဏ်ဦး သတင်းစာလေးပေါ့။ သတင်းစာတွေ အများကြီး ဖြစ်လာပြီး လွတ်လပ်လာပြီ ဆိုတော့မှ အခြားလူမျိုး တစ်မျိုးကို သတ်ဖြတ်ဖို့က Ethically က လက်မခံ နိုင်တာ။ မဲမပေးရင်နေ၊ မထောက်ခံရင်နေ၊ ခေါင်းဆောင် မဖြစ်ရင်နေ၊ ဒါ ကျင့်ဝတ်အရကို ကမ္ဘာကြီးက လက်ခံ မှာ မဟုတ်ဘူး။ ဒါကို ကျွန်တော် ပြောပါရစေ။


ကမ္ဘာ ကြီးမှာ ဗမာတစ်စုတည်း နေတာ မဟုတ်ဘူး။ ပီနန် ဆရာတော်ဘုရားကြီးက ကျွန်တော့်ကို ပြောတယ်။ ဒီကိစ္စတွေဖြစ်တော့ ဆရာတော်ကြီး စိတ်ညစ်တယ်။ နယူးယောက်စ်ကို ကြလာတုန်းက ကျွန်တော် ဆွမ်းကပ် တယ်။”မိုးသီးရေ မင်းတို့ဗမာတွေပဲ ရုပ်နဲ့နာမ် ရှိတာ မဟုတ်ဘူးကွ၊ ဘုရားဟောထားတဲ့ လူမျိုးတိုင်း ဘာသာတိုင်းအတွက် ဖြစ်တယ်”လို့ သူပြောတဲ့ စကား လေးတစ်ခု ဖြစ်တယ်။ ရခိုင်က ဒီကိစ္စတစ်ခုလုံးကို ပြန်ချုပ်ရရင် Empowerment မရှိလို့ဘဲ။ ကျွန်တော် ရခိုင် လူမျိုးတွေအတွက် တစ်ခါတစ်လေကျတော့ ခွကျတယ်။ ကနေဒါရောက်တော့ မွန်တွေနဲ့လည်း တွေ့တယ်။ သူတို့ ဘာတွေ ဆုံးရှုံးနေတာလဲဆိုတာ ဘာကို ဆိုလိုချင် တာလဲတောင် မသိကြဘူး။ ဘာလိုချင်တာလဲလို့တောင် မသိကြဘူး။ ရခိုင်ကို ရခိုင်ပဲ အုပ်ချုပ်စေချင်တာ။ ဒါပေမဲ့ သူတို့ ကြားချင်နေတာက ရိုဟင်ဂျာကို ကျယ်ကျယ်ဆဲတာ ကြားချင်နေတာ။ အဲ့ဒါကို ကျွန်တော် တို့ မဆဲနိုင်ဘူး။ ထောက်ခံရင် ထောက်ခံ မထောက်ခံရင် နေ။ယုံကြည်ချက်နဲ့ ပြောမယ့်ဟာက ရခိုင်ပြည်သူတွေ ကို ရခိုင်နဲ့ အုပ်ချုပ်ခွင့် ပေးပါလို့ ဒီအစိုးရကို ပြောတဲ့ ခေါင်းဆောင်က ကျွန်တော် တစ်ယောက်ပဲ ရှိတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဘယ်သူမှ ဒီစကား မပြော ရဲဘူး။ ကရင်ပြည်နယ်ကို ကရင် အုပ်ချုပ်ခွင့် ပေးပါလို့ ကျွန်တော်တစ်ယောက်ပဲ ပြောရဲသေးတယ်။ သမိုင်း တစ်လျှောက်လုံး ပြန်ကြည့်လိုက်ပါ။ ဒီလောက်ဆိုရင် ရှင်းမယ်ထင်တယ်။

ဒီ Issiue ကို Awareness အဖြစ်ဆုံးက မီဒီယာ ရယ် ဒီမိုကရေစီ အင်အားစုတွေ Confuse ဖြစ်နေတယ်။ ကင်တာနား Message ကို Confuse ဖြစ်နေတာ။ အင်္ဂလိပ်လို နားမလည်တာလား မသိဘူး။ ပြိုဆင်းလာ ရင် တံတိုင်းခတ်ရမယ်။ လက်ရှိတံတိုင်းက သေးတယ်။ ထပ်ခတ်ရမယ်။ ကျွန်တော် သမ္မတဖြစ်ရင်လည်း တံတိုင်းခတ်မှာပဲ။ တရုတ်ပြည်ဘက်လည်း ခတ်ရမယ်။ ဒါက အမျိုးသားလုံခြုံရေး ဖြစ်နေတယ်။ အထဲရောက်ပြီး သား မျိုးဆက် သုံးလေးငါးဆက်ဆိုရင် နိုင်ငံသား ပေးရမယ်။ သူ ဆိုလိုတာက အထဲရောက်ပြီးသား နိုင်ငံ သား သုံးလေးငါးဆက်ဆိုရင် မျိုးဆက် ပေးကို ပေးရ မယ်။ အဲဒီလိုမှ မပေးရင် မြန်မာအစိုးရ ပြဿနာ တက်မယ်။ မြန်မာပြည်သူတွေလည်း ထပ် ပြဿနာ တက်မယ်။ ကျွန်တော် က ကမ္ဘာကို ပတ်ပြီး ထွက်လာတဲ့ သူအနေနဲ့ အကြံပေး တာ။

ဒီကို အကြာကြီးပဲ ရောက်နေတဲ့ တရုတ်တွေရှိ တယ်။ ကျွန်တော့်သူငယ်ချင်း ဦးတရုတ်ကြီးတစ်ဦးရဲ့ သမီးဟာ ပြည်တွင်းစစ်ကြီးကြောင့် ကရင်သူပုန်တစ် ယောက်က တရုတ်ကြီးဆီ ပေးခဲ့တာ။ အမှန်တော့ သူက ကရင် လူမျိုး၊ အသားကလည်း ဖြူတယ်။ တရုတ်ကြီး ကလည်း မွေးစားထားတော့ တရုတ်ဖြစ်နေတာ။ အခု ကျွန်တော့်သူငယ်ချင်းက အခုအထိ နိုင်ငံသား မဟုတ် သေးဘူး။ FRC ဖြစ်နေတယ်။ ဒါကို လက်ခံမလား။ သူက နိုင်ငံခြားသား ဖြစ်သင့်လား မဖြစ်သင့်ဘူးလား။ Immigration Law 1982 နဲ့အညီ ပေးလိုက်ပါ။ အခုက မကျင့်သုံးလို့ ပြဿနာ ဖြစ်နေတာ။ ဥပဒေနဲ့ မညီဘူး ဆိုရင် ပြန်မောင်းထုတ်ရမှာပေါ့။ အခု ကျွန်တော်လည်း ဗမာနိုင်ငံသား အမေရိကန်နိုင်ငံသား ဖြစ်နေပြီ။ ဒီဥပဒေနဲ့ မကိုက်ရင် ကျွန်တော့်ကို ပြန်မောင်း ထုတ်ရမယ်။ အခု ကျွန်တော်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုရင် နိုင်ငံခြားသား ဖြစ်ခွင့်မရှိဘူး။ ရွေးကောက်ပွဲ ဝင်လို့ မရဘူး။ ကျွန်တော်လည်း ဗမာနိုင်ငံသား၊ ဗမာပြည်သူ တွေအတွက် တိုက်လာတာ။ ကျွန်တော့်မှာ အခု ဒီအခွင့်အရေး မရှိတော့ဘူး။ ဒီလောက်ဆိုရင် ရှင်းမယ် ထင်တယ်။

ကင်တားနားဆို လိုတာ အဲ့ဒီလို ဆိုလိုတာပါ။ ဂျင်နီဗာ ကွန်ဗင်းရှင်း အတိုင်း ပြောသွားတာပါ။ ဂျင်နီဗာ ကွန်ဗင်းရှင်းမှ တို့ဗမာတွေ မယုံတော့ဘူးဆိုရင် တော် တော်လေး ပြဿနာ ဖြစ်နေပြီ။ တစ်ပြည်လုံးမှားမယ့် အမှားကြီးပေါ့။ ဒါမျိုးက ဂျာမနီနာဇီအောက်မှာ ဂျာမနီ တစ်ပြည်လုံး မှားဖူးတယ်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်တွေ မှားသွားဖူးတယ်။ ဒါကို ဘာခေါ်လဲ ဆိုတော့ မက်စ်တစ်ရီးယားလို့ ခေါ်တယ်။ ဒါက အစုလိုက် အပြုံလိုက် ရူးသွားတာ။ အမှန်တရားကို မသိဘဲ ဖြစ်တတ်တယ်။ Information မှ မရတော့တာ။ Education ကလည်း စုတ်ပြတ်နေတယ်။ အဲလိုအနေ အထားမျိုးမှာ အမှန်တရားကို ပြောတာ။ ကင်တားနားက ဂျနီဗာ ကွန်ဗင်းရှင်းအရ ပြောနေတာ။ ဂျနီဗာ ကွန်ဗင်းရှင်း ကို ကုလသမဂ္ဂမှာ အကုန်လုံး လက်မှတ်ရေးထိုးထား တာ။ ဒါမှ လက်မခံဘူးဆိုရင် အလွန်အန္တရာယ်ရှိသွားပြီ။ ဒီဒုက္ခကို တို့လူထုကို အကျမခံနိုင်ဘူး။ ဒါကို အမုန်းခံ ပြီး ပြောရတော့မှာပါ။ Wake up! Burmese! မြန်မာတွေ နိုးလော့ ထလော့။ ကင်တားနား Message ကို ဘာသာပြန်မမှားဖို့ ပြောချင်တယ်။

အမေရိကန်လည်း Policy မျိုးစုံနဲ့ နာမည်ပျက်လိုက် ကောင်းလိုက်နဲ့ နေလာတယ်။ အမေရိကန်သုံးနေတဲ့ ရေနံ ရဲ့ (၆၄)ရာခိုင်နှုန်းက အရှေ့အလယ်ပိုင်းက သွင်းနေတာ။ သူက အဲဒီနေရာကို အလွတ်မခံနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကိစ္စမှာ Model Issue လိုပဲ ဖြစ်နေတယ်။ ပါးစပ်နဲ့ဘဲ ထောက်ခံသလို ဖြစ်နေတယ်။ အဲဒီလိုအနေ အထားပဲ။ အခု အဲလိုအနေအထားက မပိုသေးပါဘူး။ မြန်မာပြည်ကို အကျိုးစီးပွားအတွက် သူက စိတ်မဝင် စားသေးပါဘူး။ အချို့လည်း သုံးသပ်နေကြတယ်။ တရုတ်ရဲ့ Power ဘယ်လိုဆိုလဲ သုံးသပ်ကြတယ်။ ဒါကို ကျွန်တော် အင်တာဗျူးလုပ်ထားတာ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော့်ဘလော့ခ်မှာ တင်ထားတယ်။ မြန်မာပြည်ကို အမေရိကန်က မဟာ ဗျူဟာကျကျ စိတ်မဝင်စားသေးဘူး။ စိတ်ဝင်စားရင် လစ်ဗျားကို အမေရိကန် ဘယ်လို ဝင်သွားလဲ။ Model Issue ဖြစ်နေလို့ ကြည့်နေတာ။ ဒီဒေသကို အချိန်မရွေး ဝင်လာလို့ ရတယ်။ သူဝင်လာရင် ဘယ်သူမှ မတား ရဲဘူး။ ကြည့်နေတဲ့အတွက် အေးအေးဆေးဆေး စောင့်နေတာ။ သူဝင်လာရင် တရုတ်က မကန့်ကွက် ရဲဘူး။ သူဝင်လာရင် Share ပြီးစားမှာ။

ကမ္ဘာကြီး သွားနေတဲ့လမ်းကြောင်းက Multi-culture သွားနေတာ နိုင်ငံတိုင်းမှာ လူမျိုးစုတွေ မတူကွဲ ပြားတဲ့ ဘာသာတရားတွေ ရှိတယ်။ တစ်ယောက်တည်း သွားလို့ မရတော့ဘူး။ နိုင်ငံတိုင်းမှာ မူဆလင်၊ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန် အဲ့လိုပြဿနာတွေ နိုင်ငံတိုင်းမှာ ဖြစ်နေတယ်။ နိုင်ငံသား တစ်ခုတည်း ရပ်တည်လို့ မရတော့ဘူး။ရှေ့လျှောက် ပိုခက်လာပြီ။ အချို့က ကမ္ဘာကြီးက ရွာလေးတစ်ခု ဖြစ်လာတယ်ဆိုပြီး ဥပမာ ကျွန်တော့်ရဲ့Identity တွေကလည်း Multi-identity ဖြစ်လာပြီ။ ကျွန်တော်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ သူပုန်၊ တောထဲမှာ တိုက်လာတယ်။ အမေရိကန် ရောက်သွားတယ်။ အမေ ရိကန်နိုင်ငံသားဖြစ်လာတယ်။ စသဖြင့် Identity တွေ ပြောင်းလာတယ်။ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး အချို့ဆိုလည်း ကနေဒါနိုင်ငံသား ဖြစ်လာတယ်။ ထိုင်း စင်္ကာပူတို့လည်း များလာပြီ။ စင်္ကာပူနိုင်ငံသား ဂျပန် နိုင်ငံသား တစ်ခုတည်းနဲ့ ရပ်တည်လို့ မရတော့ဘူး။ ပညာတစ်ဘာသာတည်းနဲ့ ရပ်တည်လို့ မရတော့ဘူး။ အခု မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံသားဖြစ်လည်း Local ကို သူပြန်လာမယ်လုပ်မယ်၊ Co-operation တွေလည်း စီးပွားရေးအရ တက်လာတော့မယ်။ ဒါဆိုရင် ထိုင်းတွေက အဆင်သင့်ဖြစ်နေပြီ။ မြန်မာဒုက္ခသည် ငါးသန်းကို လက်ခံထားတယ်။ တို့က ရိုဟင်ဂျာ ရှစ် သိန်းကို Allergy ဖြစ်နေတယ်။ မြန်မာတစ်ပြည်လုံးကို ပျောက်တော့မလိုလိုပေါ့ကွာ။

ကျွန်တော်တို့ မြန်မာတွေက နိုင်ငံရေးအခြေအနေတောင် မသိကြဘူး။ မသိတာကလည်း ကိုယ်ကိုယ်တိုင်လည်း မသိချင်တာ တွေလေ။ အနာဂတ်ကို ဒီအတိုင်းသွားရင် Financial ကလည်း အရမ်းအားနည်းတယ်။ Micro economics မှာလည်း Stable မရှိဘူး။ Banking system ကလည်း ဂျမ့်ဖြစ်နေတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ကို တည်ဆောက်ရတဲ့ ပြည်သူတွေက လုံးဝကို Zero ဖြစ်သွားပြီ။ လုပ်စရာနှစ်ခုပဲ ရှိတယ်။ တစ်ခုက မြေကြီး၊ တစ်ခုက Education လည်းမရှိဘူး။ မြေကြီးနဲ့ လုပ်ဖို့က ကျွန်တော်တို့ လက်ထဲမှာ ဘာမျှ မရှိဘူး။ နောက် ငါးနှစ် ဆယ်နှစ် ဗမာရဲ့ အနာဂတ်က မသေချာ ဘူး။ ဒီကြားထဲမှာ Energy မရှိဘူး။ သူတို့သုံးနေတဲ့ Energy က Diesel နဲ့မောင်းနေတာ။ စက်ရုံကြီးတစ်ရုံ တည်ဆောက်နိုင်ဖို့ လျှပ်စစ်မဟုတ်ဘူး။ လိုအပ်လို့ အလုပ်သမား နှစ်သောင်း သုံးသောင်းနဲ့ စက်ရုံကြီး တည်ဆောက်ရင် ဒီရပ်ကွက်က လူထုက ပြန်မှောင် သွားမှာပဲ။ အရင်ကလို ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြန် ပြရမှာပဲ။ ဒီဘက်ကို ပေးရတော့ ဟိုဘက်ကို မလုပ် နိုင်ဘူး။ သေးသေးလေးတွေပဲ လုပ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ တည့်ဖို့ လိုတယ်။ ပြီးတော့ ၈၈ အားလုံး တက်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် Exclusive လုပ် လို့မရဘူး။ အဲ့ဒါတွေ အားလုံးက နောက်ထပ် အုံကြွဖို့ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ မဟာဗျူဟာကတော့ ဦးသိန်းစိန်ကို အကူအညီပေးဖို့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေ အလုပ်တွေရဖို့၊ လူငယ်တွေ Stable ဖြစ်ဖို့၊ အလုပ်တွေ ပြန်လုပ်ဖို့ လာခဲ့တာ။
Rohingya Exodus