နောက်ဆုံးသတင်း/ဆောင်းပါးများ



SBS မြန်မာပိုင်း
29.1.2015

U Rashid မြန်မာ ရိုဟင်ဂျာ လူမျိုးစု အဖွဲ့ရဲ့ အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်ပြီး၊ ၎င်းက သြစတြေးလျ မှာ နေထိုင် နေကြတဲ့ ရိုဟင်ဂျာတွေ အကြောင်း ရှင်းပြထား ပါတယ်။







RFA မြန်မာပိုင်း
8.1.2015

အမေရိကန် နိုင်ငံ အခြေစိုက် Open society ပွင့်လင်း လူ့ဘောင် ရံပုံငွေ အဖွဲ့ကို တည်ထောင် ထားတဲ့ သန်းကြွယ် သူဌေး ဂျော့ဆိုးရော့နဲ့ ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်တို့ ပြီးခဲ့တဲ့ ဇန်နဝါ ရီလ ၆ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ် အတွင်း လူမျိုးစုတွေ အတူပူးတွဲနေ ထိုင်နိုင်ရေးနဲ့ ပြည်နယ် ဖွံ့ဖြိုး ရေးကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

ဦးရွှေမောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ် မေးမြန်း ထားပါတယ်။




ဘီဘီစီမြန်မာပိုင်း
3.7.2014

အခု လတ်တလော မန္တလေးမှာ ဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ဆူပူ တိုက်ခိုက်မှု မျိုးဟာ အခုမှ စဖြစ်တာ မဟုတ်ပါဘူး။

အရင်ကလည်း ရခိုင်ပြည်နယ်နဲ့ နိုင်ငံအတွင်းက မြို့ကြီးတချို့မှာ ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုချိန်ထိ မထိန်းနိုင်တာ ဘာကြောင့်ပါလဲ။ မန္တလေးက စာရေးဆရာ ဦးကျော်ရင်မြင့်ကို မေးကြည့်ပါတယ်။

(ဓါတ်ပုံ - Reuters)


RB News
19.6.2014

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Kyung-wha Kang ၏ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း တွေ့ရှိခဲ့မှုများနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ဦးဖေသန်းနှင့် ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် တို့ကို ဗွီအိုအေ မြန်မာပိုင်းက ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် မေးမြန်းထားသည့် အသံဖိုင်ကို အောက်တွင် နားထောင် နိုင်ပါသည်။ 





သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့၏ ဌာနေ ကိုယ်စားလှယ်ကို ဗွီအိုအေ မြန်မာပိုင်းမှ တွေ့ဆုံ မေးမြန်းထားသည်။ သန်းခေါင်စာရင်း ကောက်ခံရခြင်း အကြောင်းရင်းနှင့် ရိုဟင်ဂျာ လူမျိုးဟု ဖြည့်ခွင့် ရှိ/မရှိကို ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။ 




RB News
21.2.2014

ဒုချီရားတန်းရွာမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရိုဟင်ဂျာအမျိုးသမီးတွေကို စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့က တွေ့ဆုံ မေးမြန်း ထားတာ ဖြစ်ပါတယ်။

အပြည့်အစုံကို မကြာမှီ ရက်ပိုင်း အတွင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ စာရိုက်ပြီးပါ တင်ပေးပါမယ်။





ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရာတန်းရွာမှ ဒေသခံ တစ်ဦးဖြစ်သည့် ကိုတင်မောင်ဝင်းကို ဘီဘီစီမြန်မာပိုင်း အစီအစဉ်မှ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စုံစမ်းရေး ကော်မရှင် လာရောက် မေးမြန်းခြင်းနှင့် ပတ်သက်၍ မေးမြန်းထားသည်ကို အောက်ပါ အသံဖိုင်တွင် နားထောင်နိုင် ပါသည်။




RB News
8.2.2014

ဘာသာပြန်ဆိုသူ - O'Laie Manzu



DVB က ဗြိတိသျှ သံအမတ် ကြီးနဲ့ တွေ့ဆုံ မေးမြန်း ခဲ့စဉ်မှာ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ခဲ့တာ ကို ဘာသာပြန် ပေးပါလို့ တောင်းဆို လာသူတွေ အတွက် အမေး အဖြေ သုံးခုကို ဘာ သာပြန် ပေး လိုက် ပါတယ်။ ဒီတစ်ခေါက်တော့ Sub Title ပါထိုးပေး လိုက်တယ်။

မေး။ ရိုဟင်ဂျာ မွတ်စလင် တွေကို ညှဉ်းပန်း နှိပ်စက် နေတာနဲ့ ပတ်သက်ပြီး အာရ်ကန် ပြည်နယ်က အခြေ အနေတွေ အပေါ် UK က ပွင့်ပွင့် လင်းလင်း ပြောဆို နေပါတယ်။ မကြာသေးမှီက မောင်းတောမှာ အကြမ်း ဖက် မှုတွေ ထပ်ဖြစ် ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။ 

ဖြေ။ ကျနော် တို့နဲ့ ယူအက်စ် သံရုံး တွေက ကြေညာချက် တစ်စောင် သောကြာနေ့က ထုတ်ခဲ့တာ ဆို တာ တွေ့ပြီးလောက် ပြီပေါ့။ ရရှိတဲ့ သတင်း အချက် အလက်တွေ ထောက်ကြည့်ပြီး ကျနော်တို့ စိုးရိမ်မိ ပါတယ်။ အဲဒီမှာဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မသိရ သေးဘူး။ အဲဒီမှာ ဘာဖြစ် သ လဲ ဆိုတာကို ရှင်းရှင်း လင်းလင်း သိရဖို့ အစိုးရကို စုံစမ်း စစ်ဆေး ပေးဖို့ တိုက်တွန်း ထားပါတယ်။ ကျနော် ထင်တာ ကတော့ ရခိုင် ပြည်နယ် တစ်ခုလုံးကို ခြုံကြည့်ရင် ပထမဆုံး အဆင့် ကတော့ လုံခြုံရေး ရှိဖို့ပါဘဲ။ ဒီလို အကြမ်းဖက် မှုတွေ ထပ်ပြီး မဖြစ်ဖို့ဘဲ။ ဒါက အစိုးရရဲ့ တာဝန် ဖြစ်တယ်။ဒီလို အကြမ်းဖက် မှုတွေ ထပ်မဖြစ်အောင် လုံခြုံမှု ရှိဖို့ အတွက် အစိုးရက အာမခံ ဖို့လိုတယ်။ နောက်ထပ် အရေးကြီးတဲ့ အ ချက် တစ် ခု ရှိတယ်။ ဒါကတော့ ခရစ္စမတ် မတိုင်ခင် ကျနော် ကိုယ်တိုင် ရခိုင် ပြည်နယ် ရောက်တုန်း က တွေ့ခဲ့တာပါ။ အဲဒါ ကတော့ လူသားချင်း စာနာ ထောက်ထားတဲ့ ကူညီမှုတွေ ပေါက်ရောက် နိုင်ဖို့ဘဲ။ တချို့ ပြည်တွင်း ပြောင်းရွှေ့ နေရာ ချထားခြင်း ခံရသူ တွေက အရမ်း ခက်ခဲတဲ့ အခြေ အနေ တွေမှာ နေ ထိုင် နေရတယ်။ သူတို့ဆီကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူ အညီတွေ ရောက်ဖို့ အလွန်ဘဲ အရေးကြီးတယ်။ အသိုင်း အဝိုင်း တစ်ခု အပေါ်ကို အခြား အသိုင်း အဝိုင်း တစ်ခုထက် ပိုပြီး အသာပေး ကူညီ နေတယ် ဆိုတဲ့ နားလည်မူ လွဲမှားတာတွေ ရှိတယ်လို့ ကျနော် ထင်တယ်။ ဒီအင်တာဗျူး ကနေ တဆင့် လူတွေကို ပြောချင်တာ ကတော့ အပြည်ပြည် ဆိုင်ရာ အထောက် အပံ့ တွေက အမှန် တကယ် လိုအပ်တဲ့ သူတွေ ဆီကို ရောက်ဖို့ ပါဘဲ။ ဒါကြောင့် ဒီအကူ အညီ တွေက စခန်းတွေ ထဲမှာ အပြင် မထွက်ရ သူတွေ၊ အလုပ် လုပ်ပြီး ငွေရှာလို့ မရသူတွေ ဆီကို ဦးတည် ပါတယ်။ နောက်တစ်ခုက အစိုးရ က လည်း ဒီ လူသားချင်း စာနာ ထောက်ထားတဲ့ အကူ အညီတွေ ရောက်ရှိဖို့ အတွက်ကို အာမ ခံချက် ပေး ဖို့ လိုပါတယ်။ နောက်ဆုံး တစ်ခုကတော့ ဒီရခိုင် ဒေသမှာ ရှိတဲ့ လူ့အသိုင်း အဝိုင်း တွေရဲ့ အနာဂါတ် ကိစ္စဘဲ။ ကျနော်တို့ ကတော့ အစိုးရက နိုင်ငံသား စီစစ်ရေး ကိစ္စ တွေကို ရှေ့ဆက်တိုး ကိုင်တွယ်ဖို့ တိုက် တွန်း နေ ပါတယ်။ နိုင်ငံသား ရထိုက်တဲ့ သူတွေ နိုင်ငံသား ရကြပြီး သူတို့ရဲ့ နိုင်ငံသား အခြေ အနေတွေ ရှင်း ရှင်း ဖြစ်သွား လိမ့်မယ်။

မေး။ ရိုဟင်ဂျာ တွေက ဒီမှာ ရှိနေ ခဲ့တယ် ... တစ်ချို့ ဆိုရင် မျိုးဆက် အလိုက် ဒီမှာ နေလာ ခဲ့တယ် ... တချို့ ကတော့ ကိုလိုနီ ခေတ်က ဗြိတိသျှ ခေါ်လာ ခဲ့တယ်။ ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ဖို့ အတွက် ကို ထောက်ခံ သလား။

ဖြေ။ အစိုးရ ပြောတာ ကတော့ သူတို့က ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ကိုဘဲ ကျင့်သုံးမယ် ဆိုတာ။ ကျနော် နားလည် တာက ဒီမှာ မျိုးရိုး စဉ်ဆက် အတိုင်း အတာ တစ်ခု အထိ နေထိုင် ခဲ့တယ် ဆို ရင် နိုင်ငံသား ဖြစ်ပိုင်ခွင့် ရှိတယ်။ ကျနော့် အမြင်နဲ့ ကျနော်တို့ သုတေသန ပြုထားတဲ့ အရ ဆိုရင် ဒီဥပဒေ အရ ကိုဘဲ ရိုဟင်ဂျာ အများစုက နိုင်ငံသား ဖြစ်ခွင့် ရှိနေတယ်။ ဒါပေမယ့် အစိုးရက ဘယ် သူ တွေ က နိုင် ငံသား ဖြစ်ခွင့် ရှိပြီး ဘယ်သူတွေ ကတော့ မဖြစ်သင့်ဘူး ဆိုတာ စီစစ်ဖို့ လိုတယ်။ ဒါပေမယ့် ခင် ဗျား ပြောတာကို ကျနော် သဘော တူတယ်။ ရခိုင် ပြည်မှာ မွတ်စလင် ထုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း များ စွာ (များစွာ) ကတည်းက နေလာ ခဲ့တယ်။ ကျနော်တို့ သုတေသန လုပ်ပြီးပြီ။ တကယ်တော့ ၁၉ ရာစုနှစ် အစပိုင်း လောက်မှာ ဗြိတိသျှတွေ အဲဒီကို ပထမဆုံး အကြိမ် ရောက်တုန်း ကတည်းက အဲဒီမှာ မွတ်စ လင်ထု တော်တော်လေးကို ရှိနေ ပြီးသား။ အခု ပြောနေတဲ့ အဲဒီမှာ ရှိတဲ့ လူတိုင်းက တရား မဝင် ခိုးဝင်လာ သူတွေ ဆိုတာကြီး ကတော့ မမှန် ပါဘူး။ ကျနော်တို့ လက်မခံ ပါဘူး။

မေး။ ရိုဟင်ဂျာ ကိစ္စ ကတော့ လျစ်လျူရှု့ ထားလို့ မရပါဘူး။ လူတွေ ကလည်း အမျိုးမျိုး ထင်ကြေး ပေးနေ ကြတယ်။ ဒီကိစ္စကြီး ပြေလည်ဖို့ အတွက် ဗြိတိန် အနေနဲ့ ပါဝင် ပေးနိုင်တဲ့ အခန်း ကဏ္ဍမျိုး ရှိပါသလား။

ဖြေ။ အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း ကတော့ အစိုးရကို ထောက်ပံ့ ကူညီ ပေးလို့ ရတယ်။ လုံခြုံရေး လို ကိစ္စ မျိုးကို ကိုင်တွယ်ဖို့ အတွက် အစိုးရကို တိုက်တွန်း လို့ရတယ်။ ပြောင်းရွှေ့ နေရာ ချ ထားခြင်း ခံရ တဲ့ သူတွေ အသက်ရှင် နေထိုင် နိုင်ဖို့ အတွက် အကူ အညီတွေ ပေးလို့ ရတယ်။ ရခိုင် ပြည်နယ်က လူတွေ ရဲ့ ရေရှည် အခြေ အနေ အတွက် အစိုးရနဲ့ လက်တွဲ လုပ်ဆောင်လို့ ရတယ်။ အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း ကူလုပ်ပေး နိုင်တာတွေ ရှိတယ် ... ဒါပေမယ့် အမှန် တကယ် ကတော့ မြန်မာ အစိုးရက အဲဒီ ကိစ္စ တွေကို ကိုင်တွယ်ဖို့ အတွက် တာဝန် အရှိဆုံး ဖြစ်တယ်။

Video Copyright: DVB English



ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြည်ခိုင်ဖြိုး ပါတီ ရုံးချုပ်သို့ လာရောက် တွေ့ဆုံပြီး ဒီဗွီဘီနှင့် တွေ့ဆုံ မေးမြန်း ခဲ့သည် များနှင့် ပတ်သက်၍ မေးမြန်း ခဲ့ကြောင်း RFA မြန်မာပိုင်း အစီအစဉ်သို့ ပြောကြား ခဲ့သည်။ ပြောကြားချက်များ အပြည့်အစုံကို အောက်ပါ ဗီဒီယို တွင် ရှုစားနိုင် ပါသည်။ 


(ဓါတ်ပုံ - MOI)

ဇန်န၀ါရီလ ၂၈ ရက်နေ့ ည ၈ နာရီခွဲ ခန့်တွင် ဒုချီရာတန်း အနောက်ရွာ၌ ဖြစ်ပွား ခဲ့သော မီးရှို့မှုနှင့် ပတ်သက်၍ ဒီမိုကရက်တစ် မြန်မာ့ အသံမှ ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို မေးမြန်း ထားသည်ကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှု နိုင်ပါသည်။ 




Rohingya Exodus